မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့သာစက်မှုဥယျာဉ်မြို့တော်တွင် စက်ရုံများစတင်လည်ပတ်နေပြီ

မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့သာစက်မှုဥယျာဉ်မြို့တော်တွင် စက်ရုံများစတင်လည်ပတ်နေပြီ - Property News in Myanmar from iMyanmarHouse.com
30 Jun 2016 11:01 am တွင် တင်ခဲ့သည်
2075 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မန္တလေးစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့ ကုမ္ပဏီလီမီတက်(RHGC)တို့၏ ''မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့'' စီမံကိန်းလုပ်ငန်း တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းနှင့် မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာအုပ်စု နိုင်ငံတကာအဆင့်မီ ဧရာဝတီဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၂ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာပြည်အလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းတွင် ပါဝင်သည့် မြင်းခြံခရိုင် ဆီမီးခုံဒေသနှင့် မြို့သာဒေသများကို ဗဟိုပြု၍ ဒေသခံပြည်သူများ၏ ကုန်စည်စီးဆင်းမှု့ လွယ်ကူချောမွေ့စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်မှန်းလျက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်(ROYAL HI-TECH GROUP CO-LTD)တို့ကနိုင်ငံတကာအဆင့်မီ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းတည်
ဆောက်ရေးနှင့် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့ တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်နေရာ မြို့သာစက်မှုဥယျာဉ်မြို့တော်တွင် စက်ရုံများတည်ဆောက်ကာ လုပ်ငန်းစတင်ကာ မီးခိုးတလူလူဖြင့် စက်ရုံအလုပ်ရုံများ လည်ပတ်နေသည်ကို တွေ့ရသည်။

မြို့သာစက်မှုဥယျာဉ်မြို့တွင် ယခုအခါ အထပ်သားစက်ရုံ၊ မွေးမြူရေးနှင့်အစာသွပ်စက်ရုံ၊ ဘီစကွတ်စက်ရုံ၊ကိုကာကိုလာပစ္စည်း သိုလှောင်ရေးစက်ရုံများ တည်
ဆောက်လည်ပတ်လျက်ရှိသည်။ နောက်ထပ်လည်း မြို့သာစက်မှုဥယျာဉ် မြို့တွင် အကြီးစားစက်ရုံများ တည်ဆောက်ရန် မြေကွက်များ ဝယ်ယူထားပြီးဖြစ်ကြောင်းသိရသည်။

မြို့သာစက်မှုဥယျာဉ်မြို့လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သော နိုင်ငံတကာအဆင့်မီ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းကိုလည်း ၂ဝ၁၅ ခုနှစ်က စတင်၍ နိုင်ငံခြားကျွမ်းကျင်ပညာရှင်များဖြင့် တည်ဆောက်ခဲ့ရာဆိပ်ခံတံတားအပါအဝင် တန် ၅ဝ ရှိ ကုန်တင်ကုန်ချနိုင်သည့်ကရိန်းတစ်ခုနှင့် ရေကျ၊ ရေတက်ချိန်တွင် ကုန်တင်သင်္ဘောကြီးများ အလွယ်တကူ ဆိုက်ကပ်နိုင်ရန်အတွက် ခေတ်မီနည်းပညာများဖြင့် ဆိပ်ခံဗောတံတားကို တည်ဆောက်နေရာ ၂ဝ၁၆ ခုနှစ် မကုန်မီ အပြီးတည်ဆောက်သွားမည်ဆို၏။ နိုင်ငံတကာအဆင့်မီ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းအား ဆိပ်ကမ်းစီမံခန့်ခွဲရေးရုံး၊ အဆင့်မြင့်အရာရှိ
ရိပ်သာ၊ ဝန်ထမ်းရိပ်သာ၊ ရေချိုးခန်း၊ အိမ်သာ၊ စားရိပ်သာ၊ဝန်ထမ်းစားသောက်ဆိုင်နှင့် ရေလှောင်ကန်များအပါအဝင် မြေဧက ၃၈၉ ဒသမ ၇၇ ဧကပေါ်တွင် ဆောက်လုပ်ပြီးစီး နေပြီဖြစ်သည်။ သင်္ဘောဆိပ်မှစက်မှုဥယျာဉ်မြို့သို ၁၁ မိုင်
ရှိ လမ်းသစ်ကိုလည်း ဖောက်လုပ်ပြီးစီးနေပြီဖြစ်သည်။

မြို့သာစက်မှုဥယျာဉ်မြို့တွင် သယ်ယူပို့ဆောင်ရေးဌာန၊အလတ်စားစက်မှုလုပ်ငန်း၊ အသေးစားစက်မှုလုပ်ငန်း၊ အထပ်နိမ့်အိမ်ရာစီမံကိန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဇုန်၊ သိပ္ပံနှင့်သုတေသနရုံး၊ ၁၈ ကျင်းပါ ဂေါက်ကွင်း၊
ပန်းခြံနှင့် စိမ်းလမ်းစိုပြည်ရေးနေရာ၊ လုံးချင်းအိမ်ရာ၊ အထပ်မြင့်အိမ်၊ ကုန်တိုက်နှင့်ဈေးဝယ်စင်တာများ ပါရှိမည်ဖြစ်ပြီး မြေဧက ၁၁ဝဝဝ ကျော်တွင် အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်သည်။

စက်မှုဇုန်တွင် အကြီးစားစက်မှုလုပ်ငန်း၊ အလတ်စားစက်မှုလုပ်ငန်း၊ အငယ်စားစက်မှုလုပ်ငန်းများ ပါဝင်၍ စက်ရုံပေါင်း ၂၅ဝဝ ကျော် ပါဝင်မည်ဖြစ်၍
ဝန်ထမ်းပေါင်း ၁၅ဝဝဝဝ ထွက်ပေါ်လာမည်ဖြစ်ရာဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာ
မည်ဖြစ်သည်။

မြို့သာစက်မှုဥယျာဉ်မြို့ကြီးတွင် နိုင်ငံတကာ အဆင့်မီကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းနှင့်စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းများ အများအပြားတည်ဆောက်ပေါ်ထွက်လာပြီး မော်တော်ယာဉ်လိုင်းများ၊ စတိုးဆိုင်နှင့်(SHOPPING ENTER) များ၊ ဈေးများ၊ ဆေးရုံများ၊ ဘဏ်များ၊ စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ရဲစခန်းများ၊ မီးသတ်စခန်း၊အားကစားကွင်းနှင့် ဘာသာရေးဆိုင်ရာများ အသီးသီးပေါ်ပေါက်လာပြီးအဆင့်မြင့်မြို့သစ်ကြီးတစ်ခု
အဖြစ်ရောက်ရှိလာမည်ဖြစ်သည် ဆို၏။

မြို့သာစက်မှု့ဥယျာဉ်မြို့တွင် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်ပြီး လိုအပ်သော လျှပ်စစ် ဓာတ်အားကို ကုမ္ပဏီ၏အစီအစဉ်ဖြင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးသွားမည်ဆို၏။ ယခုအခါ မြို့သာစက်မှုဥယျာဉ်မြို့တွင် စက်ရုံအလုပ်ရုံများ စတင်လည်ပတ်နေပြီဖြစ်၍ မကြာမီကာလအတွင်း စက်ရုံအလုပ်ရုံများပေါ်ထွက်လာကာ မီးခိုးတလူလူ ဥသြသံတညံညံဖြင့် စည်ကားတိုးတက်လာမည့် စက်မှုမြို့တော်တစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service