ရန်ကုန်မြို့တွင်းဈေးကွက် အနည်းငယ်ပျက်နေပြီလား

ရန်ကုန်မြို့တွင်းဈေးကွက် အနည်းငယ်ပျက်နေပြီလား - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 10:18 am တွင် တင်ခဲ့သည်
2095 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်းရှိ အိမ် ခြံ မြေ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှု အားနည်းနေသော်လည်း အငှားဖြစ်မှုများအားကောင်းလျက်ရှိသည်။အငှားဈေးကွက်အတွင်း၌ပင်လျှင် ရန်ကုန်မြို့အတွင်းရှိ မြေနေရာ နည်းပါးသော နေရာများမှာ အငှားဖြစ်ထွန်းမှုအား အကောင်းမွန်ဆုံး အနေအထားတွင် ရှိနေကြောင်း သိရှိရသည်။

ရန်ကုန်မြို့အတွင်းရှိ မြို့တွင်း ခြောက်မြို့နယ်မှာ မြေနေရာ ရှားပါးမှုကြောင့် အရောင်းအဝယ်ဖြစ်မှု အားနည်းနေသော် လည်း အငှားဖြစ်ထွန်းမှုအားကောင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပြောဆို သုံးသပ်သည်။ ""ကျောက်တံတား၊လသာ၊ပန်းဘဲတန်း မြို့နယ်တွေက မြေကွက်ရှားသွားပြီ။ရှိတဲ့ မြေကွက်တွေကလည်း ဈေးတအားကြီးနေတယ် ။တော်ရုံ မဝယ်နိုင်ဘူး။ ရဖို့လည်းမလွယ်ဘူး။ ဒါကြောင့် အဲဒီမြို့နယ်တွေကတော့ အငှားဈေးကွက် အားကောင်းတယ်။သူ့မြို့နယ်ရဲ့ အနေအထားနဲ့ အငှားလိုက်တာနဲ့ အပေါ်ယှဉ်ပြီးပြောရတာပေါ့။ တစ်ခြား မြို့တွင်း မြို့နယ်တွေကြတော့ အငှားလိုက်ပေမယ့် အရောင်းအဝယ်လည်းရှိတယ်။ဘာကြောင့်လဲဆို မြေရှိသေးလို့။ဥပမာ ပုဇွန်ထောင်၊ဗိုလ်တစ်ထောင်မြို့နယ်တွေမှာကြ မြို့ထဲပိုင်းနဲ့ ယှဉ်လိုက်ရင် ရောင်းစရာ ဝယ်စရာ မြေကျန်သေးတယ်။ဒါကြောင့်ပါ။""ဟု ဦးစိုင်းခွန်နောင်မှ ပြောဆိုသည်။လက်ရှိ မေလအတွင်းနှင့် ဇွန်လအတွင်း အငှားဖြစ်ခဲ့သော မြို့နယ်နေရာအချို့အား ယခု သတင်းဆောင်းပါးတွင် ပြန်လည်ဖော်ပြ လိုက်သည်။ယင်း အချက်အလက်များအား စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ စုံစမ်းမေးမြန်းထားခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ်
ကျောက်တံတားမြို့နယ် ၊ လသာ မြို့နယ် ၊ပန်းဘဲတန်း မြို့နယ် အစရှိသည့်မြို့နယ်များမှာ အရောင်းအဝယ် ဖြစ်မှု အပိုင်း မရှိသလောက် နီးပါးအားနည်းနေသည်။ အငှားပိုင်းတွင်လည်း ယခင်ကဲ့သို့ လာရောက်ငှားရမ်းသူ နည်းပါးလာခြင်းကြောင့် ပိုင်ရှင်များအနေဖြင့် ငှားရမ်းလိုသူအားမျှော်နေရသည့်အခြေအနေဖြစ်နေသော်လည်း ဈေးနှုန်းသိသာစွာကျခြင်းမရှိကြောင်းစုံစမ်းသိရသည်။

ပုဇွန်တောင်မြို့နယ်
ကျောက်တံတား လသာ ပန်းဘဲတန်း အစရှိသည့်နေရာ များနှင့်နှိုင်းယှဉ်ပါက မြေနေရာ အနည်းငယ်ကျန်ရှိနေသော မြို့နယ်ဖြစ်သော်လည်း ဈေးကွက်ပါးမှုကို ကြုံတွေ့နေရဆဲဟုသိရသည်။ အငှားဈေးကွက်မှာ မူ ပုံမှန်အနေအထားဖြင့်သာ ဆက်လက် သွားနေကြောင်း စုံစမ်းသိရှိရသည်။

ဒဂုံ ဆိပ်ကမ်းမြို့နယ်
ယင်းမြို့နယ်မှာ ယခုနှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် အခြေအနေကောင်းခဲ့သော်လည်း နှစ်လယ်မှစတင်၍ ဈေးကွက်အေးခဲ့ကြောင်း သိရသည်။ လက်ရှိကာလတွင် ဈေးနှုန်း အနည်ငယ်ကျဆင်းလာမှုများရှိသောကြောင့်ပြန်လည်ရောင်းချလိုသူများပြားလာသော်လည်း ဝယ်ယူ ရင်းနှီးမြုပ်နှံလို သူနည်းပါးနေဆဲဖြစ်ကြောင်းသိရှိရသည်။

သန်လျင်
သီလဝါ ဆိပ်ကမ်းမြေဈေးကြောင့် သန်လျင်မြို့နယ် အား ဈေးကွက်အလားအလာကောင်းမြို့နယ်တစ်ခုအဖြစ် အကျိုးဆောင်များက သတ်မှတ်ယူဆခဲ့ကြသော်လည်း အမှန်တကယ်တွင် ထူးခြားစွာဈေးတက်မှု မရှိသေးပေ။ လက်ရှိကာလတွင် တံတားစီမံကိန်းအသံများ ကြားနေရကာ အကယ်၍ သေချာပါက ဈေးတက်လာဖွယ်ရှိနေသော်လည်း လာရောက်ရင်းနှီးမြုပ်နှံလိုသူနည်းပါးနေဆဲဖြစ်ကြောင်းသိရှိရသည်။

အရောင်းအဝယ်ဖြစ်မှုပျမ်းမျှ နှုန်းထားများမှာမူ ဗဟန်းမြို့နယ်တွင် သိန်း ခြောက်ထောင်မှ သိန်း သုံးသောင်းကြား၊မရမ်းကုန်းမြို့နယ်တွင် သိန်း ခုနစ်ထောင်မှ သိန်း သုံးသောင်းကြား၊ တောင်ဥက္ကလာတွင် သိန်း နှစ်ထောင်မှ သိန်း တစ်သောင်း ကြား၊သင်္ဃန်းကျွန်းတွင် သိန်းတစ်ထောင်မှ သိန်း တစ်သောင်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဈေးနှုန်း များ ဖြစ်ထွန်းနေကြောင်း တင်ပြလိုက်ရပါသည်။

မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service