ကမ္ဘာကျော်လေရူးသုန်သုန်ဇာတ်ကား ရိုက်ကူးခဲ့ရာ အင်္ဂလန်နိုင်ငံရှိ နေအိမ်ကြီးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချမည်

ကမ္ဘာကျော်လေရူးသုန်သုန်ဇာတ်ကား ရိုက်ကူးခဲ့ရာ အင်္ဂလန်နိုင်ငံရှိ နေအိမ်ကြီးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
30 Jun 2016 12:03 pm တွင် တင်ခဲ့သည်
1567 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်လေရူးသုန်သုန်ဇာတ်ကား ရိုက်ကူးခဲ့ရာ အင်္ဂလန်နိုင်ငံ၊ ၀စ်ရှိုင်းယားပြည်နယ်၊ ဇီးလ်ကျေးရွာရှိ နေအိမ်ကြီးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လေရူးသုန်သုန်ဇာတ်ကားသည် အမေရိကန်စာရေးဆရာမကြီး မာဂရက်မစ်ချယ်၏ နာမည်ကျော်ဝတ္ထုကြီးကို ရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်တောင်ပိုင်း အခြေအနေများကို မီးမောင်းထိုးပြထားခြင်း ဖြစ်သည်။
လေရူးသုန်သုန်သည် box office ၏ သမိုင်းတွင် အောင်မြင်မှုအရှိဆုံး ရုပ်ရှင်ဖြစ်သည်။

ယင်းနေအိမ်ကြီးသည် အော်စကာဆုရှင် ကမ္ဘာကျော်သရုပ်ဆောင် ဗီဗီယံလေး၏ အားလပ်ရက်အပန်းဖြေနေအိမ်ဖြစ်ခဲ့ဖူးပြီး သူမ၏ သမီးဖြစ်သူ ဆူဇန်နီ ဖာရင်တန်ကွယ်လွန်ပြီးနောက်ပိုင်း ယခုကဲ့သို့ အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။

ဗီဗီယံလေးက ယင်းနေအိမ်ကို နှစ်ပေါင်း ၂၀ ကျော်ပိုင်ဆိုင် နေထိုင်သွားခဲ့ပြီးနောက် ရှေ့နေတစ်ဦးဖြစ်သူ လေးဟိုလ်မန်းကို ၂၁ နှစ်ကြာ ငှားရမ်းထားခဲ့သည်။

ဗီဗီယံလေးသည် လေရူးသုန်သုန်ဇာတ်ကားတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ ကမ္ဘာသိသရုပ်ဆောင် ဖြစ်လာခဲ့သည်။
ဗီဗီယံလေးသည် ယခုနေအိမ်ကြီးတွင် အတူနေထိုင်ခဲ့သည့် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီးနောက်ပိုင်း နာမည်ကျော်သရုပ်ဆောင် လောရင့်စ် အိုလီဗီယာနှင့် လက်ထပ်ခဲ့သည်။ ဗီဗီယံလေးနှင့် အိုလီဗီယာတို့သည် Fire Over England ဇာတ်ကားတွင် ချစ်သူများအဖြစ် သရုပ်ဆောင်ပြီးနောက်ပိုင်း မေတ္တာသက်ဝင်သွားကြခြင်း ဖြစ်သည်။

အိုလီဗီယာသည် ယင်းနေအိမ်ကြီးသို့ တစ်ကြိမ်မျှ သွားရောက်ဖူးခြင်း မရှိချေ။
ဗီဗီယံလေးနှင့် အိုလီဗီယာတို့မှာ ၁၉၆၀ တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

ဗီဗီယံလေး၏ မြေးဖြစ်သူ နဗီးလ်ဖာရင်တန်၏ ပြောကြားချက်အရ ဗီဗီယံလေးသည် အဆိုပါနေအိမ်ကြီး၏ blue room တွင် ခင်ပွန်းဟောင်းဖြစ်သူ ဂျက်မယ်ရီဗေးလ်နှင့် မကြာခဏအတူနေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

ဗီဗီယံလေးမှာ ၁၉၆၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
အဆိုပါနေအိမ်ကြီးသည် ၁၆ ဧက ကျယ်ဝန်းသော မြေပေါ်တွင် တည်ရှိပြီး အိပ်ခန်း ၇ ခန်း၊ အန်းဘုရင်မကြီးဗိသုကာဟန် ယာတောအိမ်၊ မီးလင်းဖိုများ၊ ၀က်သစ်ချသား လှေကားများ၊ ပန်းဥယျာဉ်တစ်ခု၊ တင်းနစ်ကွင်း၊ ၁၇ ရာစုနှစ် ကျောက်တုံးစပါးကျီများ ပါဝင်သည်။၁၈ရာစုကတည်းက ဆောက်လုပ်ခဲ့သော နေအိမ်ကြီးဖြစ်ပြီး လက်ရှိရောင်းချသူမှာ ဗီဗီယံလေး၏ မြေး ၃ ဦးဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်လေရူးသုန်သုန်ဇာတ်ကား ရိုက်ကူးခဲ့ရာ အင်္ဂလန်နိုင်ငံရှိ နေအိမ်ကြီးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်လေရူးသုန်သုန်ဇာတ်ကား ရိုက်ကူးခဲ့ရာ အင်္ဂလန်နိုင်ငံရှိ နေအိမ်ကြီးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်လေရူးသုန်သုန်ဇာတ်ကား ရိုက်ကူးခဲ့ရာ အင်္ဂလန်နိုင်ငံရှိ နေအိမ်ကြီးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service