ဆိုင်းငံ့အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ခွင့်ပြုဖို့ စစ်ဆေးရေးကော်မတီ ဖွဲ့စည်းမည်

ဆိုင်းငံ့အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ခွင့်ပြုဖို့ စစ်ဆေးရေးကော်မတီ ဖွဲ့စည်းမည် - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 10:35 am တွင် တင်ခဲ့သည်
1055 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်းက တည်ဆောက်ခွင့်ဆိုင်းငံ့ခံထားရတဲ့ အထပ်မြင့်အဆောက်အအုံတွေကို အသေးစိတ်ပြန်လည်စစ်ဆေးပြီး တည်ဆောက်ခွင့်ပြုဖို့ စစ်ဆေးရေးကော်မတီကို သည်အပတ်အတွင်းဖွဲ့စည်းမယ်လို့ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဌဆိပ်ကြီးခနောင်တိုမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ် ။

ဒေါ်စန္ဒာမင်းက ‘ဒီ ၁၆ ရက်နေ့ပဲ ဝန်ကြီးကပြောသွားတယ် ၊ ခေတ္တရပ်ဆိုင်းခံရတဲ့ အဆောက်အအုံတွေကို သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အသေးစိတ်စစ်ဆေးရေးအဖွဲ့က စိစစ်ခွင့်ပြုမယ်ပြောတယ် ၊ စိစစ်ခွင့်ပြုရေးအဖွဲ့ကို ဒီအပတ်ထဲမှာ ဖွဲ့စည်းမယ်လို့ သိရတယ်’ လို့ပြောပါတယ် ။

စစ်ဆေးရေးအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပညာရှင်တွေ ၊ လုပ်ငန်းရှင်တွေ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နဲ့ ဖွဲ့စည်းမယ်လို့ သိရပါတယ် ။ မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံအလုံး ၁၄၀ ကျော်ကို မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီအောင် အသေးစိတ်ပြန်လည် စိစစ်ဖို့ ကြေညာချက်ထုတ်ထားတာ ဖြစ်ပါတယ် ။

သည်ကြေညာချက်အရ အထပ်မြင့် ၁၄၀ ကျော် တည်ဆောက်ခွင့်ရပ်ဆိုင်းထားရတာဖြစ်ပါတယ် ။ ကြေညာချက်ထုတ်ပြီး ရပ်ဆိုင်းရတာက ပြီးခဲ့တဲ့အစိုးရလက်ထက်က မှုအားဖြင့် ခွင့်ပြုခဲ့တဲ့ အထပ်မြင့်အဆောက်အအုံတွေက ဥပဒေနဲ့အညီညွတ်တာတွေတွေ့ရတယ် ။ ဒါကြောင့် လက်ရှိအစိုးရသစ်က အထပ်မြင့်အဆောက်အအုံတွေကို စိစစ်ချင်လို့ ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ရှင်းပြပါတယ် ။

တည်ဆောက်ရေးတွေရပ်ဆိုင်းခံရလို့ နစ်နာမှုတွေဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတာတွေရှိပါတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားပေမဲ့ အလုပ်သမားတွေကို ထိန်းသိမ်းဖို့ နေ့စဉ်လုပ်ခတွေ ပေးနေရတယ်လို့ဆိုပါတယ် ။ အထပ်မြင့်တွေမှာ လုပ်တဲ့ အလုပ်သမားတွေက ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး တစ်နေ့ကို နေ့တွက်ခ ကျပ် ၁၀,၀၀၀ ကျော်ပေးရတယ်လို့ သိရပါတယ် ။ ရပ်ထားတဲ့ အချိန်မှာ နေ့တွက်ခတွေ မပေးရင် တခြားဆောက်လုပ်ရေးတွေကို ရောက်သွားနိုင်တယ် ။ အဲသည်အခါ အစိုးရက ပြန်ပြီးတည်ဆောက်ခွင့်ပြုတာနဲ့ လုပ်ငန်းချက်ချင်းပြန်စဖို့ ခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ် ။
ဒါ့အပြင် တချို့လုပ်ငန်းတွေက ဖောင်ဒေးရှင်းဘိုးပိုင်ခ်တူးတဲ့ လုပ်ငန်းတွေလုပ်ထားပြီး မိုးရာသီမှာ လုပ်ငန်းရပ်ထားရလို့ မြေပြိုကျတဲ အန္တရာယ်တွေလည်း ရှိနေတယ်လို့ သိရပါတယ် ။ စည်ပင်သာယာက မြေပြင်ကွင်းဆင်းစစ်ဆေးတာအားနည်းတာနဲ့ ဥပဒေအတိုင်း မဆောင်ရွက်တာတွေကြောင့် ဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ် ။

ပြသနာများစွာ

သူက ‘ကျွန်မတို့ မြေပြင်ကို သွားစစ်ခဲ့တယ် ၊ ရှေ့လမ်းလေးက ၁၂ ပေပဲရှိတယ် ၊ ရှစ်ထပ်ခွဲဆောက်ထားတယ် ၊ ဘေ့စ်မန့်နဲ့ ပန့်ဟောက်စ်ပါဦးမယ် ၊ ဒီအဆောက်အအုံဆောက်ဖို့ ပတ်ဝန်းကျင်ကို လက်မှတ်ထိုးခိုင်းတော့ သုံးထပ်ခွဲနဲ့ ၊၊ မြေပြင်ကိုသွားစစ်တော့ အမှုဖြစ်နေတဲ့ သုံးနှစ်လုံး စည်ပင်သာယာက အဲဒီအဆောက်အအုံကို တစ်ခါမှလာမစစ်ဘူးလို့ သိရတယ်’ လို့ ပြောပါတယ် ။

ရန်ကုန်မြို့ရဲ့ အထပ်မြင့်ပြသနာတွေက အမှုအခင်းဖြစ်နေတဲ့ ဆောက်လုပ်ရေးတွေကိုတောင် စည်ပင်သာယာက မြေပြင်ထိ ကွင်းဆင်းမစစ်ဆေးတာ ၊ ရန်ကုန်မြို့ရဲ့ အထပ်မြင့်နဲ့ ပတ်သက်တဲ့ တရားဝင်ပြဌာန်းထားတဲ့ ဇုန်သတ်မှတ်ချက်မရှိတာတွေကြောင့် ဖြစ်ပါတယ် ။

ရန်ကုန်မြို့မှာ အထပ်မြင့်သတ်မှတ်ချက် ZONING LAW ကို ဥပဒေအဖြစ်အတည်ပြုနိုင်ရင် ဘယ်နေရာမှာ ဘယ်လောက်ဆောက်ရမယ်ဆိုတဲ့ အထပ်မြင့်ပြသနာတွေ ကင်းရှင်းသွားမှာဖြစ်ပါတယ် ။

ဥပမာ ဆိတ်ငြိမ်ရပ်ကွက် အထပ်မြင့်မဆောက်ရမယ့်နေရာမှာ အထပ်မြင့်တွေဆောက်တယ် ။
ဒဏ်ကြေးပေးပြီး မြန်မြန်ပြီးအောင်ဆောက်လိုက်မယ် ။ သည်အစိုးရကတော့ ပြန်မဖြိုခိုင်းလောက်ဘူးဆိုပြီး သူတို့ကို ပြန်ဖြိုဖျက်ခိုင်းရင် နစ်နာမယ် ။ သည်အတိုင်းထားရင် ဘေးပတ်ဝန်းကျင်က လူတွေက စိတ်အနှောင့်အယှက်ဖြစ်ပြီး တစ်သက်လုံးနေသွားရမယ် ။
ဈေးကြီးပေးဝယ်ထားရတဲ့ ဆိပ်ငြိမ်ရပ်ကွက်က မြေလည်းတန်ဖိုးကျသွားမယ် ။
သူတို့ကိုပြန်ဖြိုဖျက်ခိုင်းမလား ၊ သည်အတိုင်းပဲထားမလား ဆိုတာ လက်ရှိအစိုးရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဖြစ်နေတယ်လို့ သိရပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service