စက်မှုဇုန်လို့ ဆိုလိုက်တာ နဲ့ မြို့ပြင်တစ်မျှော်တစ်ခေါ် လယ်ကွင်းကျယ်ကြီးထဲမှာ ဟိုနား မှာ ဂိုဒေါင်တစ်လုံး
၊ဒီနားမှာ စက်ရုံ တခု ၊ ခြံစည်းရိုးကာတဲ့ အကွက်က ကာ ၊ ဆောက်လက်စ အဆောက်အအုံက ဆောက်နဲ့
ဒီလိုရှုခင်းရှုကွက်တွေ က ဆယ်စုနှစ်နှစ်ခုကျော် ကြာမြင့်လာတဲ့ ယနေ့အချိန်ထိတော့ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပါဘူး။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အတိုင်းလို့တောင်ပြောလို့ရပါတယ် ။
စက်မှုဇုန်ဆိုတဲ့ ဇတ်လမ်းအစကို ပြန်ဆွဲထုတ်ကြည့်လိုက်ရင် အိုးအိမ်ကနေ သူ့အစီအစဉ်နဲ့ ဖော်ထုတ်ပြီး
နေရာချထားပေးတဲ့ စက်မှုဇုန်တွေ ရှိသလို အိုးအိမ်ဆီက လယ်မြေတွေကို တစ်ဧကဘယ်လောက်နှုန်းဆိုပြီး ဈေးဖြတ် ပြီး လမ်းတွေ ၊ ရေမြောင်းတွေ ၊ မကွက်တွေကိုကုမ္မဏီ ပိုက်ဆံနဲ့ ရင်းနှီးမြုပ်နှံပြီးမှ မကွက်တွေကိုပြန်ပြီး နံပါတ်တပ် အစီအစဉ်တကျ အကွက်ချပြီးအပြင်ကို ပြန်ရောင်းစားရတဲ့ စက်မှုဇုန်တွေလည်း ရန်ကုန်မှာ အများအပြား ရှိနေပါတယ် ။
ဘယ်ကုမ္မဏီဆီကဘဲ စက်မှုဇုန်မြေကို ၀ယ်ထားဝယ်ထား အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ အိုးအိမ်ဦးစီးဌာနမှာဘဲ နောက်ဆုံး အဆင့် မြေဌားစာချုပ် ဂရန်ထုတ်ယူရတဲ့ စနစ်နဲ့လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။ဒီလိုစက်မှုဇုန်တွေထဲမှာ မြေကွက်လွတ်တွေ ထာင်နဲ့ ချီဖြစ်လာတယ် ဆိုတဲ့ ဇတ်လမ်းဇတ်ကွက်ကလည်းအုပ်ချုပ်သူ လူကြီးလူကောင်းတွေ မကြာခဏ အပြောင်းအလဲ လုပ်တိုင်း မူတွေ ခဏခဏပာင်းကြတဲ့ အတွက် ပေါ်ပေါက်လာတဲ့ အကျိုး ရလာဒ် တွေဘဲ ဖြစ်ပါတယ်။
စက်မှုဇုန်တွေကိုမြို့သစ်တွေနဲ့ အပြိုင် ဖော်ထုတ်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး စတင်ဖော်ဆောင်ခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာလှိုင်သာယာ မြို့နယ်ထဲက ဇုန်မြေတွေကို တကယ်လုပ်ချင်တဲ့ လူတွေ လက်ထဲရောက်အောင်လို့သတ်မှတ်ငွေသွင်းပြီးတာ နဲ့ မပိုင်ဆိုင်မှု နဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေကို အကြမ်းထည်လာက်ထုတ်ပေး စက်ရုံ အလုပ်ရုံ ဆာက်ပြီးမှ မဂရန်မူရင်းကိုအပြီးသတ် ထုတ်ပေးတဲ့ စနစ်ကိုကျင့်သုံခဲ့ကြတာဖြစ်ပါတယ် ၊ အကျိုးဆက်ကြောင့် ၁၉၉၅ ကနေ ၂၀၀၂ ခုနှစ်အတွင်းဖော်ထုတ်ခဲ့တဲ့ စက်မှုဇုန်တွေမှာ စက်ရုံအလုပ်ရုံ တွေ ၊ အလုပ်တက် အလုပ်ပြန် လုပ်ကြတဲ့ ကားတွေ ၊လူတွေနဲ့ စည်ကားနေတာဖြစ်ပါတယ် ။
အထူးသဖြင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း ဖော်ထုတ်မြေနေရာချထားပေးတဲ့ စက်မှုဇုန်တွေမှာတော့ဒီလိုစည်ကားမှု မျိုးကို မတွေ့မြင်ရတော့တာ အဖြေရှာဖို့ လိုလာပါပြီ ၊ ဒဂုံတောင်စက်မှုဇုန်တွေလှိုင်သာယာက စက်မှုဇုန်အချို့မှာ စက်ရုံ အများအပြားနဲ့ စည်ကားပြီး အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အတွက်
အလုပ်အကိုင်အခွင့် အလမ်းတွေဖန်တီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့စက်မှုဇုန်တွေမှာတော့ ဘုရားစူးစက်မှုဇုန် အမည်ခံ လယ်ကွင်းလယ်ကွက်တွေ အများကြီး လက်ညိုးထိုးမလွဲ မြင်နေရဆဲဖြစ်ပါတယ် ။
စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး ကုန်ထုတ်စွမ်းအား မြင့်မားလာစေဖို့ ၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုများပြားစွာ ဖန်တီးလာနိုင်စေဖို့ ဆိုတဲ့ ခတ်အဆက်ဆက် အစိုးရတွေရဲ့ရည်ရွယ်ချက် ကာင်းတွေနဲ့ဖော်ထုတ်ခဲ့တဲ့ စက်မှုဇုန်တွေဟာ ၂၀၀၃ ခုနှစ်မှာတော့ စက်မှုဇုန်မြေဂရန်ထုတ်ပေးတဲ့ဌာနကြီးတစ်ခုရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ၊ မူဝါဒ အပြောင်းအလဲ ကြောင့် အခု ထိမိုးတွင်းလယ်ကွင်းတွေ ကြားထဲမှာ ရေမြုပ်နေတဲ့ မြေကွက်လွတ် ထောင်ပေါင်းများစွာကသက်သေဘဲ ဖြစ်ပါတယ် ။
စက်မှုဇုန်မြေကို ဖော်ထုတ်ပြီး လုပ်ငန်းရှင်လက်ဝယ်ကို မြေကွက်အပ်ပြီးတာ နဲ့ တစ်ခါတည်းမြေဂရန်ထုတ်ပေးလိုက်တဲ့ စနစ်ကို ပြောင်းလဲလိုက်တဲ့ မူဝါဒ ဖြစ်ပါတယ်။ စာရွက်စာတမ်းအဆင့်ဆင့်လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ကျော်ဖြတ်ရလို့ လုပ်ငန်းရှင်တွေ ၊ စက်ရုံပိုင်ရှင်တွေအပိုကုန်ကျစရိတ်သက်သာအောင် ၊ အလုပ်ရှုပ်သက်သာအောင်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ဖြေလျော့ပေးခဲ့လိုက်တာ ဖြစ်ပေမယ့် ဒီ ရည်ရွယ်ချက်ကောင်းတွေ ပ်ါမှာ စက်ရုံ အလုပ်ရုံ မလုပ်တဲ့ပြင်ပစီးပွားရေးသမားတွေ ၀င်ပြီး အမြတ်ထုတ်ခဲ့တဲ့ အကျိုးဆက်ကို ယနေ့ထိ နိုင်ငံတော်ကောပြည်သူတွေ ပါခံစားနေရတာ ဖြစ်ပါတယ်။
စက်မှုဇုန်မြေတွေ လုပ်ဖို့ဆိုပြီး ရန်ကုန်မြို့ပတ်ဝန်းကျင်က လယ်ဧကပေါင်း ထောင်နှင့်ချီကနိုင်ငံတော်က သိမ်းယူခဲ့တဲ့ အတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကို အတိုင်းအတာ တစ်ခု အထိ ထိခိုက်နစ်နာရသလို လယ်သမားမိသားစု တွကိုလည်း ထိခိုက်ခဲ့ပါတယ် ၊ ဒီမြေတွေပေါ်မှာ သာ အမှန်တကယ်
စက်မှုဇုန်တွေဖြစ်လာခဲ့ရင် အလုပ်လက်မဲ့ ဖစ်သွားတဲ့ လယ်သမား မိသားစုတွေ အလုပ်အကိုင်အခွင့်အလမ်းပြန်လည်အဆင်ပြေလာမှာ ဖစ်သလို ပြည်သူတွေလည်း အလုပ်တွေ ကိုယ်စီရကြမှာဖြစ်တဲ့ အတွက်မုဒိတာပွားနိုင်စရာ ဘဲ ဖစ်ပါတယ်။
ဒါပေမယ့် လည်း ယနေ့အချိန်ထိ ထာင်နဲ့ချီတဲ့ စက်မှုဇုန်မြေကွက်လွတ်တွေ ကြောင့်နိုင်ငံတော်အတွက်လည်း စက်ရုံ အလုပ်ရုံ မဆောက်လုပ်ကြတဲ့ အတွက် အခွန်ဘဏ္ဍာမရသလို ၊ ပြည်သူတွေ ၊မသိမ်းဆည်းခံခဲ့ရတဲ့ လယ်သမား မိသားစုတွေ အတွက်လည်း ဘာမှ အကျိုးရလာဒ်ထွတ်ပေါ်လာခြင်း မရှိပါဘူး ၊ မြွေပါလည်းဆုံး သားလည်းဆုံး ဇတ်လမ်းဇတ်ကွက်ဖြစ်နေပါတယ်။ ရန်ကုန်မှာ စက်မှုဇုန် ၂၉ ဇုန် ရှိပေမယ့်လည်း အမှန်တကယ် အလုပ်လုပ်နေတဲ့ စက်မှုဇုန်ကတော့
လက်ဆယ်ချောင်း မပြည့်တာ တာ့ သချာနေပါပြီ ၊ အားလုံးကောင်းဖို့ အတွက်လည်းအဖြေတစ်ခု ထုတ်ဖို့လိုလာပါပြီ ။နိုင်ငံတော်နဲ့ ပည်သူတွေ အတွက် ဒီမြေကွက်လွတ်တွေ က အကျိုး မရှိပေမယ့် လည်းအိမ်ခြံမြေ ဈးကောင်းတဲ့ အချိန်တွေ ကို ဖြတ်သန်းခဲ့ရတာကြောင့် စက်မှုဇုန်မြေတွေပါ
ဈေးတွေ လိုက်တက်လာတဲ့ အတွက် စက်ရုံမဆောက်ဘဲ မြေကွက်ကိုင်ထားတဲ့ ဘိုးတော်ဘွားတော်တွေ
အချီကြီးပိုက်သွားတဲ့ ဖြစ်စဉ်တွေကတော့ မကြားချင်မှ အဆုံးဖြစ်ပါတယ် ၊ ဒီမြေကွက်ပိုင်ရှင်တွေကိုစုံစမ်းကြည့်မယ်ဆိုရင်လည်း မြေတစ်ကွက်ထဲကို အရောင်းအ၀ယ် လုပ်လာခဲတာ အဆင့်ဆင့် ဖြစ်တဲ့အတွက် ဆက်စပ် စာချုပ် ပါင်းများကို တွ့မြင်ရမှာဖြစ်ပါတယ် ။
၁၉၉၅ ခုနှစ် မှာ စက်မှုဇုန်မြေတစ်ဧက အတွက် အစိုးရ သွင်းဈေး ၄၅ သိန်းကနေ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ တစ်ဧက ကျပ်သိန်း တစ်ရာကျော် နှုန်းနဲ့ ပေးသွင်းခဲ့ရပေမယ့်လည်း ယနေ့ပေါက်ဈေးအရ လှိုင်သာယာ ၊ မင်္ဂလာဒုံက အထင်ကရ စက်မှုဇုန်တွေက သွားရေလာရေး လွယ်ကူတဲ့နေရာ ၊ အကွက်အကွင်းကောင်းတဲ့ နေရာတွေဆို တစ်ဧကကွက်ကို ကျပ်သိန်း ၅၀၀၀ လာက်ထိအရောင်းအ၀ယ်ဖြစ်နေပါပြီ ။ စက်မှုဇုန်မြေကွက်ကိုင်ထားတဲ့ လူတွေရဲ့ အမြတ်အစွန်းကိုသာမာန်မူလတန်းကလေးတောင် ခန့်မှန်းတွက်ချက်လို့ ရနေပါပြီ။
အခြေခံအဆောက်အအုံ တွေ ချို့ယွင်းအားနည်းတဲ့ အပြင် စီးပွားရေးအင်အား နည်းပါးတဲ့နိုင်ငံရဲ့ပကတိအခြေအနေ လုပ်ငန်းရပ်တည်ဖို့ အနိုင်နိုင် ရုန်းကန်နေရတဲ့ ပြည်တွင်းက စက်ရုံပိုင်ရှင်တွေအနေနဲ့လည်း စက်မှုဇုန်မြေတစ်ဧကို ကျပ်သိန်း ငါးထောင်လောက် ၀ယ်ပြီးရင်းဖို့ ၊ စက်ရုံဆောက်ဖို့ ၊ရေမီး အင်တာနက် သွယ်တန်းဖို့ စရိတ်စက တွေကြောင့် လုပ်ငန်းသစ်မဆို ထားနဲ့ စက်ရုံသစ် အလုပ်ရုံသစ်ဆောက်ဖို့တောင် အင်မတန် စွန့်စားရ တဲ့ အခင်းအကျင်းဖြစ်နေပါတယ်။ လုပ်ငန်းခွင်မှာရင်းနှီးမြုပ်နှံရမယ့် အရင်းအနှီးငွေကြေးကို မ၀ယ်တာ တစ်ခုတည်းနဲ့ တင် ပုံအောရင်းနှီးလိုက်ရတဲ့ အတွက်လည်း သူ့လုပ်ငန်းလည်ပတ်ရမယ့် ငွေကြေးတွေ အတိုင်းအတာ တစ်ခုထိ့ကျုံ့သွားမှာ သေချာပါတယ်။ ထင်သလောက် လုပ်ငန်း လုပ်ဖို့ မလွယ်ဘူးပေါ့။
လုပ်ငန်းထဲ ထည့်သုံးရမယ့်လည်ပတ်ငွေတွေ မထဲရောက်သွားတဲ့ သဘောဖြစ်ပါတယ်။အခုနောက်ပိုင်း ထင်ရှားတဲ့ သူဌေးကြီးတွေ ၊ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေ ကြားမှာတောင် စက်ရုံအလုပ်ရုံ လုပ်တာထက် မ၀ယ်ပြီး လှာင်ထားတာ က ပိုပြီးမြတ်သလို စိတ်ချမ်းသာ င်တယ်လို့
ပြောစမှတ်ပြုလာတဲ့ အထိ လစ်ဟင်းမှု တွေ ရှိလာနေပါပြီ။
စက်ရုံထောင်ပြီး ကုန်ပစ္စည်းသစ်ထုတ်မယ် ဆိုရင် အမြတ်အစွန်းမသေချာတဲ့ အပြင် လုပ်တာကိုင်တာ
မှားယွင်းမယ် ၊ စီမံခန့်ခွဲမှု အားနည်းသွားမယ် ဆိုရင်ငွေကြေး ၊ ကြိုးစားအားထုတ်မှုတွေဆုံးရှုံးနစ်နာ မှုတွေ ဖစ်လာနိုင်သလို အလုပ်သမား ဆန္ဒုပြမှုတွေလည်း
ကြုံတွေ့ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ် ။ မ၀ယ်ရင်းနှီးထား မတ်လာမယ် ထင်ရင်ပြန်ရောင်းတဲ့ လူတွေကတော့ ဒီလိုဒုက္ခတွေကို ခံစားရမှာ မဟုတ်ဘဲ အးအေးလူလူယပ်တောင်လေးခတ်ပြီး အသာလေး အမြတ်အစွန်းရနေကြပါပြီ ။
နှစ်ပေါင်း ၂၀ ကျာ်ကြာလာတဲ့ ကာလ အတွင်းမှာ အစိုးရ အဆက်ဆက် ၊ အုပ်ချုပ်သူ အဆက်ဆက်ကသတင်းစာတွေ ၊ တီဗွီကြော်ငြာတွေကနေ တဆင့် ခြောက်လ အတွင်းမလုပ်ဖြစ်ခဲ့ရင်စက်မှုဇုန်ထဲက မြေကွက်လွတ်တွေကို ပြန်သိမ်းမယ် တို့ ၊ စက်ရုံ အမြန်ဆောက်ဖို့ ဇုန်စီမံခန့်ခွဲရေးကော်မတီ တွေက တဆင့် ဆ့င်စာ တွေ အကြိမ်ကြိမ် ကပ်ကြပေမယ့် စက်မှုဇုန် မကွက်လွတ်ပိုင်ရှင်တွေ အတွက်ကတော့ ခဏခဏ ကြားနေရတဲ့ သင်္ကြန် အမြှာက် ဖောက်သံလိုပါဘဲ ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ သူတွေကို အထိတ်တလန့် ဖြစ်အောင် လုပ်လိုက်တဲ့သဘောလောက်ဘဲ ဖစ်ပါတယ်။ ပြီးရင်တော့ ထုံးစံ အတိုင်းပြန်ဖြစ်သွားကြတာ အကြိမ်ကြိမ် အခါခါလိုဖြစ်နေပါပြီ။
အခုအစိုးရလက်ထက်မှာ တော့ ရန်ကုန်ဧရိယာ အတွင်းက စက်မှုဇုန်တွေမှာ အလုပ်မလုပ်တဲ့မြေကွက်လွတ်တွေကို ၀န်ကြီးတစ်ဦး ဦးဆောင်ပြီး အဖွဲ့တွေ ဖွဲ့စာရင်းကောက်နေပါပြီ ၊အမှန်တကယ် အလုပ်မလုပ်ရင် ပြန်သိမ်းမယ် လို့ ပြောထားဆိုထားပြီး ဖြစ်တဲ့ အတွက်ကြောင့်လည်းအရင်အစိုးရ အဆက်ဆက် လိုဘဲ အဖျားရှုးပြီး ဆာင်းတွင်းအိမ်မက် ဖြစ်သွားမလား ၊ပြည်သူတင်မြှောက်ထားတဲ့ အစိုးရ ဖစ်တာကြောင့်လည်း ဥပဒေ နည်းဥပဒေ တွနဲ့အညီထိထိရောက်ရောက် အရေးယူမလား ဆိုတာတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။
လာလောဆယ် တော့ စက်မှုဇုန်တွေက မြေကွက်လွတ်ပိုင်ရှင်တွေ ပြန်သိမ်းမယ် ဆိုတဲ့ အသံကြောင့်အပြေးအလွှား ခံခတ် တာတွေ ၊ ဂိုဒေါင်ဆောက်တာ တွ လုပ်လာကြပေမယ့် အခုထက်ထိမကွက်လွတ် အများအပြား စက်မှုဇုန်တွေ ထဲမှာ ကျန်ရှိနေဆဲဖြစ်ပါတယ် ။ အမှန်တကယ် မလုပ်နိုင်ဘဲမကွက်လွတ်သက်သက် ကိုင်ထားတဲ့ သူတွေကလည်း ခေါ်ဈေးပြောထားပေမယ့် အမှန်တကယ်ဝယ်သူရောက်လာရင်တော့ အခုနောက်ပိုင်းမှာ တစ်ဖြည်းဖြည်းနဲ့ ညှိနှိုင်းဈေး နဲ့ လုပ်မယ့်လူတွေဆီ မြေတွေကို ရာင်းချလာတဲ့ အထိ စက်မှုဇုန်မြေဈေးတွေ ကျရိပ်သန်းလာပါပြီ ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com