ပြင်ဦးလွင်မြို့နယ်အတွင်းမြေယာအသုံးချမှုနဲ့ပတ်သတ်လို့ အစီရင်ခံစာကို လာမယ့်
ဇူလိုင်လအတွင်းတင်သွင်းဖို့ရှိတယ်လို့ မြို့နယ်မြေယာကိစ္စတိုင်ကြားစိစစ်ရေးကော်မတီ
နာယကတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းကပြောပါတယ် ။
မြို့နယ်အတွင်းရှိမြေလွတ်မြေရိုင်း ပလပ်မြေ ၊အခြားနည်းသုံးစွဲခွင့်ရမြေတွေကိုဥပဒေနဲ့အညီ လုပ်ကိုင်ဆောက်ရွက်ခြင်းရှိမရှိ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်
ဌာနပေါင်းစုံပါဝင်တဲ့အဖွဲ့နဲ့ လိုက်လံစစ်ဆေးမှုတွေပြုလုပ်နေပါတယ် ။
‘ယူထားတဲ့မြေတွေကို လုပ်ကိုင်ဆောင်ရွက်ခြင်းရှိမရှိ ၊မြေယာဥပဒေစည်းကမ်းနဲ့လိုက်နာဆောင်ရွက်ခြင်းရှိမရှိ အဲဒါတွေကိုတင်ပြဖို့စစ်နေတယ် ၊ (၇)လပိုင်း (၄)ရက်နေ့အပြီးတင်ရမှာ ‘လို့ပြင်ဦးလွင်မြို့နယ်မြေယာကိစ္စတိုင်ကြားစာစိစစ်ရေးကော်မတီနာယက
တစ်ဦးဖြစ်တဲ့တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းကပြောပါတယ် ။
ဌာနပေါင်းစုံပါဝင်တဲ့အဖွဲ့တွေလိုက်လံစစ်ဆေးမှုပြုလုပ်စဉ်မှာ ခွင့်ပြုချက်မဲ့
အကွက်ရိုက်ထားတဲ့ မြေကွက်အများအပြားတွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။
လယ်ယာမြေပေါ်အဆောက်အအုံဆောက်လုပ်မှု ၊အကွက်ရိုက်ရောင်းချမှု ၊လွှဲပြောင်းရောင်းဝယ်ခွင့်မရှိတဲ့မြေရောင်းဝယ်မှုတွေဟာ မြို့နယ်အတွင်းမှာအဓိကဖြေရှင်းရမဲ့ပြသနာတွေ
ဖြစ်တယ်လို့ဒေသခံတစ်ချို့ကပြောပါတယ် ။
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လွှတ်တော်ကိုယ်စားလှယ် ၊အရပ်ဘက်အဖွဲ့အစည်း ၊ခရိုင်မြို့နယ်ဌာနဆိုင်ရာအဖွှဲ့အစည်း ၊ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ ဧပြီလ (၂၅)
ရက်နေ့ကတွေ့ဆုံဆွေးနွေးစဉ်မှာလည်း မြို့ကိုခြိမ်းခြောက်နေတဲ့ သည်ပြသနာအပေါ်
ဆွေးနွေးပြောဆိုဖူးပါတယ် ။
အဆိုပါကိစ္စနဲ့ပတ်သတ်လို့ ဖြေရှင်းဖို့အတွက် နည်းလမ်းစဉ်းစားနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်း
ကပြောပါတယ် ။
Credit :Kumudra