တရားမ၀င် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသား များကို စာရင်းကောက်ယူ တိုင်တန်းသွားမည်

တရားမ၀င် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသား များကို စာရင်းကောက်ယူ တိုင်တန်းသွားမည် - Property News in Myanmar from iMyanmarHouse.com
23 Jun 2016 10:27 am တွင် တင်ခဲ့သည်
938 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် တရားဝင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းဖွင့်လှစ်နေသည့် နိုင်ငံခြားသားများကို ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းက စာရင်းကောက်ယူ တိုင်တန်းသွားမည်ဖြစ်သည်။

အကျိုးဆောင်လုပ်ငန်းကို လိုင်စင်မဲ့ လုပ်ဆောင်လာသည့် နိုင်ငံခြားသား အရေအတွက် များလာရာ ပြည်တွင်းအိမ်ခြံ မြေလုပ်ကိုင်သူများ နစ်နာရခြင်းကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရထံသို့ တင်ပြရမည်ဖြစ်ကြောင်း အသင်း၏ ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။

"သူတို့ မြန်မာနိုင်ငံမှာလာပြီး တိုက်ရိုက် ၀န်ဆောင်မှုအနေနဲ့ လာလုပ်တာက တရားမ၀င်ဘူးလေ။ ဥပဒေကလည်း ခွင့်ပြု ထားခြင်းမရှိဘူး။ ၀န်ဆောင်မှုကဏ္ဍမှာ လာလုပ်ချင်ရင်တောင် မြန်မာနိုင်ငံ သားနဲ့ အကျိုးတူလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရဲ့ခွင့်ပြုချက်လိုသေးတယ်။ အခုအပြင်မှာဖြစ်နေ တာက ကုမ္မဏီလိုင်စင်လည်းမရှိ၊ ဘာခွင့်ပြုချက်မှမရှိဘဲ လုပ်နေကြတယ်။ သူတို့ အခုလို လုပ်နေတဲ့အတွက် ပြည်တွင်း က လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းတွေကို ထိခိုက်နေ ပါတယ်။ ဒါကြောင့် စာရင်းကောက်ယူပြီး သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြ တိုင်တန်းသွားဖို့ စာရင်းကောက်ယူနေ ပါတယ်"ဟု ၎င်းကပြောသည်။ နိုင်ငံခြားသား အချို့မှာမူ နိုင်ငံသားအကျိုးဆောင်များနှင့် ပူးပေါင်းလုပ်ကိုင်မှု များရှိကြောင်းလည်း ၎င်းက ပြောသည်။ ဧပြီလအတွင်းကစတင်ကာ ရန်ကုန် မြို့တော်အနှံ့ရှိ တရားမ၀င် အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ကိုင်နေသည့် နိုင်ငံခြား သားများကို နည်းလမ်းစုံဖြင့် စာရင်း ကောက်ယူလျက် ရှိသည်။

ဇွန် ၁၇ ရက်အထိ စာရင်းကောက်ယူထားပြီးသည့် နိုင်ငံပေါင်း စုံက တရားမ၀င်နိုင်ငံခြား အကျိုးဆောင် ရာဂဏန်းကို စိစစ်ကောက် ယူနိုင်ခဲ့ပြီး အရေအတွက်အတိအကျကို မကြာမီ ထုတ် ပြန်သွားရန်ရှိသည်။ "ကျွန်တော်တို့ စာရင်းကောက်နေတာ နှစ်လကျော်ရှိပါပြီ။ ထောင်ဂဏန်းလောက် တော့မရှိပေမဲ့ ရာဂဏန်းတော့ ကျော် တယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့ လုပ်နေတာကို သိပြီး ရပ်ရင်ရပ် မရပ်ရင် တော့ အဆင့်လိုက် ဆက်ပြီး တင်ပြရမှာဖြစ်တယ်။ သူတို့က လုပ်ပိုင်ခွင့်မရှိဘဲနဲ့ သူတို့ နိုင်ငံသားအသီးသီးကို ၀န်ဆောင် မှုပေးနေ တော့ ကျွန်တော်တို့ ပြည်တွင်းက လူတွေဆီ မလာကြတော့ဘူး။ ကျွန်တော်တို့ ရပိုင်ခွင့် ကို သူတို့က ၀င်လုတဲ့ သဘောဖြစ်နေ တယ်။ အစိုးရကလည်း သူတို့အိမ်ခြံမြေ၀န်ဆောင် မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခွင့်မပေးထားဘူးဆိုတာ ကန့်သတ်ထားပြီးသား ဖြစ်တယ်"ဟု ဦးစိုင်းခွန်နောင်က ဆက်လက်ပြောသည်။

နိုင်ငံခြားသားအကျိုးဆောင်က မိမိ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြဘဲ ကိုယ်တိုင်နေထိုင်မည်ဟု အကြောင်းပြကာ အိမ်ခြံမြေဈေးကွက် ဈေးနှုန်းအချက်အလက်များကို ပြည်တွင်းရှိ အကျိုးဆောင် များထံမှတစ်ဆင့် ရယူခြင်းဖြစ်သည်။ ထို့နောက် မိမိတို့နှင့် ဆက်နွှယ်သည့် သက်ဆိုင်ရာနိုင်ငံများမှ လာရောက်သူများ ကို သီးသန့်ပစ်မှတ်ထားကာ အခကြေးငွေ ရယူလုပ်ကိုင်နေသည်။ ၎င်းတို့ကို အတိ အကျစာရင်းကောက်ယူနိုင်ရန် အခက် အခဲများ ရှိနေသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကလည်း တရားမ၀င် နိုင်ငံခြားသားအကျိုး ဆောင်များကို တိုင်တန်းနိုင်ကြောင်း မကြာ သေးမီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဘက်က တော့ တွေ့ရင်တိုင်ပါလို့ ပြောထားတယ်။ ခက်တာက သူတို့လုပ်နေ တဲ့ပုံစံက ပြောင် ပြောင်တင်းတင်းလုပ်တာ မဟုတ်ဘဲ၊ ပတ်သက်ရာပတ်သက်ကြောင်းပဲ တိုးတိုး တိတ်တိတ်လုပ်ကြတာဆိုတော့ လုပ်ရ ကိုင်ရခက်တယ်။ မြန်မာနိုင်ငံသားနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကြတဲ့လူတွေကလည်း ရောင်တော်ပြန် လွှတ်ပြီး လုပ်ကြတဲ့သဘောပဲ ရှိတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ဖို့ အစီအစဉ်ရှိ ပေမဲ့ လောလောဆယ်တော့ လုပ်မယ့် အစီအစဉ်ကို မပြောနိုင်သေးပါဘူး"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို)၏ ဒုဥက္ကဋ္ဌ ဦးသန်းဦးက ဇွန် ၁၇ ရက်တွင် ပြောသည်။

ကော်မရှင်၏စာရင်းအရ ၂၀၁၆ ခုနှစ် မေလအထိ အိမ်ခြံမြေ၀င်ရောက်လုပ်ကိုင် သည့် လုပ်ငန်းပေါင်း ၃၅ ခုရှိသည်။ ယင်းတို့ ကိုစုံစမ်း သိရှိပါက ကော်မရှင်သို့ လာရောက် တိုင်ကြားနိုင်ကြောင်းလည်း အစိုးရသစ် လက်ထက်တွင် အသိပေးပြီးဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service