ယခုနှစ်မေလတွင် အမေရိကန်၌ အိမ်ဟောင်းရောင်းချရမှုများသည် ကိုးနှစ်ကျော်အတွင်း အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။ ရောင်းလိုအားတိုးတက်မှုသည် ၀ယ်သူများ အတွက် ရွေးချယ်ခွင့်ကို မြင့်တက်စေခဲ့သည်။ ထို့ပြင် ထိုလအတွင်း အလုပ်အကိုင် ဖွံဖြိုးတိုးတက်မှုတွင် နှေးကွေးခဲ့သော်လည်း စီးပွားရေးကောင်းမွန်ခဲ့ကြောင်းလည်း ညွှန်ပြခဲ့ခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံးနှုန်းအဖြစ် ပြီးခဲ့သည့်လတွင် အိမ်ဟောင်းရောင်းချရမှုသည် ၁ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အိမ်အရေအတွက် ၅ ဒသမ ၅၃ သန်း ရောင်းချခဲ့ရကြောင်း အမျိုးသားအိမ်ခြံမြေအသင်းက ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် ၂၀၁၅ ခုနှစ်မေကထက် ၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။ Reuters သတင်းဌာနက ယခုနှစ်မေတွင် ရောင်းအားသည် ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်မည်ဟု
ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။
ယင်းမတိုင်မီ ဧပြီလက အရေအတွက် ၅ ဒသမ ၄၃ သန်း ရောင်းချခဲ့ရပြီး ၅ ဒသမ ၄၅ သန်းရောင်းချခဲ့ရသည့် ၂၀၁၅ ခုနှစ် ဧပြီကထက် လျော့ကျခဲ့သည်။
ထို့သို့ယခုနှစ်မေလတွင် ရောင်းအားခိုင်မာစွာမြင့်တက်ခြင်းသည် အမေရိကန် စီးပွားရေး ပြန်လည် ဦးမော့လာရေးဆေးချယ်မှုတွင်တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)