ရှန်ဟိုင်း၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ရောင်းအား ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်
ပြီး စတုရန်းမီတာ ၃၀၀,၀၀၀ ကျော်အထိ ရောင်းချခဲ့ရသည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် ဇွန်လ ၂၆ ရက်တွင်
ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၂၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စတုရန်း
မီတာ ၃၂၈,၀၀၀ ရှိခဲ့သည်ဟု Shanghai Centaline အိမ်ခြံမြေကုမ္ပဏီက ဇွန်လ ၂၇ ရက်
တွင် ထုတ်ပြန်ခဲ့သည်။
အိမ်သစ်များကို ပျမ်းမျှ ၁ စတုရန်းမီတာလျှင် ၃၆,၀၉၂ ယွမ် (၅,၄၂၇ အမေရိကန်ဒေါ်လာ)
နှုန်းဖြင့် ရောင်းချခဲ့ရပြီး ထိုရောင်းဈေးသည် ယင်းမတိုင်မီသီတင်းပတ်ကထက် ၁ ဒသမ ၎
ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
"မြေယာဝယ်ရောင်းဆောက်လုပ်ရောင်းချတဲ့ developer တွေက နှစ်လယ်ရလဒ်တွေအတွက်
ပြင်ဆင်နေကြပြီမို့ ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်ဟာ နောက်ထပ် တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်
မြင့်တက်နေဦးမယ်လို့ ခန့်မှန်းရပါတယ်" ဟု Shanghai Centaline အိမ်ခြံမြေအတိုင်ပင်ခံ
ကုမ္ပဏီ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝန်စီက ပြောကြားခဲ့သည်။
ရှန်ဟိုင်းတွင် အိမ်သစ်ရောင်းလိုအားသည် စတုရန်းမီတာ ၂၅၀,၀၀၀ ခန့်သာ ကျန်ရှိတော့
သည်။ ယင်းမတိုင်မီသီတင်းပတ် ကကျန်ရှိခဲ့ သည့် ရောင်းလိုအားအောက် ၁၆ ဒသမ ၉ ရာခိုင် နှုန်းလျော့နည်း ခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)