အထပ်မြင့်တည်ဆောက်ခွင့်အသစ် ရပ်ဆိုင်းထားသော်လည်း အထပ်နိမ့်များကို ယခုလကုန် ပြန်လည်ခွင့်ပြုမည်

အထပ်မြင့်တည်ဆောက်ခွင့်အသစ် ရပ်ဆိုင်းထားသော်လည်း အထပ်နိမ့်များကို ယခုလကုန် ပြန်လည်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
29 Jun 2016 10:12 am တွင် တင်ခဲ့သည်
1425 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည် ဆောက်ရန် အသစ်လာရောက် လျှောက်ထားမှုများကို လက်မခံ ဘဲ ခေတ္တရပ်ဆိုင်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

အထပ်နိမ့်၊ အထပ်မြင့် အ ဆောက်အအုံများအတွက် တင်ပြ မှုများကိုလည်း လတ်တလော လက်ခံခြင်းမရှိဘဲ ယခုလကုန်မှ သာ ပြန်လည်လက်ခံစိစစ်ခွင့်ပြု မည်ဖြစ်ကြောင်း အင်ဂျင်နီယာ အဆောက်အအုံဌာနမှ သတင်း ရရှိသည်။ အဆောက်အအုံ တည် ဆောက်ခွင့်အသစ်တင်ပြမှုများ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ထုတ်ပြန်ချမှတ်မည့် မူဝါဒအသစ်များဖြင့် စိစစ်ခွင့်ပြုမည်ဟု ဆိုသည်။

မူဝါဒအသစ်တွင် ယခင်က ကျင့်သုံးနေသည့် နည်းစနစ်များ ပြောင်းလဲခြင်း၊ စည်းကမ်းချက်အ သစ်များ ပိုမိုပါဝင်လာနိုင်ပြီး ဆောက်လုပ်ရေး လောကကို ပိုမို တင်းကျပ်မည့်သဘော ဖြစ်လာ နိုင်ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ခန့်မှန်းပြောဆိုကြ သည်။

‘‘လျှပ်စစ်မီးကိစ္စနဲ့ မြေအ ကျယ်ကိစ္စတွေ၊ zoning plan ကိစ္စတွေ အတည်ပြုပြီး ပြန်ခွင့်ပြု တဲ့အခါ စည်းကမ်းတွေထပ်ပြီး တင်းကျပ်လာနိုင်တယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းသည်။

လက်ရှိတွင် ယခင်အစိုးရ လက်ထက်က မူအားဖြင့် ခွင့်ပြု ချက် ရရှိထားသည့် ၁၃ ထပ်နှင့် အထက်အဆောက်အအုံ ၁၄၁လုံးကို ပြန်လည်စစ်ဆေးမှုများ စတင် နေပြီဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ က တိုက်ရိုက်စစ်ဆေးခြင်းဖြစ်ပြီး စာရွက်ပေါ်စစ်ဆေးမှုများ ပြီးစီးနေပြီဖြစ်၍ မြေပြင်စစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဟုဆို သည်။

အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်းကို ရပ် ဆိုင်းထား၍ ဆောက်လုပ်ရေးလုပ် ငန်းရှင်အများစု နစ်နာမှုများ ကြုံ တွေ့နေရပြီး လုပ်ငန်းများ အမြန် ဆုံးပြန်လည် လည်ပတ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဆောက်လုပ်ရေးလုပ်
ငန်းရှင်များ က တောင်းဆိုထားကြသည်။

‘‘အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းရှင်က တစ်ဖက်။ မြေရှင် နဲ့ ချုပ်ဆိုထားတဲ့ ကတိက၀တ် တွေ ပျက်ကုန်တယ်။ နေ့စားအ လုပ်သမားတွေကို ဘယ်နေ့အ လုပ်ပြန်ဆင်းပါဆိုတာကို ကျွန် တော်တို့ဘက်က ကတိမပေးနိုင် သေးဘူး’’ဟု New Generation ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဉာဏ်သစ်လှိုင်က ပြောသည်။

ရန်ကုန်တွင် ၁၃ ထပ်နှင့်အ ထက် အထပ်မြင့်အဆောက်အအုံ ၁၄၀ ကျော်ကို ပြီးခဲ့သည့် မေလ ၂၀ ရက်က ပြန်လည်စစ်ဆေးမှု များ ပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်၍ ရပ်ဆိုင်းခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service