လယ်ယာမြေဥပဒေနဲ့ ညီညွှတ်မှုမရှိဘဲ ဆောင်ရွတ်နေတာတွေကို ကွင်းဆင်းစိစစ်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွတ်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းစိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကပြောပါတယ်။
စိုက်ပျိုးလယ်ယာမြေတွပေါ်မှာ ဥပဒေနဲ့ ညီညွှတ်မှုမရှိဘဲ အခြားနည်းနဲ့ အသုံးပြုခြင်းမြေဖို့ခြင်း၊ အကွက်ရိုက်ရောင်းချခြင်း အဆောက်အအုံဆောက်လုပ်ခြင်းတွေကို ဥပဒေနဲ့ အညီ ထိန်းချုပ်တားဆီး ပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
လယ်ယာမြေဥပဒေနဲ့ ညီညွှတ်မှုမရှိဘဲ လုပ်နေတာတွေကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က သေချာကွင်းဆင်းစစ်ဆေးပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု ကနေတဆင့် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဥပဒေနဲ့အညီ ဆောင်ရွတ်သွားဖို့နည်းလမ်းတွေချမှတ်ပြီး မြို့နယ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကို ဆက်လက်ညွှန်ကြားသွားမယ်လို့ ဒေါက်တာစိုးသန်းကပြောပါတယ်။
လယ်ယာမြေကို ဥပဒေနဲ့ ညီညွှတ်မှုမရှိဘဲ လုပ်ဆောင်မယ်ဆိုရင် ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေပုဒ်မ ၁၉ (က) အရ သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း ၊ ၁၉ (ခ)အရ သတ်မှတ်တဲ့ နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွတ်စေခြင်း ၊၁၈ (ဂ)အရ လယ်ယာမြေပေါ်က နှင်ထုတ်ထိုက်သူတွေကို နှင်ထုတ်ခြင်း၊၁၉ (ဃ)အရ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားခြင်းတွေနဲ့ ပုဒ်မ ၃၅ အရ တရားစွဲဆိုခြင်းတွေနဲ့ အရေးယူဆောင်ရွတ်ရတယ်လို့ သိရပါတယ်။
ကော်ဖီခြံ ၊ပိုးစာခြံ၊မြေလွှတ်မြေရိုင်းနဲ့ လယ်မြေ၊ယာမြေများပေါ်မှာ စည်းကမ်းဥပဒေမဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး မြေလွတ်မြေလပ်နဲ့ မြေရိုင်းဖြစ်ပါက ၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်နဲ့ မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရလည်းကောင်း၊လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွတ်နေတယ်လို့ မန္တလေးတိုင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကပြောပါတယ်။
Credit: The Kumudra