ရန်ကုန်မြို့ အတွင်းရှိ မြေဈေးကြီးမြင့်နေမှုအားလျှော့ချလိုပါက ရန်ကုန်မြို့ပြင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နှင့်အလှမ်းမဝေးသော နေရာဒေသများအား အဆင့်မြှင့်ပေးသင့်ကြောင်း အိမ် ခြံ မြေ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးစိုင်းခွန်နောင် မှ သုံးသပ်ပြောကြားသည်။
""ရန်ကုန်ကို မြေဈေးကျအောင်လုပ်ချင်ရင် မြို့သစ်တွေဖော် ။ဒါက ပထမ အချက်ပေါ့။မြို့သစ်တွေဖော်နေရာမှာလည်း အကွက်ရိုက်ရုံနဲ့မရဘူး။အစိုးရအနေနဲ့ ရေ မီး ဆေးရုံ ကျောင်း ပြည်သူဝန်ဆောင်မှုအတွက်လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေပါတဲ့ မြို့သစ်တွေအကောင်အထည်ဖော်ပေးဖို့လိုတယ်။နောက်တစ်ချက်ကတော့ ရန်ကုန်မြို့နဲ့ မနီးမဝေး က မြို့နယ်တွေ နောက်ပြီး လှမ်းနေတဲ့ မြို့နယ်တွေကို အဆင့်မြှင့်တင်ဖို့လိုပါတယ်။ဒါမှသာ လူဦးရေထူထပ်လာမှုက ခွဲထွက်ပြီး ပျံ့သွားမှာပါ။ဒီလို လူနေထိုင်ဖို့ သွားလာဆက်သွယ်ရေးကောင်းရင် အဲဒီနေရာတွေကိုလည်းသွားကြပါလိမ့်မယ်။ဒီတစ်နေရာတည်းမှာ ပြုံ တိုးမနေကြတော့ပါဘူး။ဒါဆိုရင်တော့ ဈေးနှုန်းကို အတန်ငယ်ထိန်းချုပ်နိုင်ပါလိမ့်မယ်။""ဟု ၎င်းမှသုံးသပ်ပြောပြသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ ဈေးနှုန်းများမှာ ဗဟန်းမြို့နယ်တွင် သိန်း ခြောက်ထောင်မှ သိန်း သုံးသောင်းကြား၊မရမ်းကုန်းမြို့နယ်တွင် သိန်း ခုနစ်ထောင်မှ သိန်း သုံးသောင်းကြား၊ တောင်ဥက္ကလာတွင် သိန်း နှစ်ထောင်မှ သိန်း တစ်သောင်းကြား၊သင်္ဃန်းကျွန်းတွင် သိန်းတစ်ထောင်မှ သိန်း တစ်သောင်းဝန်းကျင်ဖြင့်အရောင်းအဝယ်ဈေးနှုန်းများ
ဖြစ်ထွန်းနေကြောင်း သိရှိရသည်။
မြို့နှင့် အလှမ်းအတန်ငယ်ကွာဝေးသောနေရာများဖြစ်သည့် ဒဂုံဆိပ်ကမ်းအစရှိသောနေရာများမှာ နေရာအနေအထားပေါ်မူတည်ကာ သိန်းတစ်ရာဝန်းကျင်မှ သိန်း ကိုးထောင်ကျော် ဝန်းကျင်ထိ ဈေးရှိကြောင်းလည်းသိရှိရသည်။
ရန်ကုန်တိုင်းအစိုးရအနေဖြင့် မြေဈေးကျဆင်းရန် တစ်စုံတစ်ရာ လုပ်ဆော င်မှုမရှိသေးသော်လည်း အစိုးရသစ်တက်လာပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်အနေဖြင့် အိမ် ခြံ မြေ ဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းစေရန် ဆောင်ရွက်သွားမည်ဟုပြောကြားထားသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com