အစိုးရအိမ်ရာအသစ်တွေရောင်းရင် အရင်လိုပုံစံမျိုး မဖြစ်စေချင်ပါ

အစိုးရအိမ်ရာအသစ်တွေရောင်းရင် အရင်လိုပုံစံမျိုး မဖြစ်စေချင်ပါ - Property News in Myanmar from iMyanmarHouse.com
28 Jun 2016 10:07 am တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအိမ်ရာစီမံကိန်းတွေ ရောင်းချပေးတဲ့အခါ လိုအပ်တဲ့သူတွေ လက်ထဲ ရောက်ရှိဖို့လိုပြီး တစ်ဆင့်ပြန်ရောင်းချတဲ့ဈေးကွက် မဖြစ်အောင် ပြုလုပ်သင့်သလို ပြန်ဝယ်ထားသူတွေ
လည်း နစ်နာမှုရှိနိုင်တယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ထားသင့်တယ်လို့ သိရပါတယ်။

အသစ်ဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပြီး ပြင်ပကနေ ဝယ်ယူချင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အရင်က ရောင်းချခဲ့တဲ့ အိမ်ရာတွေမှာ ဝန်ထမ်းတွေကို ဦးစားပေးတာ များပြီး တစ်ဆင့်ပြန် ရောင်းချတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက အရင်အိမ်ရာတွေတုန်းက ပြန်ရောင်းခွင့်မရှိဘူး ဆိုပေမယ့် ပြင်ပမှာ ပြန်ရောင်းတဲ့ဈေးကွက်တော့ များပါသေးတယ်၊ တစ်ခုက တကယ်နေဖို့လို အပ်နေသူတွေကို ဘယ်လိုစိစစ်ပြီး ရောင်းချပေးမလဲ ဆိုတာပဲ၊ ရောင်းပေးမယ်ဆို ဘယ်နေရာမှာ၊ ဘယ်လိုလျှောက်ထားရမယ်ဆိုတာ နီးစပ်ရာသိတာမျိုး မဟုတ်ဘဲ အားလုံးသိဖို့ လိုတယ်လို့ ပြောပါတယ်။

အိမ်ရာဝယ်ယူခွင့် လျှောက်တဲ့အခါမှာ အရင်က နေရာလွဲမှားပြီး လျှောက်မိတာ၊ မဲစနစ်နဲ့ ရောင်းချတဲ့အခါ အမှန်တကယ် လိုအပ်နေ
သူတွေ မပါတာမျိုး ကြုံခဲ့ရတာတွေရှိတယ်လို့ အိမ်ရာလျှောက်ခဲ့ဖူးသူတွေနဲ့ အကျိုးဆောင်တချို့က ပြောပါတယ်။

လက်ဆင့်ကမ်း ဝယ်ယူထားသူတွေအနေနဲ့လည်း ပိုင်ဆိုင်မှုမခိုင်မာတာကြောင့် ပြဿနာတစ်ခုခုဖြစ်ရင် ဆုံးရှုံးနစ်နာနိုင်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဈေးကွက်ထဲမှာ ပြင်ပက မဲပေါက်ပြီး ဝယ်သူတွေသာမက အစိုးရဝန်ထမ်း မဲပေါက်သူတွေပါ တစ်ဆင့်ခံအမြတ်ယူ ရောင်းချတာတွေ ရှိပါတယ်။ စီမံကိန်းမပြီးခင်ကတည်း စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ဒါက တကယ်တော့ ထိန်းချုပ်ရခက်တဲ့ ကိစ္စတွေပါ၊ အမှန်တကယ်တော့ ရောင်းချခွင့် မရှိဘူး၊ နောက်ထပ်အိမ်ရာတွေကို ဘယ်လိုထိန်းချုပ်မလဲ စောင့်ကြည့်ရမှာပါလို့ ပြောပါတယ်။

အစိုးရက ရောင်းချတဲ့ အိမ်ရာတွေရဲ့ မြေအမျိုးအစားတွေက ပါမစ်မြေတွေဖြစ်ပြီး လွှဲပြောင်းရောင်းချခွင့် မရှိတာကြောင့် ဝယ်ယူသူတွေအနေနဲ့ ဆုံးရှုံးနိုင်တယ်လို့ သိရတယ်။

တန်ဖိုးမျှတအိမ်ရာတွေကို ၄ နှစ်အတွင်း တစ်ဆင့်ပြန်ရောင်းချရင် သက်ဆိုင်ရာ ဝန်ကြီးဌာနက အခန်းပြန်သိမ်းမယ့် ဥပဒေတွေ စာချုပ်ထဲမှာပါတာကြောင့် ဥပဒေအရ တကယ်အရေးယူရင် တစ်ဆင့်ခံဝယ်ယူသူတွေ ပိုထိခိုက်နိုင်တာ ဖြစ်ပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ပထမတစ်ခါလည်း ကြုံခဲ့ဖူးတာကြောင့် ဌာနဆိုင်ရာတွေက နမူနာပြန်ယူပြီး အခုအသစ်တွေမှာ ဘယ်လိုမျိုးပုံစံနဲ့ စိစစ်နိုင်မလဲ၊ ပြုလုပ်နိုင်မလဲ ဆိုတာ နည်းလမ်းပြုလုပ်ထားသင့်တယ်လို့ ပြောပါတယ်။

Credit: Kumudra News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service