မြန်မာတစ်နိုင်ငံ လုံးတွင် ရှိသော လူဦးရေနှင့်နှိုင်းယှဉ်ပါက အာမခံလုပ်ငန်းများတွင် အာမခံ ထားရှိသူမှာ တစ်ရာခိုင်နှုန်းကျော်သာရှိကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကပြောသည်.
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ လောက်ရှိ ပေမဲ့ အာမခံ ထားတဲ့ရာ ခိုင်နှုန်း က ၁ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ် ဈေးကွက်ကို ၀ိုင်းပြီး မြှင့်တင်ရမယ် " ဟု Grand Gurdian အာမခံကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦး မျိုးနောင် ကပြောသည်။
လက်ရှိတွင် ပုဂ္ဂလိက အာမခံကုမ္ပဏီများမှ ၀န်ဆောင်မှုပေးနေသည့် အာမခံအမျိုးအစားမှာ လည်းနည်းပါးနေသေးသဖြင့် စိတ်ဝင်စားမှု မရှိခြင်းဖြစ်ကြောင်း ဦးမျိုးနောင်ကပြောသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိကအာမခံကုမ္ပဏီများကို ခွင့်ပြူုလုပ်ကိုင်ခွင့်ပေးထားသည်မှာ ၃နှစ်ကျော်သာရှိသေးသဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွင် လိုအပ်ချက်များရှိနေသေးကြောင်း ပုဂ္ဂလိက အာမခံကုမ္ပဏီများကဆိုသည်။
တချို့က အာမခံ ကို ထားချင်တယ် ဘယ်လိုထား၇မှန်း မသိဘူး တချို့က ထားရကောင်းမှန်း မသိဘူး " ဟု အောင်သစ္စာဦး ပုဂ္ဂလိက အာမခံကုမ္ပဏီမှ ဦးဘထွန်းကဆိုသည်။ မော်တော်ယာဉ် ဈေးနှုန်းများ သက်သာလာပြီး လူအများစု ကားဝယ်စီးနိုင်ချိန်တွင် အာမခံအမျိုးအစား များထဲ၌ မော်တော်ယာဉ် အလုံးစံအာမခံကို အများစုက စိတ်ဝင်စားလာကြသည်ဟု ဦး ဘထွန်းကဆိုသည်။
မီးလောင် ဆုံးရှုံးမှု သဘာဝဘေးဒဏ် ခံ ဒေသများတွင်မူ အာမခံဒ အကျိုးရလာဒ်များကို သိရှိနားလည်လာသဖြင့် စိတ်ဝင်စားမှုမြင့်တက်လာကြသည်ဟု ပုဂ္ဂလိကအာမခံကုမ္ပဏီများကဆိုသည်
လပ္ပတာမှာ မီး အကြီးအ ကျယ်လောင်တော့ တော်တော်လေး စိတ်ဝင်စားပြီး အိမ်တွေ မီးအာမခံလာထားကြတယ် " ဟု Grand Gurdian အာမခံကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦး မျိုးနောင် ကဆိုသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအာမခံလုပ်ငန်းလုပ်ကိုင်ခွင်ကို ကုမ္ပဏီ ၁၂ခုအား ၂၀၁၃ ခုနှစ်က စတင် လုပ်ကိုင်ခွင့်ပေးခဲပြီး အာမခံ အမျိုးအစား ၆မျိုးကို လုပ်ကိုင်ခွင့်ပြုထားသည်။ နိုင်ငံခြားအာမခံကုမ္ပဏီ ၂၄ခုကမူ ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးခွဲများ စတင် ဖွင့်လှစ်ထားပြီး သီလ၀ါ အထူးစီးပွားရေးဇုံတွင် ဂျပန် အာမခံကုမ္ပဏီ ၃ခုမှ စတင် လုပ်ကိုင် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်။
သက်တမ်းရင့် အစိုးရပိုင်မြန်မာ့ အာမခံလုပ်ငန်းကမူ အာမခံအမျိုးအစား ၄၀ကျော်ကိုလုပ် ကိုင်ဆောင်ရွက်လျှက်ရှိသည်။
နေရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com