ဗဟိုရန်ကုန်၏ အနားသတ်အလှများနှင့် ရန်ကုန်မြို့သစ်စီမံကိန်း

ဗဟိုရန်ကုန်၏ အနားသတ်အလှများနှင့် ရန်ကုန်မြို့သစ်စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 11:04 am တွင် တင်ခဲ့သည်
2368 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်ဆိုသည်က ရွှေတိဂုံစေတီတော်တည်ရှိရာ ဒဂုံမြို့အဖြစ်မှ အလောင်းမင်းတရားဦးအောင်ဇေယျ၏ သမုတ်မှုဖြင့် ရန်အပေါင်းကုန်ရာ ရန်ကုန်ဟူသော အမည်သညာ တွင်ခဲ့သည်။ ထိုစဉ်တုန်းကတော့ ဆိပ်ကမ်းမြို့ငယ်ကလေးမျှသာဖြစ်သော ရန်ကုန်သည် ဇနပုဒ်သာသာအဆင့်သာရှိခဲ့သည်။ ရွှေမြို့တော်ဟူသောအရည်အဆင့် ဆိုက်ရောက်နိုင်စွမ်းမရှိခဲ့။ အောက်မြန်မာနိုင်ငံ နယ်ချဲ့အင်္ဂလိပ်တို့လက်အောက် ရောက်သွားသည်မှအစ ပင်လယ်ဆိပ်ကမ်းဝင်ပေါက်ဖြစ်သော ရန်ကုန်မြို့ကို ကုန်သွယ်မြို့အဖြစ်အပြင် အစိုးရရုံးစိုက်ရယမြို့အဖြစ်ပါ ပြုပြင်ပြောင်းလဲချဲ့ထွင်မှုများ လုပ်ဆောင်ခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီဘ၀ ကျရောက်သောအခါ မင်းနေပြည်ဖြစ်သော မန္တလေးကို အစိုးရရုံးစိုက်ရာမြို့အဖြစ် မရွေးချယ်ဘဲ ရေကြောင်းခရီးအချက်အချာကျရာ ရန်ကုန်မြို့ကို အုပ်ချုပ်ရေးယန္တရား၏ဗဟို အစိုးရရုံးစိုက်ရာမြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်သည့်အတွက် ရန်ကုန်ကို မြို့အင်္ဂါရပ်များနှင့်ညီညွတ်အောင် ပြုပြင်စီရင်ခြင်းများပြုခဲ့သည်။ နောင်အစဉ်အဆက် ခေတ်များစွာတွင်လည်း ရန်ကုန်မြို့၏နယ်နိမိတ်ကို တစ်စတစ်စချဲ့ထွင်ခဲ့သည်။

ရန်ကုန်သည် ယခုမျက်မှောက်ခေတ်အထိ အလုပ်အကိုင်အခွင့်အလမ်းတို့ပွင့်လန်းရာ စီးပွားရေးမြို့တော် ဖြစ်နေသည်နှင့်အညီ မြန်မာနိုင်ငံတစ်နံတစ်လျားမှ အလုပ်လုပ်လိုသူများ ခိုလှုံကြရာ ဘူမိနက်သန်အောင်မြေ ဖြစ်နေသည်။ ထို့ကြောင့် ရန်ကုန်မြို့သို့ ၀င်ရောက်ခိုလှုံလာကြသည့် လူကြီး-လူငယ်၊ ယောက်ျား-မိန်းမ အရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် ဆတိုးကိန်းဖြင့်ပွားစည်းလာသည်။ တိုးပွားလာသောလူဦးရေနှင့် လိုက်ဖက်ညီအောင် မြို့အကျယ်အ၀န်းကို ချဲ့ထွင်ရရာ ၁၉၈၈ ခုနှစ် မတိုင်မီက စတုရန်းပေ ၈၀ ရှိခဲ့သော ရန်ကုန်နယ်နိမိတ်သည် ၂၀၁၄ ခုနှစ်တွင် ၃၀၆ စတုရန်းမိုင်အထိ ကျယ်ပြန့်ခဲ့သည်။ ရန်ကုန်မြို့နေလူဦးရေမှာလည်း ယခုလက်ရှိ ခုနစ်သန်းကျော်ရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်လူဦးရေ ၁၁ သန်းအထိ ရှိလာနိုင်မည်ဖြစ်ကြောင်း မြို့ပြပညာရှင်များက ခန့်မှန်းထားကြသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစိုးရလက်ထက်တွင် ရန်ကုန်မြို့သစ်စီမံကိန်းများကို ရေရှည်စီမံချက်များ ချမှတ်လုပ်ဆောင်ခဲ့ရာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မြို့သစ်စီမံကိန်းခုနစ်ခု လျာထားခဲ့သည်။ ယခင်အစိုးရအနေဖြင့် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပူးပေါင်းကာ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ရေးဆွဲပြီး ရန်ကုန်မြို့သစ်စီမံကိန်းခုနစ်ခု လျာထားခြင်းဖြစ်သည်။ သမ္မတဦးထင်ကျော်ဦးဆောင်သည့် ယခုအစိုးရသစ်လက်ထက်တွင် ယခင်အစိုးရလက်ထက်က အတည်ပြုပြီးဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်း ခုနစ်ခုကို ဒီဇိုင်းပုံစံသာပြောင်းလဲ၍ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆိုခဲ့ပါ ရန်ကုန်မြို့သစ်စီမံကိန်း ခုနစ်ခုမှာ ရန်ကုန်အရှေ့ပိုင်းမြို့သစ်၊ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်နှင့် လှည်းကူးမြို့သစ်တို့ဖြစ်သည်။

ယင်းသို့အကောင်အထည်ဖော်ရာတွင် မည်သည့်ဘက်မှစတင်အကောင်အထည်ဖော်မည်ဟူသည့် အချက်သာ စဉ်းစားရမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို ဖြစ်မြောက်အောင်ဆောင်ရွက်ရမည်သာဖြစ်ကြောင်း လွှတ်တော်အသိုင်းအ၀ိုင်းက ဆိုသည်။ မြေသိမ်းမိန့်ထုတ်ပြန်စရာမလိုဘဲ စည်ပင်ပိုင်မြေဖြစ်နေလျှင် လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန်လွယ်ကူချောမွေ့နိုင်သဖြင့် စည်ပင်ပိုင်မြေအကွက်အကွင်းနယ်နိမိတ်ဘက်မှ စတင်လုပ်ဆောင်ခြင်းပြုနိုင်ကြောင်း၊ ယခုစီမံကိန်းခုနစ်ခုအနက် လှည်းကူးမှမြေနေရာများသည် စည်ပင်ပိုင်မျြေားဖြစ်နေသည့်အတွက် လှည်းကူးမြို့သစ်မှစတင်အကောင်အထည်ဖော်လျှင် အဆင်ပြေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်၏စကားအရ သိရသည်။

ဆိုခဲ့ပါ ရန်ကုန်မြို့ပြ စီမံကိန်းများကို လုပ်ငန်းလုပ်ကိုင်မည့် Developer များနှင့်အတူ JICA နှင့် မြို့တော်စည်ပင်တို့ ပူးပေါင်းကာ ရေးဆွဲထားခြင်းဖြစ်သော်လည်း ယခုအစိုးရနှင့် ယခုလွှတ်တော်သို့ လာရောက်တင်ပြထားခြင်းမရှိသေးကြောင်းလည်း သိရသည်။ လက်ရှိလွှတ်တော်အနေဖြင့် ယင်း Plan များ လာရောက်တင်ပြလျှင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူရေးဆွဲထားသည့် Plan များ ဖြစ်မှသာ လက်ခံမည့်သဘောရှိသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်စည်ပင်သည် အစိုးရအဖွဲ့တွင်တစ်စိတ်တစ်ပိုင်းပါဝင်နေသောအဖွဲ့ ဖြစ်သဖြင့် မြို့တော်၏အကျိုး၊ မြို့တော်နေပြည်သူများ၏အကျိုးကို ရှေးရှု၍သာ ရေးဆွဲမည့် Plan များ ဖြစ်ခြင်းကြောင့် ရေရှည်အကျိုးရှိနိုင်သည့်အစီအမံများဖြစ်သည်။ Developer များ ရေးဆွဲထားသည့် Plan များ ဖြစ်ပါက ၄င်းတို့အတွက်အကျိုးအမြတ်ရှိစေမည့် ဒီဇိုင်းများကိုသာ ဇောင်းပေးရေးဆွဲသွားမည်ဖြစ်၍ ရေရှည်အကျိုးမရှိနိုင်။

ရန်ကုန်နယ်နိမိတ်ကိုတိုးချဲ့မည့် ရန်ကုန်မြို့သစ်စီမံကိန်းခုနစ်ခုအနက် ဒုတိယဦးစားပေးဖြစ်သော ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို ယခင်အစိုးရသက်တမ်းကုန်လုကုန်ခင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် Developer များ ပူးပေါင်းကာ အကောင်အထည်ဖော်ရန် ယခင်အစိုးရက ခွင့်ပြုခဲ့သော်လည်း ယင်းစီမံကိန်းကို ယခုအစိုးရနှင့် လက်ရှိလွှတ်တော်သို့ ပြန်လည်တင်ပြရမည်ဖြစ်၍ စီမံကိန်းစတင်နိုင်သေးခြင်းမရှိသေးပေ။ ထို့ပြင်ယခင်အစိုးရလက်ထက်ကခွင့်ပြုခဲ့သော ဆိုခဲ့ပါ ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် မြေများမှာ စည်ပင်ပိုင်မြေများမဟုတ်ဘဲ ယခင်အစိုးရက မြေသိမ်းမိန့်ထုတ်ထားသည့်မြေများဖြစ်နေသည်။ ထိုမြေများကို စည်ပင်ပိုင်မြေအဖြစ်သိမ်းယူမည်ဆိုလျှင် မူလပိုင်ဆိုင်သူများအား သင့်တင့်မျှတသောလျော်ကြေးငွေ ပေးသွင်းရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဆိုခဲ့ပါ ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် မြေများ၏ မူလပိုင်ရှင်များမှာ ယခင်အစိုးရပေးထားခဲ့သည့် မြေသိမ်းမိန့်ထုတ်ထားသောစာရွက်စာတမ်းများသာ လက်ကိုင်ရှိနေပြီး အကျိုးအကြောင်းမသိရသေးသော လိပ်ခဲတည်းလည်းအနေအထား၌ ရှိနေသည်။ အဖွဲ့အစည်းအချို့က လျော်ကြေးပေးတော့မလိုလို အသံပစ်နေသော်လည်း အာမခံချက်ရေရေရာရာမပေးနိုင်သေးချေ။ လွှတ်တော်အနေဖြင့်လည်း ထိုစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်သို့ တင်ပြမှုတစ်စုံတစ်ရာမရှိသေးသဖြင့် ဆိုခဲ့ပါကိစ္စရပ်များနှင့်စပ်ဆိုင်သည့် ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ခြင်းမရှိသေး။ လွှတ်တော်အနေဖြင့် အကြံပေးစကားပြောနိုင်သည်မှာ စီမံကိန်းဧရိယာအတွင်း ပါဝင်သော မြေများ၏ မူလပိုင်ရှင်များကို မိမိတို့မြေများ အဆောတလျင်ရောင်းချခြင်းမပြုရန် သတိပေးခြင်းသာဖြစ်သည်။

စီးပွားရေးသမားဆိုသည်က အခြေအနေနှင့်အချိန်အခါကို မပြတ်သောသတိဖြင့်စောင့်ကြည့်ကာ အမြတ်ထုတ်တတ်သောသဘော ရှိသည်။ မူလပိုင်ရှင်များထက် ရှေ့ကို နှစ်ကွက်၊ သုံးကွက်မက ကြိုမြင်ကာ ဖြစ်ပေါ်လာသည့်အနေအထားမှ အကျိုးအမြတ်ရရှိအောင် လုပ်ယူတတ်မြဲဖြစ်သည်။ မိမိရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရန် သတင်းလိမ်၊ သတင်းမှားများ ထုတ်လွှင့်ပြီး လူထုကိုအလန့်တကြားဖြစ်စေရန်လည်း ၀န်မလေး။ မူလမြေပိုင်ရှင်တို့အနေဖြင့် မြေကိုရောင်းထုတ်လိုက်ပြီးမှ ထင်သလောက်အကျိုးမခံစားရဘဲ ကြားမှ မြေဈေးကစားကြသူများ အကျိုးအမြတ်သဲ့ယူရရှိသွားမည်ကို စိုးရိမ်စိတ်ဖြင့် ဤသို့သတိပေးရခြင်းဖြစ်သည်။

ယခင်အစိုးရခွင့်ပြုပြီု ယခင်လွှတ်တော်က ကန့်ကွက်သဖြင့် ဖျက်သိမ်းလိုက်သော ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း ၀ါးရုံဆိပ်ကျေးရွာမှ လယ်မြေများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်မချေးသည်မှာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်ရကား ဆိုခဲ့ပါရွာမှလယ်သမားများမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ရန် အခက်အခဲများစွာကြားမှ ရုန်းကန်ဖြတ်သန်းနေကြရသည်။ ဆိုခဲ့ပါ ၀ါးရုံဆိပ်ကျေးရွာသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေသည့်ရွာဖြစ်ပြီး ယင်းစီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ရွာများအနက် လယ်စိုက်ဧက အများဆုံးလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူနေထူထပ်ပြီး နေစရာရှားပါးလာသော ရန်ကုန်မြို့အကျယ်အ၀န်း ထပ်ချဲ့မည့်အစီအစဉ်သည် ကြိုဆိုရမည့်ကိစ္စသာဖြစ်သည်။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြို့သစ်နေ ပြည်သူတို့ဘ၀ သက်သာချောင်ချိရေးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည့် မြို့ပြဒီဇိုင်းသစ်များဖြင့် တိုးချဲ့လာမည့် ရန်ကုန်မြို့ပြစီမံကိန်းများသည် ဗဟိုရန်ကုန်၏အလှကို ခပ်လှမ်းလှမ်းမှဝန်းရံကာ အနားသတ်အလှများဖြင့် ဖြည့်စွက်အလှဆင်ပေးနိုင်မည့် စီမံကိန်းများဖြစ်ပေတော့သည်တကား။


ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service