လာမည့် ၂၀၁၈ ခုနှစ်ရောက်မှသာမလေးရှားအိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာမည်

လာမည့် ၂၀၁၈ ခုနှစ်ရောက်မှသာမလေးရှားအိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာမည် - Property News in Myanmar from iMyanmarHouse.com
23 Jun 2016 11:00 am တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားအိမ်ခြံမြေ ဈေးကွက်သည် လာမည့် ၂၀၁၈ ခုနှစ်ရောက်မှသာ ပြန်လည် ဦးမော့လာမည်ဖြစ်ကြောင်း မလေးရှား အိမ်ခြံမြေလောက ၂၀၁၆ နှစ်လယ် သုံးသပ်ချက် ကော်မတီဝင်တစ်ဦးဖြစ်သူ ဂျိမ်းစ်ဝေါင်းက ပြောကြားသည် ဟုကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

“လက်ရှိစီးပွားရေးအခြေအနေတွေအပေါ် အခြေခံပြီး သုံးသပ်ရမယ်ဆိုရင် အိမ်ခြံမြေဈေးကွက် က အားပျော့နေပြီးရောင်း လိုအားကအလွန်အကျွံဖြစ်နေတယ်။ ၂၀၁၆ ဒုတိယနှစ်ဝက်မှာ လည်း ပြန်ပြီးနာလံ ထူဖွယ်မရှိသေးဘူး”ဟု ဂျိမ်းစ်ဝေါင်းက ပြောကြားသည်။
လာမည့် ဇူလိုင် ၂၇ ရက်တွင် ကွာလာလမ်ပူရှိ TheSime Darby Convention Centre တွင် မလေးရှားအိမ်ခြံမြေလောက ၂၀၁၆ နှစ်လယ်သုံးသပ်ချက် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ရာ ရာဖြတ်များအသင်း၊ အိမ်ခြံမြေလောကမှ မန်နေဂျာများ၊ အိမ်ခြံမြေအကျိုးဆောင်များနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် များတက်ရောက်ကြမည် ဖြစ်သည်။

မလေးရှားအိမ်ခြံမြေဈေးကွက်ကျဆင်းနေသည်မှာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာကဏ္ဍတွင်သာဖြစ်ပြီး လူနေအိမ်ခြံမြေဈေးကွက်မှာ မူများစွာအခြေအနေ ဆိုးရွားခြင်းမရှိကြောင်းလည်း ဂျိမ်းစ်ဝေါင်း က ပြောကြားသည်။ “လူနေအိမ်ခြံမြေဈေးကွက်မှာတော့ ၀ယ်လက်အစစ်တွေ ရှိနေပါသေးတယ်။ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာအိမ်ခြံမြေ ကဏ္ဍမှာတော့ ဈေးကွက်ထဲကိုရောင်း လိုအားဖြည့်တင်း မှုတွေ အဆက်မပြတ်ရှိနေ တာကိုတွေ့ရတယ်။

ဒါကအငှားဈေးကွက်အပေါ် ဖိအားအချို့ သက်ရောက် လာစေပါတယ်။ လူတွေဟာငွေသုံးစွဲမှုလျော့ကျ လာနေတာကြောင့် လည်းကုန်တိုက်တွေ မှာစိန်ခေါ်မှုသစ်တွေ ရင်ဆိုင်လာနေရတယ်။

လူနေမှုစရိတ်က မြင့်တက်လာပေမယ့် ၀င်ငွေမြင့်တက်မှု နှုန်းကအမှီမလိုက်နိုင် တာကြောင့်လည်း တစ်ကြောင်းပါတယ်” ဟုထိပ်သီးဆွေးနွေးပွဲကျင်းပရေး ဥက္ကဌအယ်လ်ဗင် ဖာနန်ဒက်ဇ် ကပြောကြားသည်။
မလေးရှား အမျိုးသား အိမ်ခြံမြေသတင်း အချက်အလက်ဌာန (Napic) မှ ထုတ်ပြန်သော အချက်အလက်များ အရ ၂၀၁၆ ခုနှစ်အတွင်း မလေးရှားတွင် အိမ်ခြံမြေ ရောင်းဝယ်မှု အရေအတွက်နှင့် တန်ဖိုးမှာ ၁၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၁၇ ဒသမ ၉ ရာခိုင်နှုန်းအသီးသီး ကျဆင်းသွားကြောင်း ထုတ်ပြန်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service