BREXIT ကြောင့် ဗြိတိန်၌ ဆုံးရှုံးမှုများဖြစ်နေချိန်တွင် ဟောင်ကောင်သူကြွယ်က လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ ၉၂ သန်းကျော်ဖြင့် ၀ယ်ယူ

BREXIT ကြောင့် ဗြိတိန်၌ ဆုံးရှုံးမှုများဖြစ်နေချိန်တွင် ဟောင်ကောင်သူကြွယ်က လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ ၉၂ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Jul 2016 11:44 am တွင် တင်ခဲ့သည်
2272 ကြိမ် ကြည့်ရှု့ပြီး
ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်လိုက်ခြင်းဖြစ်ရပ် BREXIT ကြောင့် ဗြိတိန်အိမ်ခြံမြေနှင့် စီးပွားရေးလောကတို့၌ ဆုံးရှုံးမှုများ ဖြစ်နေချိန်တွင် ဟောင်ကောင်သူကြွယ်က လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို စတာလင်ပေါင် ၇၀၃၀၀၀၀၀ (ကန်ဒေါ်လာ ၉၂ ဒသမ ၉သန်း) ဖြင့် ၀ယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအရောင်းအ၀ယ်မှာ ဗြိတိန်၏မြို့တော်တွင် အိမ်ခြံမြေဈေးကွက် အလားအလာပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း မျှော်လင့်ရသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။
ဟိုတယ်တည်နေရာမှာ လန်ဒန်မြို့၊ ကင်းစ်ခရော့စ်လမ်း၊ အမှတ် ၁၀၀ တွင်တည်ရှိပြီး ၆ ထပ်အဆောက်အအုံဖြစ်ကာ အခန်းပေါင်း ၄၀၈ ခန်း ပါဝင်၍ ဟိုတယ်အမည်မှာ Travelodge Royal Scot ဟိုတယ် ဖြစ်သည်။
ယင်းဟိုတယ်ကို ကုမ္ပဏီ ၃ ခုမှ ပူးပေါင်းဝယ်ယူလိုက်ခြင်းဖြစ်ပြီး Magnificent Hotel Investments ၊ Shun Ho Technology Holdings နှင့် Shun Ho Resources Holdings ကုမ္ပဏီများ ဖြစ်ကြကာ စတုရန်းတစ်ပေလျှင် ၅၉၁ ဒေါ်လာဈေးဖြင့် ၀ယ်ယူလိုက်ကြခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီ ၃ ခုစလုံးမှာ ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး ၀ီလျံချန်းကိုင်မန်း ပိုင်ဆိုင်သော ကုမ္ပဏီများ ဖြစ်ကြသည်။
တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် မကြာသေးမီလများအတွင်း စိတ်ဝင်စားလာကြသည်။
BREXIT ကြောင့် ဗြိတိန်အိမ်ခြံမြေကဏ္ဍ ပြိုလဲလိမ့်မည်ဟူသည့် ခန့်မှန်းချက်များ ထွက်ပေါ်နေချိန်တွင် ၀ီလျံချန်း၏ ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းမှာမူ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။
ဗြိတိန်ခရီးသွားလုပ်ငန်း ဆက်လက်ဖွံ့ဖြိုးနေမည်ဟူသော မှန်းဆချက်ဖြင့် အဆိုပါဟိုတယ်ကို ၀ယ်ယူလိုက်ကြခြင်း ဖြစ်သည်။
ဝီလျံချန်းသည် ဟောင်ကောင်နှင့် ရှန်ဟိုင်းတို့တွင် ဟိုတယ်များပိုင်ဆိုင်ထားပြီး ဟိုတယ်ခန်းပေါင်း ၂၃၀၀ ကျော် လည်ပတ်လုပ်ကိုင် နေသူတစ်ဦး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
BREXIT ကြောင့် ဗြိတိန်၌ ဆုံးရှုံးမှုများဖြစ်နေချိန်တွင် ဟောင်ကောင်သူကြွယ်က လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ ၉၂ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
BREXIT ကြောင့် ဗြိတိန်၌ ဆုံးရှုံးမှုများဖြစ်နေချိန်တွင် ဟောင်ကောင်သူကြွယ်က လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ ၉၂ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service