စက်မှုဇုန်မြေကွက်ပိုင်ရှင်အချို့ ယနေ့ထက်တိုင် လာရောက်ဆက်သွယ်ခြင်းမရှိသေး

စက်မှုဇုန်မြေကွက်ပိုင်ရှင်အချို့ ယနေ့ထက်တိုင် လာရောက်ဆက်သွယ်ခြင်းမရှိသေး - Property News in Myanmar from iMyanmarHouse.com
30 Jun 2016 11:04 am တွင် တင်ခဲ့သည်
1481 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်မြေကွက်လွတ်ပိုင်ရှင်အချို့ လာရောက် ဆက်သွယ်ခြင်းမရှိသလို မြေကွက်ပိုင်ရှင်များကို စုံစမ်းရန်လည်း အခက်အခဲရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းလုပ်ဆောင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်များကို ပြန်လည်သိမ်းယူပြီး အမှန်တကယ်လုပ်ငန်းလုပ်ဆောင်သူများကို ပြန် လည်နေရာချထားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သော်လည်း ဇွန် ၂၇ ရက်အထိ လာရောက် ဆက်သွယ်ခြင်းမရှိသည့် မြေကွက်လွတ် အများအပြား ကျန်နေသေးသည်။

"စက်မှုဇုန်မြေကွက်လွတ်တွေကို စာရင်းကောက်ပြီးသွားပါပြီ။ အစိုးရက ပြန်သိမ်းမယ်ဆိုတော့ နည်းနည်းချင်း တိုးဆောက်လာတာ တော့ ရှိပါတယ်"ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောသည်။ "တချို့ဇုန်တွေမှာတော့ မြေကွက်တော်တော်များကျန်သေးတယ်။ ပိုင်ရှင်တွေ ရှာမရ တဲ့အကွက်တွေလည်း ရှိနေတယ်။ သူတို့ကလည်းဇုန်ကော်မတီတွေကို လာမဆက်သွယ် ကြဘူး။ ဘယ်ရက်မှာ မဆောက်ရင် ပြန်သိမ်းမယ်ဆိုတဲ့
ရက်အတိအကျ မပြောထားသေးတော့ လူတွေက မကြောက်တဲ့ပုံစံရှိတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးစက်မှုဇုန် တစ်ခုဖြစ်သည့် လှိုင်သာယာစက်မှုဇုန်နယ် မြေတွင်စက်မှုဇုန်ပေါင်း ကိုးဇုန်ရှိသည့် အနက် ဦးမြတ်သင်းအောင် တာဝန်ယူထားသည့်စက်မှုဇုန်ခြောက်ဇုန်တွင် တည်ဆောက် ဆဲ၊ တည်ဆောက်ပြီး စက်ရုံ၊ အလုပ်ရုံပေါင်း၇၀၀ ကျော်ရှိသည်။ ကော်မတီသို့ လာရောက် ဆက်သွယ်ခြင်းမရှိသည့် မြေကွက်လွတ်မှာမူ၂၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။ စက်မှုဇုန်မြေကွက်နှင့် ဂိုဒေါင်အလွတ် များကို ၂၀၁၄ ခုနှစ်နှောင်းပိုင်းကကောက်ယူ ခဲ့သည့် စာရင်းများတွင် တိုင်းဒေသကြီးတစ်ခု လုံးအတိုင်းအတာအရ စက်မှုဇုန်မြေကွက်လွတ်ပေါင်း ၄,၄၁၈ ဧက (မြေကွက် ၂,၃၃၉) ကွက်နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် ၂၉ ဇုန်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့်ဂိုဒေါင်အလွတ်များနှင့် မြေကွက် လွတ်များကို အစိုးရသစ်လက်ထက်တွင် စာရင်းကောက်ယူခဲ့ပြီးတိတိကျကျ လုပ်ငန်း လုပ်ဆောင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက် များကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က မေလနှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ မေ ၁၉ ရက်မှ မေ ၂၄ ရက်ထိ ကာလ များတွင် လှိုင်သာယာစက်မှုဇုန် အမှတ်(၁)မှ(၇)အထိ၊ ငွေပင်လယ်နှင့် ရွှေလင်ပန်းစက်မှု ဇုန်ကိုးခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကာ မြေကွက်လွတ်များ၊ ဂိုဒေါင်လွတ်များ၏ စာရင်းများကိုကောက်ယူခဲ့သည်။ ယခင်အစိုးရလက်ထက်က စက်မှုဇုန်မြေ ကွက်လွတ်များကို လုပ်ငန်းရှင်များသို့ရောင်း ချပေးခဲ့ရာတွင် မြေဂရန်ရရှိပြီး ခြောက်လ အတွင်း လုပ်ငန်းများလုပ်ဆောင်ရန်၊
လူနေ အိမ်ဆောက်လုပ်ခြင်းမပြုရန်နှင့် တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းမပြုရန်ဟူသည့် စည်းကမ်းချက်များဖြင့် ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် စည်းကမ်း ဖောက်ဖျက်သည့် မြေကွက်ပိုင်ရှင်များကို အကြောင်းအမျိုးမျိုးကြောင့်ဥပဒေအတိုင်း အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် စက်မှုဇုန်များစတင် ဖော်ဆောင်ချိန်မှ ယနေ့အထိ မြေကွက်လွတ် များ အများအပြား ကျန်ရှိနေဆဲဖြစ်သည်။
ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော် မတီဥက္ကဋ္ဌ ဦးအေးသောင်းက စက်မှုဇုန်များတွင်စာရင်းကောက်ယူခြင်းထက် စက်မှုဇုန် များအတွက် စိစစ်မည့် လုပ်ငန်းကော်မတီ ဖွဲ့ထားသင့်ကြောင်းပြောသည်။

"သိမ်းမယ်ပြောလည်း မြေကွက်လွတ် ပိုင်ရှင်တွေ လာမဆက်သွယ်သလို လာတောင်မကြည့်ကြပါဘူး။ ပထမလူလည်း အဲလိုပဲ ပြောခဲ့တာပါပဲ။ နားလည်မှုနဲ့ လျှောက်လွှာစည်းကမ်းတွေနဲ့စာရွက်ပေါ်မှာ မပြည့်ပြည့်အောင် လျှောက်လုပ်နေကြပြီး မြေကွက်တွေ အများကြီးယူထားကြတယ်။
တချို့ဆို တစ်ဇုန် မှာကို နှစ်ကွက် သုံးကွက်လောက်ကို ၀ယ်ပြီး ပစ်ထားကြတယ်။ "၀န်ကြီးချုပ်ကနေရာတိုင်း သူလိုက်လုပ် ဖို့၊ အရေးယူဖို့မလွယ်ဘူး။ လုပ်မယ်ပြောပေမဲ့ ဘယ်တော့လုပ်မယ်မှန်းမပြောသွားကြ တော့ လူတွေက သိပ်ဂရုမစိုက်ကြတော့ဘူး၊ လာလည်း မဆက်သွယ်ကြပါဘူး"ဟု
၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန် များကို ၁၉၉၆ ခုနှစ်မှစတင်ကာ နိုင်ငံတော်၏စီမံချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်မြို့ရွာနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) က ဖော်ထုတ် နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး မြေတစ်ဧကလျှင်ကျပ် ၄၅ သိန်းဖြင့် စက်ရုံ တည်ဆောက်ပြီးမှသာ မြေဂရန် ထုတ်ပေး သည့်စနစ်ကို ကျင့်သုံးနေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြောင်းလဲလာသည့် အစိုးရ အဆက်ဆက်၏မူဝါဒများအရ ၂၀၀၀ ပြည့် နှစ်မှစတင်ကာမြေဂရန်ကြိုတင်ထုတ်ပေးပြီး စက်ရုံများကို တည်ဆောက်စေသည့် မူဝါဒ ကို ပြောင်းလဲခဲ့သည်။ရန်ကုန်မြို့ အိမ်ခြံ မြေဈေးနှုန်းမြင့်တက်လာချိန်တွင် မူဝါဒ အပြောင်းအလဲကို အခွင့်အရေးတစ်ရပ်
အဖြစ် သဘောထားပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသူများမှ စက်မှုဇုန် မြေကွက်များကိုဝယ်ယူလျှောက်ထားကာ ပြန်လည်ငှားရမ်းခြင်းနှင့် အဆင့်ဆင့် ပြန်လည်ရောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အကွက်အကွင်းပေါ်မူတည်၍ စက်မှုဇုန် မြေ တစ်ဧကလျှင် ကျပ်သိန်း ၅,၀၀၀ အထိ ပေါက်လာ
သည်။ "တကယ်ဝင်ပြီး လုပ်ငန်းလုပ်၊ စက်ရုံ ဆောက်တဲ့လူကိုပဲ စာရွက်စာတမ်းထုတ်ပေးတဲ့စနစ်ဟောင်းက အဆင်ပြေတာ၊ နိုင်ငံ တကာမှာလည်း ဒီလိုပဲ ချထားပေးခဲ့တာ"ဟုဦးအေးသောင်းက ပြောသည်။

Credit : mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service