အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်နှင့်အတူ ရွေးကောက်ပွဲဝင်ကာ ဒုတိယသမ္မတလောင်းဖြစ်လာဖွယ်ရှိသည့် အလက်စကားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဆာရာပါလင်ပိုင်ဆိုင်သော အလက်စကားပြည်နယ်ရှိ နေအိမ်ကြီးကန်ဒေါ်လာ၂ဒသမ၅သန်းဖြင့်အရောင်းဈေးကွက်သို့ရောက်ရှိလာကြောင်းအမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆာရာပါလင်သည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိအလက်စကားပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး၂၀၀၈အမေရိကန်သမ္မတရွေးကောက်ပွဲတွင်ရီပတ်ဘလီကန်ပါတီလက်ထောက်သမ္မတအဖြစ် ဂျွန်မက်ကိန်းနှင့် ရွေးကောက်ပွဲဝင်ရောက် ခဲ့သူလည်း ဖြစ်သည်။
ရီပတ်ဘလီကန်ပါတီတွင်အမျိုးသမီးဒုတိယသမ္မတလောင်းအဖြစ်ပထမဆုံးအမည်စာရင်းတင်သွင်းခံရသူလည်းဖြစ်သည်။ဆာရာပါလင်သည် Going Rogueအမည်ရှိ စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့ရာ အုပ်ရေ ၂ သန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်သည်။
ဆာရာပါလင်ယခုရောင်းချမည့်နေအိမ်မှာ၅ဧကနီးပါးကျယ်ဝန်းသောမြေပေါ်တွင်တည်ရှိပြီးပင်မနေအိမ်မှာခေတ်ပြိုင်တပ်စ်ကန်ဟန်ဖြင့် ဆောက်လုပ်ထားပြီးစတုရန်းပေ ၈၀၀၀ နီးပါး ကျယ်ဝန်းသည်။
အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး ၀န်းကျင်ရှိတောင်တန်းများအလှကို ဆည်းဆာအချိန်တွင် လွမ်းမောဖွယ်ခံစားရမည် ဖြစ်သည်။
နေအိမ်အတွင်းမီးလင်းဖိုများ၊ စားတော်ကဲတစ်ဦးအသုံးပြုသည့်နီးပါးအသုံးအဆောင်ပစ္စည်းများ ဖြည့်သွင်းထားသည့် မီးဖိုဆောင်၊ Jacuzziရေစိမ်ကန်များ၊ မီးလင်းတိုင်များ၊ ၀ိုင်သိုလှောင်ခန်း၊ မီဒီယာခန်းမတို့ပါဝင်သည်။
နေအိမ်ပြင်ပတွင် အားကစားကွင်း၊ ရေကန်၊ လဟာပြင်ပါတီပွဲနေရာ၊ မီးလင်းဖိုနှင့်ညစာစားသည့်နေရာများ၊ ကား၆စင်းဆန့်ကားဂိုဒေါင်အစရှိသည်တို့ပါဝင်သည်ဆာရာပါလင်သည်အလက်စကားပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်မှ အနားယူပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် အဆိုပါနေအိမ်ကြီးကိုကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)