ခေတ္တရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန် ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေ

ခေတ္တရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန် ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေ - Property News in Myanmar from iMyanmarHouse.com
23 Jun 2016 10:01 am တွင် တင်ခဲ့သည်
1236 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ခေတ္တရပ်ဆိုင်းထားသည့် အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန်အတွက် ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းသို့ ခွင့်ပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ရှိသူများနှင့် စိစစ်ရေးကော်မတီကို တရားဝင်ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့မှ ပြန်လည်စိစစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ရပ်ထားတဲ့ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည်ခွင့်ပြုဖို့ ဒီနေ့စပြီး စိစစ်နေပါပြီ။ စိစစ်ရေးကော်မတီကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်း စိစစ်နေတာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခေတ္တရပ်ဆိုင်းထားသည့် အထပ်မြင့်အဆောက်အအုံ ၁၀၀ ကျော်ရှိပြီး ယင်းအထဲမှ ပါမစ်ကြီးကျပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ရပ်ဆိုင်းထားရသည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ဦးစားပေး စိစစ်နေကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြား သည်။

“ပါမစ်ကြီးကျပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် ပြန်ရပ်ထားတဲ့ အဆောက်အအုံ ၁၂ လုံးကို ဦးစားပေးပြီး စစ်နေတယ်။ အဖွဲ့လေးဖွဲ့နဲ့ တစ်ပြိုင်နက်တည်း စစ်နေတာပါ”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ယခင်အစိုးရလက်ထက်က ဥပဒေနှင့် မညီညွတ်ဘဲ ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ကို အစိုးရသစ်က ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရပ်ဆိုင်းထားမှုအပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံ ၎င်းတို့၏ နစ်နာမှုကို တင်ပြမှုများရှိကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

“ကျွန်မတို့ ကော်မတီကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ရပ်ထားလို့ ဘယ်လောက် နစ်နာတယ်ဆိုတာ လာတင်ပြထားတယ်။ လုပ်ငန်းရှင်တွေ ပြောတာကတော့ အရင်အစိုးရ လက်ထက်တုန်းက သူတို့ဟာ မူအားဖြင့် ခွင့်ပြုချက်ရထားပြီးသား ဖြစ်မယ်။ မူအားဖြင့် ရထားပြီးသားဆိုရင် ပါမစ်ကြီးလို့ ခေါ်ပါတယ်။ ဆိုင်းဘုတ်အစိမ်း ရထားပြီးသားလူတွေ ဖြစ်တယ်။ ဒီလူတွေကလည်း လုပ်ငန်းရပ်ဆိုင်းထားခြင်း ခံရတယ်။ ရပ်ဆိုင်းထားတာကလည်း ပြဿနာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ သူတို့ကို မှီခိုနေတဲ့ အလုပ်သမားတွေကို မှီခိုဖို့ သိပ်ခက်ပါတယ်။ သူတို့က လုပ်ငန်းရှင်တစ်ဦးက ဘဏ်မှာ ကျပ်သိန်းခြောက်သောင်းလောက် ချေးထားတဲ့လူတွေ ဖြစ်တယ်တဲ့။ ဘဏ်ကနေလည်း ငွေချေးထားသလို သူတို့နဲ့ဆက်နွှယ်ထားတဲ့ အုတ်သဲကျောက် လုပ်ငန်းရှင်တွေဆီကလည်း အကြွေးတွေနဲ့ ယူထားတာ ဖြစ်တဲ့အတွက် ကြာရှည်မယ်ဆိုရင် ပြဿနာဖြစ်လာနိုင်တယ်တဲ့။ အဲဒီကိစ္စတွေကို ကျွန်မတို့ လွှတ်တော်ကနေ တင်ပြပေးဖို့ ရှိပါတယ်”ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယခင် အစိုးရလက်ထက်က စည်ကမ်းဥပဒေများနှင့် မညီဘဲ ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ်မြင့်အဆောက်အအုံများကို ရပ်တန့်ထားရန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က စောင့်ကြည့်မည်ဖြစ်ကြောင်း ပြောကြာခဲ့သော်လည်း အချို့အဆောက်အအုံများ မရပ်တန့်ဘဲ ဆက်လက် ဆောက်လုပ်နေမှု များရှိကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် မည်သည့်နေရာတွင် မည်သည့်အဆောက်အအုံများ ခွင့်ပြုသင့်သည်။ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်၊ ဆိတ်ငြိမ်ရပ်ကွက် စသည့်နေရာများတွင် အထပ်မည်မျှ ခွင့်ပြုသင့်သည်ကို ကန့်သတ်သည့် Zoning Law ထုတ်ပြန်ရန် လိုအပ်နေပြီး ယင်း ကိစ္စကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တောသို့ တင်ပြခဲ့သော်လည်း ရန်ကုန်မြို့တော်ဝန်က ၎င်းတို့တွင် လုပ်ဆောင်ပြီးသား ရှိသည်ဟု ပြန်လည်ဖြေကြား ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service