အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားတို့၏ ဗဟိုဘဏ်ဝက်ဘ်ဆိုက်များသည် Anonymousဟက်ကာအဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရရာအဆိုပါတိုက်ခိုက်မှုများကိုကာကွယ်သောအားဖြင့် အင်ဒိုနီးရှားဗဟိုဘဏ် (BI) သည် ၀က်ဘ်ဆိုက်ကို ၀င်ကြည့်လေ့ကြည့်ထမရှိသောကမ္ဘာ့ဒေသပေါင်း ၁၄၉ ခုမှ IP Address များကိုပိတ်ပင်ထားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံကိုမူ ၀င်ရောက်ကြည့်ရှုခွင့်ပေးထားသည်ကိုလည်းတွေ့ရှိရသည်။
ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်သည့်နိုင်ငံများတွင် အာဖရိကမှ နိုင်ငံငယ်အများအပြား ပါဝင်ကြောင်း အင်ဒိုနီးရှားဗဟိုဘဏ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး ရော်နယ်ဝါ့စ်ကပြောကြားသည်။
ဇွန်လ ၂၁ ရက်ကအင်ဒိုနီးရှားဗဟိုဘဏ်၏ အီးမေးလ်ဆာဗာတွင် ဗိုင်းရပ်စ် ၂၇၃ ခုနှင့် spam email ပေါင်း ၆၇၀၀၀ ကျော် တွေ့ရှိခဲ့သည်။
အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားသာမကဘဲAnonymous ဟက်ကာအဖွဲ့၏တိုက်ခိုက်ခြင်းခံရသောဗဟိုဘဏ်များစွာရှိရာဟက်ကာတို့အသုံးပြုသောIP addressesများကိုဘဏ်အသီးသီးသို့ ပေးပို့ထားပြီးဖြစ်ကြောင်းလည်း ရော်နယ်ဝါ့စ်ကပြောကြားသည်။
ယခုနှစ်ဖေဖော်ဝါရီအတွင်း ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှ ကန်ဒေါ်လာ ၈၁ သန်းခန့်ကိုဟက်ကာတို့ကခိုးယူရန်ကြိုးပမ်းခဲ့မှု ပေါ်ပေါက်ပြီးနောက်ပိုင်းကမ္ဘာတစ်လွှားရှိဗဟိုဘဏ်များတွင် တပ်လှန့်ထားခဲ့ကြသည်။
အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားဗဟိုဘဏ်တို့ကိုဟက်ကာတို့ကDDoS (Distributed Denial of Service)တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီးငွေကြေးဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။
ယင်းသို့တိုက်ခိုက်မှုမျိုးတွင် ဟက်ကာတို့သည် အချို့အချက်အလက်များရရှိသွားလေ့ရှိသော်လည်းအရေးကြီးသည့် systemsများအတွင်းသို့မူ ထိုးဖောက်ဝင်ရောက်နိုင်လေ့မရှိဟုဆိုသည်။
Anonymousဟက်ကာအဖွဲ့က မေလအတွင်းယူကျုတွင် ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်၍ သတင်းထုတ်ပြန်ထားသည်မှာ ၎င်းတို့အဖွဲ့သည် ကမ္ဘာပေါ်ရှိဗဟိုဘဏ်များကိုရက် ၃၀ ကြာတိုက်ခိုက်သွားမည်ဖြစ်ကာOperation Icarusဟုအမည်ပေးထားကြောင်းထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)