ဆောက်လုပ်မှုရပ်ဆိုင်းထားသည့် အထပ်မြင့်များအနက် ၁၂ လုံးကို စတင်စစ်ဆေး

ဆောက်လုပ်မှုရပ်ဆိုင်းထားသည့် အထပ်မြင့်များအနက် ၁၂ လုံးကို စတင်စစ်ဆေး - Property News in Myanmar from iMyanmarHouse.com
23 Jun 2016 10:04 am တွင် တင်ခဲ့သည်
848 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်မှု ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံများအနက် အဆောက်အအုံ ၁၂ လုံးကို စတင်စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က ဖွဲ့စည်းသည့် စစ်ဆေးရေးကော်မတီက စတင်စစ်ဆေးပြီး ယခုလကုန်တွင် အပြီးသတ်စစ်ဆေးမည်ဟု စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဝန်ကြီးချုပ်ကိုယ်တိုင် ဖွဲ့ စည်းလိုက်သည့် ကော်မတီတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဝင်များ၊ အဆောက်အအုံနှင့်သက်ဆိုင်သည့် အင်ဂျင် နီယာများ၊ ဗိသုကာပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ရပ်မိရပ်ဖနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များ အသင်းမှ လုပ်ငန်းရှင်များ လည်း ပါဝင်ကြောင်း အင်ဂျင်နီ ယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရပ်ဆိုင်းထားသည့် အ ဆောက်အအုံများ စစ်ဆေးပြီးပါ က တစ်ပတ်အတွင်း ဆက်လက် ဆောက်လုပ်ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၁၆ ရက်တွင်ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အထပ်မြင့်နှင့် ပတ်သက်၍ သတ်မှတ်ချက် မရှိခြင်းကြောင့် ဆိတ်ငြိမ် ရပ်ကွက်များတွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်းကို အဓိကထားစစ်ဆေးမှုများပြုလုပ်မည်ဟု စစ်ဆေးရေးကော်မတီက ထုတ်ပြန်သည်။

အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်းကို ရပ်ဆိုင်းထား၍ ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစု နစ်နာမှုများ ကြုံတွေ့နေရပြီး လုပ်ငန်းများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က တောင်းဆိုထားကြသည်။

‘‘အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းရှင်က တစ်ဖက်၊ မြေရှင် နဲ့ချုပ်ဆိုထားတဲ့ ကတိကဝတ်တွေပျက်ကုန်တယ်။ နေ့စားအလုပ်သ မားတွေကို ဘယ်နေ့အလုပ်ပြန် ဆင်းပါဆိုတာကို ကျွန်တော်တို့ ဘက်က ကတိမပေးနိုင်သေးဘူး’’ ဟု New Generation ဆောက် လုပ်ရေးလုပ်ငန်းရှင် ဦးဉာဏ်သစ် လှိုင်က ပြောသည်။

ရန်ကုန်တွင် ၁၃ ထပ်နှင့် အ ထက် အထပ်မြင့်အဆောက်အအုံ ၁၄၀ ကျော်ကို ပြီးခဲ့သည့် မေလ ၂၀ ရက်က ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ညွှန်ကြားချက်ထုတ်၍ ရပ်ဆိုင်းခဲ့သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service