နိုင်ငံခြားသားများသည် ကျဉ်းကျဉ်းကျပ်ကျပ်နေထိုင်ရခြင်းကို မနှစ်မြို့ကြသည့်အားလျော်စွာ တောင်ကိုရီးယားမြို့ကြီးများရှိ လူနေအိမ်ခန်းများတွင် နေထိုင်ရန် ရှောင်ရှားခဲ့ကြသော်
လည်း ယခုအခါ ကိုရီးယားမြို့ကြီးများတွင် လူနေအိမ်ခန်းငှားရမ်းမှုများတွင် ထိပ်ဆုံးနေရာမှ ရပ်တည်လျက်ရှိကြောင်း ဆိုးလ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
“ကျွန်တော် ဆိုးလ်ကို ပထမဆုံးရောက်တုန်းက တိုက်ခန်းတွေက တစ်ပုံစံတည်းလို ဖြစ်နေကြတယ်။ ဒါပေမယ့်အဲဒီမှာတစ်ခါလောက်နေကြည့်တော့ နေရထိုင်ရတာ တော်တော်အဆင်ပြေတာတွေ့ရတယ်”ဟု နိုင်ငံခြားသားတစ်ဦးက ပြောကြားသည်။
“လုံခြုံရေးအစောင့်တွေရှိတယ်။ ဒါကြောင့် လုံခြုံမှုကောင်းတယ်။ ပြီးတော့ ကုန်ကျစရိတ်ကလည်း မျှတမှုရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်းကမူ နိုင်ငံခြားသားများသည်
မြို့ကြီးများရှိ လူနေအိမ်ခန်းများတွင် မနေထိုင်ခဲ့ကြချေ။
မြို့ကြီးများရှိ လူနေတိုက်ခန်းများအစား ရပ်ကွက်များ၊ မြို့နယ်များရှိ အထပ်နိမ့်နေအိမ်များသာ ငှားရမ်နေထိုင်လေ့ရှိခဲ့ကြသည်။
ယခုအခါ ဆိုးလ်ရှိ လူနေအိမ်ရာများတွင် နိုင်ငံခြားသားများ အလွန်များပြားစွာနေထိုင်လျက်ရှိကြပြီဖြစ်ရာ City Park၊ Park-Tower နှင့် Xi in Samgakji ကဲ့သို့ အထပ်မြင့်လူနေအိမ်ခန်းများတွင် နိုင်ငံခြားသားများ အခြေချနေထိုင်မှု အများပြားဆုံးဖြစ်သည်။
တန်ဖိုးအားဖြင့် တစ်ခန်းလျှင် ကိုရီးယားငွေ ၁ ဘီလီယံမှ ၂ ဘီလီယံအကြားရှိသည်။
(အမေရိကန် ၁ ဒေါ်လာ= ကိုရီးယားငွေ ၁၁၂၃)
ဆိုးလ်တွင် ပျှမ်းမျှငှားရမ်းခမှာ စတုရန်းမီတာ ၁၅၀ ကျယ်ဝန်းသော အခန်းတစ်ခန်းလျှင် ကိုရီးယားငွေ တစ်လ ၅ သန်း ဖြစ်သည်။ငှားရမ်းနေထိုင်သူများမှာ အများအားဖြင့် အမေရိကန်စစ်ဘက်မှ ထိပ်တန်းအရာရှိကြီးများ၊ နိုင်ငံခြားကုမ္ပဏီများမှ အမှုဆောင်အရာရှိချုပ်များ ဖြစ်လေ့ရှိကြသည်။
Park Tower complex တွင် လူနေအိမ်ခန်းပေါင်း ၈၈၈ ခန်းရှိသည့်အနက် နိုင်ငံခြားသားများငှားရမ်းနေထိုင်သည်မှာ ၃၀၀ ခန်းခန့်ရှိကြောင်း ယင်းဒေသအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)