ဗြိတိန်အခက် အမေရိကန်အိမ်ခြံမြေဈေးကွက်အချက်

ဗြိတိန်အခက် အမေရိကန်အိမ်ခြံမြေဈေးကွက်အချက် - Property News in Myanmar from iMyanmarHouse.com
28 Jun 2016 11:00 am တွင် တင်ခဲ့သည်
1515 ကြိမ် ကြည့်ရှု့ပြီး
ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်လိုက်ခြင်းကြောင့် ဗြိတိန်
အိမ်ခြံမြေဈေးနှုန်းများ ထိုးဆင်းမှုနှင့်အတူ အကြပ်ရိုက်အခက်ကြုံလာမှုသည် အမေရိကန်အိမ်ခြံမြေဈေးကွက်အတွက် အချက်ပင်ဖြစ်ကြောင်း အမေရိကန်အိမ်ခြံမြေအကျိုးဆောင်လောကတွင် သုံးသပ်လျက်ရှိကြကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်လိုက်ခြင်းကြောင့် အတ္တလန္တိတ်သမုဒ္ဒရာ၏ အခြားတစ်ဘက်ရှိ တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ခြံမြေကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမည်ဟု အမေရိကန်အိမ်ခြံမြေအကျိုးဆောင်တို့က ခန့်မှန်းခြင်း ဖြစ်သည်။

ဗြိတိန်နှုတ်ထွက်ပြီးနောက်ပိုင်း အင်္ဂလန် developer တို့၏ ရှယ်ယာတန်ဖိုးများ ထိုးဆင်းသွားခဲ့ရာ သာဓကအားဖြင့် Persimmon (PSMMY) ၏ ရှယ်ယာတန်ဖိုးများသည် အရောင်းအ၀ယ်ဈေးကွက်တွင် သုံးပုံတစ်ပုံခန့်အထိ ထိုးကျသွားသည်။

လန်ဒန်သည် ကမ္ဘာ့အိမ်ခြံမြေ၀ယ်လက်တို့အတွက် စိတ်ချလုံခြုံသည့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာနေရာဖြစ်နေခဲ့သည်မှာ နှစ်ကာလကြာရှည်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်များအတွင်း လန်ဒန်တွင် ရောင်းချခဲ့သော လူနေအိမ်ရာသစ်တို့၏ လေးပုံသုံးပုံကို ၀ယ်ယူခဲ့သည်မှာ ဗြိတိန်နိုင်ငံသားများ မဟုတ်ချေ။

ယင်းအိမ်ရာသစ်များအနက် ၄၄ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့သည်မှာ စင်္ကာပူ၊ ဟောင်ကောင်၊ တရုတ်၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ဖြစ်သည်။

ယခုအခါ ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ထွက်လိုက်ပြီဖြစ်ခြင်းကြောင့် လန်ဒန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားသူတို့သည် ၎င်းတို့၏ပိုင်ဆိုင်ထားသောအိမ်ခြံမြေများကို ရောင်းထုတ်ကာ အမေရိကန်အိမ်ခြံမြေကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံကြလိမ့်မည်ဟု အမေရိကန်အိမ်ခြံမြေအကျိုးဆောင်တို့က ခန့်မှန်းထားသည်။

“လန်ဒန်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဗဟိုဖြစ်နေခဲ့တာကြာပါပြီ။ ဒီအချိန်မှာတော့ သူတို့အတွက် ပြီးဆုံးရပ်တန့်သွားပါပြီ။ နယူးယောက်၊ ဘော့စ်တွန်၊ ချီကာဂို၊ မိုင်အမ်မီ၊ လော့စ်အိန်ဂျလိ အစရှိတဲ့မြို့ကြီးတွေဟာ နိုင်ငံခြားဝယ်လက်တွေရဲ့ ပစ်မှတ်တွေ ဖြစ်လာတော့မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု နယူးယောက်အခြေစိုက်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Compass ၏ ဥက္ကဌ လီယိုနတ် စတိန်းဘာ့ဂ်ျက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service