တရုတ်တွင် အိမ်ဈေးနှုန်းများသည် နှေးကွေးသောနှုန်းဖြင့် ဇွန်လတွင်လည်း ဆက်လက်မြင့်
တက်ခဲ့ကြောင်း တရုတ်ညွှန်းကိန်းအကယ်ဒမီက ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုအကယ်ဒမီသည် နိုင်ငံတစ်ဝန်း မြို့ကြီး ၁၀၀ ၏ အိမ်ခြံမြေဈေးကွက်ကို စောင့်ကြည့်လေ့
လာခဲ့ခြင်းဖြစ်သည်။
အိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းသည် ပြီးခဲ့သည့် မေလကထက် ဇွန်လတွင် ၁ ဒသမ ၃ ရာခိုင်
နှုန်း မြင့်တက်ခဲ့ပြီး ၁ စတုရန်းမီတာလျှင် ပျမ်းမျှရောင်းဈေး ၁၁,၈၁၆ ယွမ် (အမေရိကန်ဒေါ်
လာ ၁,၇၇၃) ရှိခဲ့သည်။
အိမ်ဈေးများသည် ထိုအကယ်ဒမီလေ့လာခဲ့သည့် မြို့ ၁၀၀ တွင် ၇၃ မြို့၌ မြင့်တက်ခဲ့ပြီး ၂၂
မြို့၌ ကျဆင်းခဲ့ကာ ကျန် ၂ မြို့၌ ဈေးနှုန်းမပြောင်းလဲခဲ့ပေ။ ဈေးနှုန်းမြင့်တက်ခဲ့သည့်မြို့များ
တွင် ဈေးနှုန်း ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် မြို့အရေအတွက် ၃၀ မြို့ရှိခဲ့သည်။
Jaingsu ပြည်နယ် Nanjing မြို့သည် ဈေးနှုန်းမြင့်တက်မှု ၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် မြင့်
တက်မှုနှုန်းအများဆုံးမြို့ဖြစ်ခဲ့ပြီး Fujian ပြည်နယ် Xiamen မြို့နှင့် Zhejiang ပြည်နယ်
Jiaxing မြို့တို့က ဒုတိယနှင့် တတိယဈေးနှုန်းမြင့်တက်မှုနှုန်းအများဆုံးမြို့ဖြစ်ခဲ့ကြသည်။
တရုတ်ရှိ အကြီးဆုံးမြို့ကြီး ၁၀ မြို့တွင် ပျမ်းမျှအိမ်သစ်ဈေးသည် ၁ စတုရန်းမီတာလျှင်
၂၂,၄၅၀ ယွမ် ရှိခဲ့ပြီး ဇွန်လကထက် ၁ ဒသမ ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မေလတွင်
ဧပြီလကထက် ၁ ဒသမ ၉၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဖြစ်ရာ ထိုသို့ မေလတွင် မြင့်တက်
နှုန်းသည် အနည်းငယ်ကျဆင်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)