ဆော်ဒီတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်မည့် လူနေအိမ်ရာစီမံကိန်းသစ် စတင်ဆောက်လုပ်

ဆော်ဒီတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်မည့် လူနေအိမ်ရာစီမံကိန်းသစ် စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
5 Jul 2016 11:31 am တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး
ဆော်ဒီအာရေးဗီးယားအစိုးရသည် လူနေအိမ်သစ်ပေါင်း ၇၀၀၀ ကို ကန်ဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံအကုန်အကျခံ၍ တည်ဆောက်မည့် စီမံကိန်းသစ်ကို စတင်ဆောက်လုပ်တော့မည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းအိမ်ရာစီမံကိန်းကို ရီယာ့ဒ်မြို့အရှေ့ဘက် အကျယ်အ၀န်း စတုရန်းမီတာ ၆ ဒသမ ၅ သန်း ကျယ်ဝန်းသော မြေနေရာပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါအိမ်ရာကို “ပုပ္ဗမုဒ်” East Gate ဟု အမည်ပေးထားပြီး အိုးအိမ်ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကတို့ ပထမဆုံးအကြိမ် ပူးပေါင်းတည်ဆောက်သည့် စီမံကိန်းဖြစ်ကာ နိုင်ငံသားများအတွက် တန်ဖိုးမျှတလူနေအိမ်များ ရှားပါးလာမှုကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။
နေအိမ်တစ်လုံးလျှင် ကန်ဒေါ်လာ ၁၇၀၅၇၈ ခန့်ကျသင့်မည်ဖြစ်ပြီး အကျယ်အ၀န်း ၃၁၆ စတုရန်းမီတာ ကျယ်ဝန်းမည်ဖြစ်သည်။

ဆော်ဒီအာရေးဗီးယားပြည်ထဲရေးဝန်ကြီးဌာနအဆောက်အအုံအနီးတွင် တည်ရှိသည့် ယင်းစီမံကိန်းကို အမေရိကန် ကုမ္ပဏီတစ်ခုမှ ကွပ်ကဲဆောက်လုပ်မည်ဖြစ်ကြောင်း ဆော်ဒီအခြေစိုက် ဟာမက်နှင့် အာမက်မိုဟာမက် အယ်လ် မူဇိုင်းနီအိမ်ခြံမြေကုမ္ပဏီက ပြောကြားသည်။

“နေအိမ်တွေမှာ အတွင်း၊ အပြင်ဒီဇိုင်းအမျိုးမျိုးရှိမှာ ဖြစ်ပါတယ်။ ၀ယ်လက်တွေရဲ့ အကြိုက်နဲ့ ကျသင့်တဲ့တန်ဖိုးအပေါ်မှာ မူတည်တယ်”ဟု အိမ်ခြံမြေကုမ္ပဏီ၏ ဘုတ်အဖွဲ့ဥက္ကဌဖြစ်သူ ဟာမက် မူဇိုင်းနီက ပြောကြားသည်။

ဝယ်လက်တို့အနေဖြင့် ဆော်ဒီအစိုးရ၏ အိမ်ခြံမြေဖွံ့ဖြိုးရေးရန်ပုံငွေ (REDF) မှ ချေးငွေများ ထုတ်ယူနိုင်မည်ဖြစ်ပြီး ကန်ဒေါ်လာ ၁၃၃၂၆၄ ခန့်အထိ ချေးငွေထုတ်ယူနိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

REDF ကို ဆော်ဒီအစိုးရက ၁၉၇၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆော်ဒီနိုင်ငံသားတို့ လူနေမှုအဆင့်အတန်းမြင့်မားစေရန်နှင့် နေအိမ်များ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service