ရွှေဈေးမငြိမ် ပြန်ကျစပြု

ရွှေဈေးမငြိမ် ပြန်ကျစပြု - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 10:11 am တွင် တင်ခဲ့သည်
1555 ကြိမ် ကြည့်ရှု့ပြီး
အဆမတန်မြင့်တက်ခဲ့တဲ့ ရွှေဈေးနှုန်းကမငြိမ်ဘဲသည်
ရက်ပိုင်းမှာဈေးပြန်ကျစပြုနေတယ်လို့ ဈေးကွက်အတွင်းက
သိရတယ် ။ဗြိတိန်ရဲ့အီးယူကနေထွက်ရေး ၊မထွက်ရေးနဲ့ အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းတက်ဖို့ကလည်း
ဖြစ်နိုင်ခြေရှိသေးတာကြောင့် ရွှေဈေးမငြိမ်နိုင်ဘူးလို့
ဈေးကွက်ကျွမ်းကျင်သူတချို့ကခန့်မှန်းကြပါတယ် ။

ပြီးခဲ့တဲ့တစ်ပတ်မှာ ကမ္ဘာ့ရွှေဈေးကတစ်အောင်စကိုဒေါ်လာ (၁၃၀၀)ကျော်အထိမြင့်ခဲ့ပေမဲ့သည်နေ့ဈေးအဖွင့်
မှာဒေါ်လာ(၁၂၈၀၀) ကျော်ပဲရှိခဲ့တာပါ ။ပြည်တွင်းရွှေဈေးကတော့တစ်ကျပ်သားကိုကျပ်
(၈၀၀,၀၀၀)အောက်ပြန်မဆင်းသေးဘဲ တင်းနေသေးတယ်လို့သိရပါတယ် ။

ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘ဒီနေ့ဈေးအစပိုင်းမှာ ဖြစ်သင့်တာကဒေါ်လာ (၁၂၉၀) ကျော်လောက်နဲ့ဆိုပေမဲ့ ဒေါ်လာ (၁၂၈၀)ကျော်နဲ့စခဲ့တယ် ၊ရောင်းမယ့်သူတွေလဲ သတိတော့ထားသင့်တယ် ၊ခုဈေးတန်းနဲ့မရောင်းဘူးဆို အချိန်တစ်ခုစောင့်ပြီးမှ ရောင်းသင့်တယ် ၊ရွှေဈေးကဒီရက်ပိုင်းတွေမှာ ငြိမ်မှာမဟုတ်ဘူး ‘လို့ပြောပါတယ် ။

ဒေါ်လာဈေးသိပ်မကျပေမဲ့ ကမ္ဘာ့ရွှေဈေးနဲ့ပြည်တွင်းရွှေဈေးက ပြီးခဲ့တဲ့ရက်တွေမှာ စံချိန်တင်ဈေးမြင့်ခဲ့တာပါ ။ပြည်တွင်းရွှေဈေးတက်တာက ဈေးကွက်ထဲမှာပစ္စည်းပေါတာရှားတာတွေအပေါ်မူတည်ပြီးဝယ်လိုအားရောင်းလိုအားနဲ့ ကမ္ဘာ့ရွှေဈေး ၊ဒေါ်လာဈေးတွေအပေါ်တည်မှီနေတာလို့ဆိုပါတယ် ။

နိုင်ငံခြားငွေကြေးလေ့လာသုံးသပ်သူတစ်ဦးက ‘ငွေဈေးကပြန်မာလာနိုင်တဲ့ အခြေအနေတွေရှိနေတော့
ငွေဈေးပြန်မာလာရင် ရွှေဈေးကကျမှာဘဲ ၊မေလကုန်ပိုင်းလောက်ကတည်းက ငွေဈေးကကျပ် (၁၁၉၀)ဝန်းကျင်မှာပဲတဝဲလည်လည်ဖြစ်နေတာ ၊အခုဈေးကျနေတယ်ဆိုတာက (၁၁၈၈) ကျပ်ရှိတယ် ၊ဈေးကွက်ကစောင့်ကြည့်နေရမှာပဲ ၊လကုန်ပိုင်းလောက်အထိမငြိမ်နိုင်ဘူး ‘လို့ပြောပါတယ် ။

ဈေးကွက်ထဲမှာတော့ တချို့ကသည်တစ်ပတ်ထဲမှာ ဈေးနှုန်းမငြိမ်နိုင်တာကြောင့် အခြေအနေစောင့်ကြည့်ကြမယ့်သူတွေများတယ်လို့သိရပါတယ် ။ပြည်တွင်းရွှေဈေးကျပ် (၈၁၀ , ၀၀၀)ကျော်ထုတ်ရောင်းထားတဲ့သူတွေကတော့ အမြတ်နဲ့ပိုင်းနိုင်ပေမဲ့ ဈေးဆက်တက်ဖို့စောင့်နေသူတွေကတော့ ဆက်ကိုင်ထားရဦးမယ့်အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ် ။

ရွှေဈေးကွက်လေ့လာသုံးသပ်သူတစ်ဦးကတော့ ‘ဒီတစ်ပတ်မှာတော့ ရိုက်ခတ်နိုင်တဲ့အကြောင်းအရာတွေက
များနေတော့စောင့်ကြည့်ရမှာပဲ ၊Fed ရဲ့ငွေကြေးပေါ်လစီနဲ့ပတ်သတ်ပြီးပြောကြားမယ့် အချက်ရောဗြိတိန်ဥရောပသမဂ္ဂကနေထွက် ၊မထွက်လဲကြည့်ရမယ်၊ရွှေဈေးကထုတ်ရောင်းတာများ
လဲတက်သင့်တလောက်မတက်နိုင်ဘူး ၊နောက်တစ်ခုကပစ္စည်းပြတ်ပြီးအရောင်းသမားတွေအခက်အခဲတွေ့နိုင်တယ် ‘ လို့ရှင်းပြပါတယ် ။

သည်နေ့မှာတော့ ရွှေဈေးကွက်မငြိမ်ဘဲဈေးအပြာင်းအလဲများနေပါတယ် ။ကမ္ဘာ့ရွှေဈေးကတစ်အောင်စကိုဒေါ်လာ (၁၂၈၂) နဲ့စပြီးနေ့လယ်ပိုင်းမှာ (၁၂၈၇) ဒေါ်လာရှိပါတယ် ။ပြည်တွင်းရွှေဈေးကတော့ကျပ် (၈၀၃ ,၂၀၀)ရှိပြီးနေ့လယ်ပိုင်းမှာကျပ် (၈၀၆ ,၁၀၀)ရှိပါတယ် ။ရွှေဈေးကပြီးခဲ့တဲ့တစ်ပတ်အပိတ်ဈေးမှာကမ္ဘာ့ရွှေဈေး
ကဒေါ်လာ (၁၂၉၈)ဖြစ်ပြီးပြည်တွင်းရွှေဈေးကကျပ်
(၈၀၈ , ၀၀၀)နဲ့ပိတ်ခဲ့ပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service