ဖိလစ်ပိုင်နိုင်ငံ တောင်တန်းပြည်နယ်တစ်ခု ရှိ တောင်ကြားဒေ သတစ်ခုကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့တော် ၏ ရောင်စုံအိမ်အခင်းအကျင်းကဲ့ သို့ ဆေးသုတ်နေသည့် စီမံကိန်းသည်
နောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်ပြီး များမကြာမီတွင် ပြီးစီးတော့မည်ဖြစ်သည်။
လာထရီနီဒတ် (La Trinidad) မြို့၏ တောင်ကြားရပ်ကွက် ၃ ခုရှိ စုစုပေါင်း အိမ်ခြေ ၁၇၀ ကျော်ကို ယခု အခါတောက် ပသောအရောင် များဆေးခြယ်လျက်ရှိသည်။ Tam-awan Village Artistz အဖွဲ့၏ ဒီဇိုင်းကို ပြည်တွင်းရေ ပန်းစားသောအိမ်သုတ်ဆေးအမှတ်တံဆိပ်တစ်ခုက
စပွန်ဆာပေးခဲ့သည့် ထိုစီမံကိန်းသည် ယခုနှစ်ဇွန်လမကုန်မီ ပြီးစီးမည်ဟု သိရသည်။
ထိုရပ်ကွက်သုံးခု၏ အမည်မှာ Stonehill၊ Sadjao နှင့် Botiwtiw ဖြစ်ပြီး ထိုစီမံကိန်းကို ၎င်း
ဖိလစ်ပိုင်မြို့၏ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ရည်ရွယ်၍ ယမန်နှစ်နှောင်းပိုင်းက စ
တင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဒေသ
ဆိုင်ရာညွှန်ကြားရေးမှူး မာရီဗီးနပ်စ်တန် က ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)