နာမည်ကျော်ဗိသုကာပညာရှင်တစ်ဦး၏ ကန်ဒေါ်လာ ၃ သန်းကျော်တန်သော နေအိမ်ကို တက္ကသိုလ်တစ်ခုက ဒေါ်လာ ၂၀ ဖြင့် ၀ယ်ယူ

နာမည်ကျော်ဗိသုကာပညာရှင်တစ်ဦး၏ ကန်ဒေါ်လာ ၃ သန်းကျော်တန်သော နေအိမ်ကို တက္ကသိုလ်တစ်ခုက ဒေါ်လာ ၂၀ ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
30 Jun 2016 11:45 am တွင် တင်ခဲ့သည်
2561 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်နိုင်ငံသား နာမည်ကျော်ဗိသုကာပညာရှင်တစ်ဦးဖြစ်သော မိုက်ကယ်ဂရေ့ဗ်သည် လွန်ခဲ့သောနှစ် (၂၀၁၅) မတ်လအတွင်း၌ ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်သည်။

မိုက်ကယ်ဂရေ့ဗ်၏ သေတမ်းစာတွင် သူ၏ နေအိမ်ကို ပရင်စတန်တက္ကသိုလ်သို့ လှူဒါန်းခဲ့ကြောင်း ရေးသားဖော်ပြထားသော်လည်း ပရင်စတန်တက္ကသိုလ်က လက်ခံရယူခြင်းမရှိသောကြောင့် အဆိုပါနေအိမ်ကို ကင်းတက္ကသိုလ် (Kean University) က ကန်ဒေါ်လာ ၂၀ (မြန်မာငွေ ၂၃၀၀၀ ၀န်းကျင်) ဖြင့်ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မိုက်ကယ်ဂရေ့ဗ်၏ ဘ၀တစ်လျှောက် နာမည်ကျော်အဆောက်အအုံ ၃၅၀ ခန့်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
သူ၏ ကျော်ကြားမှုမှာ ကမ္ဘာ့အရှေ့ဖျားသို့ပင်ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၊ ၀မ်ရှုမြို့တွင် မိုက်ကယ်ဂရေ့ဗ်ဗိသုကာကျောင်းကိုပင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

မိုက်ကယ်ဂရေ့ဗ် လှူဒါန်းခဲ့သော နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ပရင်စတန်မြို့တွင်တည်ရှိပြီး စတုရန်းပေ ၇၀၀၀ အကျယ်အ၀န်းရှိသည်။
မိုက်ကယ်ဂရေ့ဗ်သည် ပရင်စတန်တက္ကသိုလ်တွင် ဗိသုကာပါမောက္ခအဖြစ် ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

မိုက်ကယ်ဂရေ့ဗ်သည် သူ၏ ပို့စ်မော်ဒန်ဗိသုကာလက်ရာများကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တဟုန်ထိုးကျော်ကြားခဲ့သူ ဖြစ်သည်။

မိုက်ကယ်ဂရေ့ဗ်က သူ၏ နေအိမ်ကို ပရင်စတန်တက္ကသိုလ်သို့ လှူဒါန်းခဲ့ခြင်းဖြစ်သော်လည်း ပရင်စတန်က ၎င်းတို့၏ စည်းမျဉ်းလုပ်ထုံးများနှင့် ကိုက်ညီမှုမရှိသောကြောင့် လက်မခံခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေအိမ်အဆောက်အအုံကို နှစ်စဉ်ထိန်းသိမ်းမှုနှင့်
ပြန်လည်မွမ်းမံမှုစရိတ်စကများကြောင့် လက်မခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်စဉ်ထိန်းသိမ်းစရိတ်မှာ ကန်ဒေါ်လာ ၃၀၀၀၀၀ မှ ၄၀၀၀၀၀ အကြားကုန်ကျဖွယ်ရှိပြီး ကျောင်းသားများအတွက် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရန်အတွက်လည်း ကန်ဒေါ်လာ ၃၀၀၀၀၀ ခန့်ကုန်ကျဖွယ်ရှိသောကြောင့် လက်မခံခြင်း ဖြစ်သည်။

အဆိုပါခြံဝန်းအတွင်း နေအိမ် ၃ လုံးပါဝင်ပြီး ကာလပေါက်ဈေးမှာ ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းခန့် တန်ကြေှးရှိသည်။
ပရင်စတန်တက္ကသိုလ်က လက်မခံခြင်းကြောင့် မိုက်ကယ်ဂရေ့ဗ်၏ ရှေ့နေတို့သည် ကင်းတက္ကသိုလ်နှင့် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

မိုက်ကယ်ဂရေ့ဗ်သည် ၎င်း၏ နောက်ဆုံးကာလများတွင် ကင်းတက္ကသိုလ်၌ ဗိသုကာစီမံကိန်းသစ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ဖူးသည်။
ကင်းတက္ကသိုလ်က လွှဲပြောင်းရယူပြီးနောက်ပိုင်း မိုက်ကယ်ဂရေ့ဗ်၏ နေအိမ်ကို ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ဖြစ်မည် မဟုတ်ချေ။

“ကျွန်တော်တို့ကတော့ မိုက်ကယ့်လက်ထက်မှာ ထားရှိခဲ့တဲ့အတိုင်း ဒီအဆောက်အအုံကို ထိန်းသိမ်းသွားမှာပါ”ဟု ကင်းတက္ကသိုလ်၏ ဌာနခွဲဖြစ်သော မိုက်ကယ်ဂရေ့ဗ်ကောလိပ်မှ ပါမောက္ခ ဒေးဗစ်မိုနေးက ပြောကြားသည်။
“နာမည်ကျော်ဗိသုကာပညာရှင်တစ်ဦးရဲ့ ဘ၀နေထိုင်မှုပုံစံဘယ်လိုရှိတယ်ဆိုတာ ကျောင်းသားတွေ
တွေ့မြင်နိုင်ဖို့ အခွင့်အရေးပါပဲ”ဟု ဒေးဗစ်မိုနေးက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နာမည်ကျော်ဗိသုကာပညာရှင်တစ်ဦး၏ ကန်ဒေါ်လာ ၃ သန်းကျော်တန်သော နေအိမ်ကို တက္ကသိုလ်တစ်ခုက ဒေါ်လာ ၂၀ ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
နာမည်ကျော်ဗိသုကာပညာရှင်တစ်ဦး၏ ကန်ဒေါ်လာ ၃ သန်းကျော်တန်သော နေအိမ်ကို တက္ကသိုလ်တစ်ခုက ဒေါ်လာ ၂၀ ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service