မလေးရှားတွင် ၂၀၁၃ ခုနှစ်မှ ယခုနှစ် မေလ ၃၁ ရက်အထိ developer တို့နှင့် စပ်လျဉ်းသည့် အမှုပေါင်း ၅၀၀၀ ကျော်ကိုမလေးရှားအမျိုးသားအိမ်ရာခုံရုံးကဖြေရှင်းခဲ့ရကြောင်းကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိမ်ခြံမြေကဏ္ဍအမှုပေါင်း ၆၅၃၄ ခုရှိခဲ့သည့်အနက်မှ ၅၈၅၁ မှုကိုကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီးဖြစ်ရာအဓိကအားဖြင့် developer တို့က အရောင်းအ၀ယ် သဘောတူညီ ထားချက်များကို မလိုက်နာခြင်းများဖြစ်ကြသည်။
မြို့ပြသာယာဝပြောရေးနှင့် အိုးအိမ်ဝန်ကြီးအဗ္ဗဒူရာမန် ဒါလန်ကပြောကြားရာတွင် ၎င်းတို့ဖြေရှင်းခဲ့ရသည့် အိမ်ရာမှုခင်းများမှာအဓိကအားဖြင့် ဆောက်လုပ်မှုအရည်အသွေးမမှီခြင်း (သို့မဟုတ်) ကြိုပွိင့်ရောင်းချထား စဉ်ကဖော်ပြထားချက်များကိုမလိုက်နာခြင်းအစရှိသည့် နည်းပညာပိုင်းဆိုင်ရာမှုခင်းများနှင့် ၀ယ်လက်များထံ အပ်နှံချိန်နောက်ကျခြင်းဟူသောမှုခင်းများများပြားကြောင်းပြောကြားသည်။
မလေးရှားအမျိုးသားအိုးအိမ်ဦးစီးဌာနသို့ သတ်မှတ်ဖော်ပြ ထားချက်များ ကိုမလိုက်နာသည့် မှုခင်းပေါင်း ၁၀၁၂ မှု တင်ပြခဲ့သည့်အနက် developer ပေါင်း ၂၉၇ ခုကိုတရားစွဲဆိုခဲ့ပြီး developer ၂၀ ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်းအဗ္ဗဒူရာမန်ကပြောကြားသည်။ မလေးရှားအထက် လွှတ်တော်အမတ် ယာဟာယာမက်ဂါနီကအဗ္ဗဒူရာမန်ကို developer တို့နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုကြောင်းတောင်းဆိုခဲ့သည်။
၎င်း၏ တောင်းဆိုချက်တွင် အိမ်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် အမိန့်ကိုလိုက်နာရန်ပျက်ကွက်သည့် developer များ၊ တရားစွဲဆိုခြင်းမခံရသည့် developer များ၊ ခုံရုံးဆုံးဖြတ်ချက်များကိုလိုက်နာရန် ငြင်းဆိုသောကြောင့် တရားရုံးချုပ်မှ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် developer အရေအတွက်၊ ၀ယ်လက်တို့၏ အခွင့်အရေး ကိုအကာအကွယ်ပေး ရန် အစိုးရ၏ ကြိုးပမ်းမှုများ ကိုမေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဗ္ဗဒူရာမန်ကပြောကြားရာတွင် ယခုအချိန်အထိ developer ပေါင်း ၃၀၂ ခုကို အမည်ပျက် စာရင်းသွင်းခဲ့ပြီးဖြစ်ရာအဆိုပါ developer တို့အနေဖြင့် အိမ်ရာဆောက်လုပ်မှု လိုင်စင်လျှောက်ထားနိုင်မည် မဟုတ်သည့်အပြင် အိမ်ခြံမြေ အရောင်းကြော်ငြာခြင်း များခွင့်ပြုမည် မဟုတ်ကြောင်းပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)