အိမ်ခြံမြေအ၀ယ်ပျောက် အမေးသာရှိပြီး ဈေးဆစ်ပွဲမဖြစ်

အိမ်ခြံမြေအ၀ယ်ပျောက် အမေးသာရှိပြီး ဈေးဆစ်ပွဲမဖြစ် - Property News in Myanmar from iMyanmarHouse.com
1 Jul 2016 10:34 am တွင် တင်ခဲ့သည်
1561 ကြိမ် ကြည့်ရှု့ပြီး
အရင်က၀ယ်ချင်တဲ့ မြို့နယ်နေရာသီးသန့်တွေကို ဈေးကောင်းပေးဝယ်တဲ့အထိ ကြော်ငြာပြီး အ၀ယ်ရှိခဲ့ပေမဲ့ သည်နောက်ပိုင်းမှာတော့ ရောင်းချင်တဲ့မြေကွက်နေရာတွေကို သီးသန့်ကြော်ငြာပြီး အရောင်းတင်ကြရတာတွေရှိလာတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းက သိရပါတယ်။

အိမ်ခြံမြေဈေးကွက်ကအ၀ယ်ပျောက်တယ်ဆိုပေမဲ့ သိန်း ၅၀၀ နဲ့ အထက်လောက်သာဖြစ်ပြီး သည်နောက်ပိုင်းမှာ ဈေးကွက်အားလုံးပျောက်နေခဲ့တာ ဖြစ်တယ်။တချို့က၀ယ်ဖို့ အမေးရှိပေမယ့် ခေါ်ထားတဲ့ အကွက်တန်ဖိုးရဲ့ ထက်ဝက်လောက်အထိ ဈေးဆစ်ပြီး ဈေးလှန်ပစ်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ဈေးကွက်ထဲမှာ ဈေးခေါ်လိုက်ရင် ကြားပွဲစားက ပွဲမဖြစ်ခင်ကတည်းက ရောင်းရမဲ့ ဈေးပဲဖွင့်ခိုင်းကြတယ်။အရင်ကဈေးခေါ်ရင် ဈေးနည်းမှာဆိုးလို့ ဈေးကွက်စုံစမ်းရတာကနေ အခုနောက်ပိုင်းဈေးပိုများသွားလို့ ခဏခဏဈေးပြင်ရောင်းတာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဈေးကွက်အ၀ယ်ဆင်းတဲ့ ပုံစံ အများစုက နေရာနဲ့ အခန်းကျယ်အခန်းအမျိုးအစား စတာတွေထက် ၀ယ်လက်ဘက်ကတက်နိုင်တဲ့ ဈေးကိုပြောပြီး ဈေးဆစ်တာမျိုးတွေ ရှိလာပါတယ်။တချို့က၀ယ်လက်ဘက်ကတိုက်ရိုက်ဈေးဆစ်တာမျိုး မဟုတ်ပဲ မြေရှင်ဈေးဖွင့်ကတည်းက အကျိုးဆောင်က ကြိုတင်ဆစ်ကြတာ တွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ခန်းအရောင်းအ၀ယ်တွေမှာလည်း အရင်ကနေရာအကွက်ပေါ်မူတည်ပြီး ကျပ်သိန်းထောင်ချီဈေးကွက် ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အတွင်းလမ်းတွေရဲ့ မြေညီထပ်တိုက်ခန်းဈေးတွေဆိုရင် သိန်း ၆၀၀၊၇၀၀ လောက်သာ ဈေးအခေါ်လက်ခံပေးတယ်လို့ ပြောပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ကြိုပွိုင့်တွေရဲ့ အရောင်းအ၀ယ်မရှိသလောက် ရှားလာတာ၊အများစုက အရစ်ကျ ဈေးနှုန်းတွေနဲ့ အရစ်ကျဆောက်လုပ်စရိတ်ရအောင် ဈေးခေါ်လာတာတွေလည်းရှိပါတယ်။အဓိကဈေးနှုန်းသက်သာတဲ့ သိန်း ၂၀၀ ၀န်းကျင်နဲ့ ၂၀၀အောက်တွေကို ရှာပြီးနေဖို့ဝယ်ကြတာတွေ စုံစမ်းတာတွေရှိလာတယ်လို့ ပြောပါတယ်။

အရောင်းအ၀ယ်ဖြစ်နေတဲ့ ဈေးကွက်ကတော့ တန်ဖိုးနည်းအရှုပ်အရှင်းကင်း မြေကွက်တွေဖြစ်ပြီး အိမ်မပါတဲ့ မြေကွက်တွေကိုလည်း စိတ်ဝင်စားမှုရှိကြတယ်။မြေကွက်သီးသန့်ဈေးကွက်တွေမှာတော့ ခေါ်ဈေးထက် ဈေးလျော့တာနည်းပေမဲ့ လူနေတဲ့ အိမ်၊တိုက်ခန်းတွေကိုတော့ ခေါ်ဈေးထက်ပိုဆစ်တာတွေရှိတယ်လို့ သိရပါတယ်။

Credit :The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service