မြို့သစ်စီမံကိန်းက လယ်မြေတွေ မရောင်းကြပါနဲ့ဦး

မြို့သစ်စီမံကိန်းက လယ်မြေတွေ မရောင်းကြပါနဲ့ဦး - Property News in Myanmar from iMyanmarHouse.com
24 Jun 2016 10:34 am တွင် တင်ခဲ့သည်
1280 ကြိမ် ကြည့်ရှု့ပြီး
မြို့သစ်စီမံကိန်းနေရာတွေက လယ်မြေတွေ မရောင်းချသင့်သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက
ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထပ်က အကောင်အထည်ဖော်တဲ့ မြို့သစ်ဖြစ်တဲ့ ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်းမှာ ပါဝင်တဲ့ လှိုင်မြစ်နဲ့တွံတေးတူးမြောင်းကြား၊ ကြည့်မြင်တိုင်မြို့နယ်၊
ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့တွံတေးမြို့နယ်တို့က လယ်မြေတွေကို မရောင်းချဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုထားတာ ဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်းက "မြေကို ဘယ်သူမှမရောင်းနဲ့၊ မြေရောင်းတယ်ဆိုရင် မှားသွားလိမ့်မယ်၊ အစိုးရအဟောင်းကနေ မြေသိမ်းမိန့်ထုတ်တယ်၊ သူတို့တွေ မြေသိမ်းမိန့်ထုတ်တယ် သူတို့တွေ စာရွက်တွေလိုက်ဝေထားတာရှိတယ်၊
လျှော်ကြေးပေးမယ်ပေါ့၊ ဒါဟာ အစိုးရသစ်အနေနဲ့ အတည်မပြုထားဘူး၊ ဒီလိုမျိုးတွေ ပေးမယ်ဆိုပြီး ဘယ်အဖွဲ့ အစည်းက အာမခံလားလို့မေးတော့ ဘယ်သူမှအာမ မခံဘူး" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရန်ကုန်မြို့ကို ချဲ့ ထွင်ဖို့ မြို့သစ်စီမံကိန်းကို စတင်ဖို့ မြေသိမ်းစာတွေ ထုတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအစိုးရသစ်ကတော့ စီမံကိန်းခုနှစ်ခုထဲက ဘယ်စီမံကိန်းကို စတင်အကောင်အထည်ဖော်မယ်ဆိုတာ
ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဆိပ်ကြီးခနောင်တို ကြည့်မြင်တိုင်ဘက်တွေမှာ မြေသိမ်းမိန့်ထုတ်တာတွေရှိသလို မြေတွေကို ပွဲစားတွေနဲ့ လိုက်ဝယ်တာတွေရှိနေပါတယ်။ဆိပ်ကြီးခနောင်တိုဘက်မှာက စလစ်မြေတွေဖြစ်ပြီး စလစ်အရောင်းအဝယ်
ပြုလုပ်ကြပါတယ်။လယ်မြေတွေနဲ့ ပတ်သတ်ပြီး တစ်နှစ်မှတစ်သီးပဲထွက်တာ၊ စပါးတစ်ဧကမှ တင်း၂၀ပဲထွက်တာ၊ ရေငန်ဝင်လို့သီးနှံစိုက်လို့မရတာ စတဲ့အမျိုးမျိုး
ဝါဒဖြန့်ပြီး လယ်တွေရောင်းဖို့ ပြောတာတွေရှိနေတယ်လို့
ဒေါ်စန္ဒာမင်းက ပြောပါတယ်။

မြို့သစ်စီမံကိန်းခုနှစ်ခုကို ပြီးခဲ့တဲ့လွှတ်တော်မှာ အတည်ပြုပြီးဖြစ်လို့ လက်ရှိအစိုးရက ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ်စီမံကိန်း စတင်အကောင်အထည်ဖော်တာနဲ့
ဘယ်လို developer ကုမ္ပဏီတွေနဲ့လုပ်မယ်၊ စီမံကိန်းရေးဆွဲထားတဲ့ဟာတွေက သည်လိုမျိုး စသည်ဖြင့် အစိုးရက စီမံကိန်းကို ဦးဆောင်ပြီး သည် developer ကုမ္ပဏီတွေက ဘယ်အပိုင်းကိုလုပ်မယ်၊ ပြည်သူတွေ မနစ်နာအောင်
မြေသိမ်းမိန့်ထုတ်မယ်၊ ပြည်သူလူထုကို ဘယ်လိုလျှော်ကြေးပေးမယ်ဆိုတာကအစ ပွင့်လင်းမြင်သာစွာ လွှတ်တော်ကလည်းပြောမယ်၊ သတင်းစာကလည်း ကြေငြာပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က အကောင်အထည်ဖော်တဲ့ မြို့သစ်ဖြစ်တဲ့ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းမှာပါဝင်တဲ့ မြို့နယ်တချို့က လယ်မြေတွေ စိုက်စရိတ်မရတဲ့ ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့
အစိုးရလွှတ်တော်က အတည်ပြုပြီးသွားပြီး လယ်တွေမလုပ်တော့ဘူးဆိုပြီး ပြီးခဲ့တဲ့နှစ်တွေကတည်းက စိုက်စရိတ်ချေးငွေတွေ မရရှိတော့တာဖြစ်ပါတယ်။

သည်ဒေသက အကောင်အထည်ဖော်ဖို့နှစ်နှစ်၊ သုံးနှစ်လောက်လိုသေးတယ်ဆိုရင် အစိုးရအနေနဲ့ စပါးစိုက်ဖို့ ချေးငွေပေးသင့်တယ်လို့ ဒေါ်စန္ဒာမင်းက ထောက်ပြပါတယ်။ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ကျွန်မတို့က
ရှင်းပြမှာပဲ။လယ်သမားတွေအနေနဲ့ ချိန်လို့ရပြီ လယ်စိုက်လို့ရသေးလား။ဘယ်နှနှစ်ဆိုတဲ့ဟာကို သက်ဆိုင်ရာအာဏာပိုင်တွေကို မေးပြီး စိုက်သင့်မစိုက်သင့် ချိန်ရမှာဖြစ်ပါတယ်။တကယ်လို့ သူတို့ဒေသက သုံးနှစ်လောက်
လိုသေးတယ်ဆိုရင် အစိုးရအနေနဲ့ စိုက်စရိတ်ချေးငွေ ပေးသင့်ပါတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက် ခုနှစ်နေရာစီ အကောင်အထည်ဖော်နိုင်သလို စီမံကိန်းတစ်ခုပြီးမှတစ်ခု မဟုတ်ဘဲ နှစ်ခုတစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်ပါတယ်။

အစိုးရက စီမံကိန်းရေးဆွဲပြီး developer ကုမ္ပဏီတွေက တစ်ပြိုင်တည်း အကောင်အထည်ဖော်တာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။စီမံကိန်းက ၂၀၁၆-၂၀၄၀အထိ ဖြစ်ပေမဲ့ သည်ထက်စောပြီးနိုင်တယ်လို့ သိရပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service