ပုဂံဒေသအဆောက်အအုံဆောက်လုပ်မှု စည်းမျဉ်းမူကြမ်းက အခက်အခဲဖြစ်စေဟုဆို

ပုဂံဒေသအဆောက်အအုံဆောက်လုပ်မှု စည်းမျဉ်းမူကြမ်းက အခက်အခဲဖြစ်စေဟုဆို - Property News in Myanmar from iMyanmarHouse.com
27 Jun 2016 10:05 am တွင် တင်ခဲ့သည်
1337 ကြိမ် ကြည့်ရှု့ပြီး
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ရေရှည်တည်တံ့ရေးအတွက် ဘက်စုံစည်မံကိန်း ရေးဆွဲရေးပညာရှင်တွေ ရေဆွဲထားတဲ့ အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းမူကြမ်းမှာ ဒေသခံတွေအတွက် လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် အချက်အချို့ကို ပြင်ဆင်ဖို့လိုတယ်လို့ ပုဂံမြို့ဒေသခံတွေက ပြောပါတယ်။

ရေးဆွဲထားတဲ့ အဆောက်အအုံလုပ်မှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းမူကြမ်းမှာ နောက်ထပ်ဆောက်လုပ်မယ့် အဆောက်အအုံတွေအနေနဲ့ ယဉ်ကျေးမှုဒေသနဲ့ ကိုက်ညီတဲ့အရောင်၊ အထပ်အမြင့်၊ အကွာအဝေး စတဲ့ သတ်မှတ်ချက်တွေဟာ ဒေသခံတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ သိရပါတယ်။

“ဒီမူကြမ်းက ဒေသခံတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေသလိုလဲ ဖြစ်နေတယ်၊ အိမ်ဝိုင်း ပေ ၆၀x ပေ ၈၀ မှာ အိမ်ဆောက်ရင် ရှေ့မျက်နှာစာက ခြံဝင်းနဲ့ ၁၂ပေ ကွာရမယ်၊ နောက်ဖေးက ၁၀ပေ၊ အိမ်ဘေးနှစ်ဖက်က ၆ပေ ကွာရမယ် ဆိုတော့ အိမ်မကြီးဆောက်ဖို့က ဘာမှမကျန်တော့ဘူး၊ ကျွန်တော်တို့ အိမ်ထောင်ခွဲတွေဆို ဘယ်လိုလုပ်မလဲ၊ မိဘအိမ်ဝိုင်းထဲမှာလဲ ဆောက်လို့မရ၊ ဘယ်သွားနေရမလဲ၊” လို့ ပုဂံမြို့သစ်က ဦးကိုကိုကြီးက ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းဖို့အတွက် မာစတာပလမ်ရေးဆွဲရာမှာ အဆောက်အအုံလုပ်မှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းတွေကို ဒေသခံတွေ အကြံပြုနိုင်ဖို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဒေသခံတွေထံ ပေးပို့ထား
တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကို အကြံပြုဖို့ ပေးထားတဲ့စာအုပ်ထဲမှာ ဒေသခံတွေအတွက် လူနေထိုင်မှုဇုန် (အာဘန်) မပါဘူး၊ အဲ့ဒါကလဲ လိုတယ်၊ မနေ့ကအစည်းအဝေးမှာ ဒါနဲ့ပတ်သတ်ပြီး မြို့မိ၊မြို့ဖတွေက သက်ဆိုင်ရာကို ကန့်ကွက်စာတင်ဖို့ လုပ်နေပါတယ်။” လို့ ဦးကိုကိုကြီးက ပြောပါတယ်။

သည်စည်းမျဉ်း စည်းကမ်းစာအုပ်မှာ မြေအောက်အနက်ကိုလည်း ခုနှစ်ပေထက် မပိုရဘူးလို့ ရှိပါတယ်လို့ သိရပါတယ်။ယွန်းထည်လုပ်ငန်းတွေမှာ မြေအောက်အနက် ၁၂ပေအထိ တူးပြီး အခြောက်ခံရတာဖြစ်တဲ့အတွက် အဲ့သည်အချက်တွေကိုလည်း ပြင်ပေးဖို့လိုတယ်လို့
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။

အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ လမ်းညွှန်းချက်နဲ့ စည်းမျဉ်းတွေကို မြန်မာနိုင်ငံ ဗိသုကာပညာရှင် အသင်းက ရေးဆွဲတင်ပြထားတာ ဖြစ်ပါတယ်။

“တော်တော်များများက လက်ခံပါတယ်၊ အရောင်တွေ၊ အမြင့်တွေကို လက်ခံတယ်၊ လက်မခံတာက ရောင်းစားခွင့်မရှိတာတို့၊ မြေတူးတာတို့ပေါ့၊ ဒီအစီအစဉ်ကလဲဗိသုကာပညာရှင် ဒေါက်တာကျော်လတ်တို့ဦးဆောင်ပြီးဆွဲတာ၊သူတို့ကလဲ ကောင်းစေချင်တဲ့စေတနာနဲ့ပါ၊ နိုင်ငံတကာက လာနေတော့ စနစ်တကျ ဖြစ်အောင် ဒီသဘောပါ၊ ကျွန်တော်တို့အနေနဲ့လဲ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း ဖြစ်စေချင်တယ်၊ ဒီမှာက အများကြီးပဲ” လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးအောင်ကြိုင်က ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ စည်းမျဉ်းတွေမှာ မြေအောက်ကို ၁၂ပေအထိ တူးခွင့်ပြုဖို့ အကြံပြုချက် ပေးပို့ထားတယ်လို့ သိရပါတယ်။

Credit: The Morden

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service