မြို့ပြင် သိန်း (၁ဝဝ) အောက် မြေကွက်များ အဝယ်လိုက်လာ

မြို့ပြင် သိန်း (၁ဝဝ) အောက် မြေကွက်များ အဝယ်လိုက်လာ - Property News in Myanmar from iMyanmarHouse.com
27 Jun 2016 12:05 pm တွင် တင်ခဲ့သည်
7047 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိအနေအထားအရ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေဆဲဖြစ်သော်လည်း မြို့ပြင်ရှိ ကျပ်သိန်း ၁ဝဝ အောက်မြေကွက်များ အဝယ်လိုက် လာပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။ ''အရောင်းဘက်မှာ ဒဂုံအရှေ့ နဲ့ ဒဂုံဆိပ်ကမ်းဘက်က အကွက်ရိုက်မြေကွက်တွေကို အရောင်းပြန်တင်လာကြတယ်။ ဒီမြေကွက် တွေက တချို့နေရာတွေမှာဆို သိန်းဆယ် ဂဏန်းလောက်ပဲရှိတော့ သိန်း ၁ဝဝ အောက်မြေကွက်တွေဆိုပြီး အရောင်းပြတာတွေရှိတယ်။ အဝယ်လဲရှိလာပါတယ်''ဟု ဒဂုံဆိပ်ကမ်းမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင် ဦးကြည်ထူးအောင်က ပြောသည်။

အဆိုပါမြေကွက်အများစုမှာ လက်ရှိတွင် အကွက်ရိုက်ပြီး ပြန်လည်ရောင်းချသည့် စလစ်နှင့် ပါမစ်မြေများဖြစ်ပြီး အများစုသည် မြေကွက်ထက် လယ်မြေကဲ့သို့ သွားလာရန်ခက်ခဲသည့် မြေကွက်များပြားကြောင်း၊ တချို့မြေကွက်များသည် လျှပ်စစ်မီတာရရှိသော် လည်း တချို့မြေကွက်နေ ရာများမှာ လမ်းဖောက်ထားရုံသာရှိသေးသည့် နေရာများလည်း ပါဝင်နေကြောင်း သိရသည်။

ယင်းမြေကွက်အများစုမှာ ယခင်က ကျေးရွာ များဖြစ်ပြီး ယခုနောက်ပိုင်းတွင် ရပ်ကွက်နာမည်ပေးထားသော မြို့နယ်အသစ်များဖြစ် ကြောင်း သိရသည်။ သို့သော် ပေ၂ဝ x ပေ ၆ဝ အကွက်များရှိသလို ဝယ်သူစိတ်ကြိုက် အကျယ်အဝန်းသတ်မှတ်ပြီး ဝယ်ယူနိုင် သည့် မြေနေရာများရှိ၍ အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း သိရသည်။ မြေကွက်တန်ဖိုးမှာ ကျပ် သိန်း ၆ဝ ခန့်မှ သိန်း ၉ဝ ဝန်းကျင်အထိ မြေနေရာနှင့် ရပ်ကွက်အလိုက် ကွာခြားမှုရှိကြောင်း သိရသည်။

ဝါရင့်ရှေ့နေဦးဌေးက ''တချို့မြေတွေရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက စလစ်နဲ့ ပါမစ်မြေတွေ ဖြစ်ပေမယ့် တချို့နေရာတွေကျ တော့ လယ်မြေတွေဖြစ်တာကြောင့် ဝယ်ယူသူတွေအနေနဲ့ သတိပြုသင့်ပါတယ်။ လယ်မြေတွေကို လူနေမြေအဖြစ် ပြောင်းလို့ရနိုင်ပေ မယ့် လယ်မြေကိုတော့ လက်ရှိအချိန်အထိ လူနေအိမ်ဆောက်လုပ်ဖို့မရနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေတာလဲရှိတယ်''ဟု သုံးသပ် ပြောဆိုသည်။

Credit : Yangon Life

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service