၂၀၁၈ ကမ္ဘာ့အိမ်ခြံမြေကွန်ဂရက် အိမ်ရှင်နိုင်ငံအဖြစ် ဒူဘိုင်းရွေးချယ်ခံရ

၂၀၁၈ ကမ္ဘာ့အိမ်ခြံမြေကွန်ဂရက် အိမ်ရှင်နိုင်ငံအဖြစ် ဒူဘိုင်းရွေးချယ်ခံရ - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 11:30 am တွင် တင်ခဲ့သည်
1358 ကြိမ် ကြည့်ရှု့ပြီး
၆၉ ကြိမ်မြောက်ကမ္ဘာ့ အိမ်ခြံမြေကွန်ဂရက် ကို၂၀၁၈ခုနှစ်တွင် ကျင်းပမည်ဖြစ်ရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံ အဖြစ် ဒူဘိုင်းကိုရွေးချယ် လိုက်ကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒူဘိုင်းအိမ်ခြံမြေကွန်ဂရက်ကိုဒူဘိုင်းစီးပွားရေးပွဲတော်များဆိုင်ရာအဖွဲ့ (DBE) (ယင်းအဖွဲ့အစည်းသည် ဒူဘိုင်း ခရီးသွားလုပ်ငန်း ၏ ညီလာခံပွဲတော်များကျင်းပရေးဆိုင်ရာ တရားဝင်ဗျူရိုတစ်ခုဖြစ်သည်။) သည် ဒူဘိုင်းမြေယာဌာန (DLD) ၏ ပညာရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သော ဒူဘိုင်းအိမ်ခြံမြေသိပ္ပံနှင့် လက်တွဲကာ ကျင်းပသွားမည်ဖြစ်သည်။

နှစ်စဉ်ကျင်းပလေ့ရှိသောကမ္ဘာ့အိမ်ခြံမြေကွန်ဂရက်သည် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေကဏ္ဍ ဦးဆောင်လုပ်ငန်းရှင် များကိုဒူဘိုင်းသို့ စုရုံးရောက်ရှိလာစေ ရန် ဆောင်ကြဉ်းပေးမည့် ပွဲကြီးတစ်ခုလည်း ဖြစ်သည်။

ယင်းအိမ်ခြံမြေကွန်ဂရက်ကို နိုင်ငံတကာအိမ်ခြံမြေအဖွဲ့ချုပ် (Fiabci) မှ ကမကထပြုလုပ်ကျင်း ပခြင်းဖြစ်ပြီး ဒူဘိုင်းကွန်ဂရက်တွင် နိုင်ငံပေါင်း ၆၀ ကျော်မှ အိမ်ခြံမြေကဏ္ဍ ကျွမ်းကျင်ပုဂ္ဂိုလ်ပေါင်း ၁၀၀၀ ကျော် တက်ရောက်ဖွယ်ရှိကြောင်းခန့်မှန်းထားသည်။
DBE နှင့် DERI တို့မှ ပူးတွဲကျင်းပမည့် အဆိုပါကွန်ဂရက်ကိုဒူဘိုင်းနိုင်ငံတကာညီလာခံနှင့် ပြပွဲစင်တာတွင် ပြုလုပ်မည်ဖြစ်ပြီးဒေသတွင်းအိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များလည်းပါဝင်မည်ဖြစ်သည်။

ယခုကဲ့သို့ ရွေးချယ်ခံရခြင်းမှာဒူဘိုင်းသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကမ္ဘာ့ဦးဆောင် ဗဟိုချက်ဖြစ်လျက် ရှိလာသည်ကိုလှစ်ဟပြသလိုက်ခြင်းဖြစ်ပြီးရင့်ကျက်လာသောအိမ်ခြံမြေဈေးကွက်၊ စွန့်ဦးတီထွင်မှု ဆိုင်ရာအောင်မြင် မှုများ၏ အကျိုးဆက်တစ်ခုဖြစ်သည်ဟုသုံးသပ်ကြသည်။
ယခုကွန်ဂရက်ကျင်းပခြင်းကြောင့် ဒူဘိုင်းသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘာလှည့်ခရီး သည်များပိုမိုလာရောက်စေရန် ဆွဲဆောင်နိုင် မည်ဖြစ်ကာ ဒူဘိုင်းစီးပွားရေးကိုပိုမိုခိုင်မာလာစေမည်ဖြစ်သည်ဟု DLD မှ အထွေထွေညွှန်ကြားရေးမှူး ဆူလ်တန်ဘတ်တီဘင် မက်ဂ်ျရန်ကပြောကြားသည်။
ယခုနှစ်အတွက် ကမ္ဘာ့အိမ်ခြံမြေ ကွန်ဂရက်ကိုပနားမားနိုင်ငံတွင် မေလ ၂၁ ရက်မှ ၂၆ ၇က်အထိ ကျင်းပခဲ့ပြီးဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သောကမ္ဘာကြီးဖြစ်စေဖို့ ဖွံ့ဖြိုးမှုတွေ ဆက်သွယ်စို့” ဟူ၍ ဖြစ်သည်။

ယင်းကွန်ဂရက်တွင် တန်ဖိုးမျှတအိမ်ရာ၊ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ရရှိလာသည့် အိမ်ခြံမြေအခွင့်အလမ်းများ၊ စမတ်မြို့တော်များနှင့် အိမ်ခြံမြေကျင့်ဝတ် အစရှိသောခေါင်းစဉ် များဆွေးနွေးခဲ့ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service