စက်မှုဇုန်မြေဈေး အိမ်ခြံမြေဈေးနှင့်အပြိုင်အေးဆဲ

စက်မှုဇုန်မြေဈေး အိမ်ခြံမြေဈေးနှင့်အပြိုင်အေးဆဲ - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 10:01 am တွင် တင်ခဲ့သည်
865 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လည်ပတ်နေမှုမရှိသော စက်မှုဇုန်မြေ ကွက်များအားပြန်လည်သိမ်းဆည်းမည်ဟုတိုင်းဒေသကြီး အစိုးရမှ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စက်မှုဇုန်မြေကွက် များမှာ အိမ်ခြံမြေဈေးနှင့်အပြိုင်အေးနေဆဲဖြစ်ကြောင်း အကျိုးဆောင်များထံမှသိရှိရသည်။

""စက်မှုဇုန်မြေကွက်တွေက အစိုးရပြော ပြီးတာနဲ့ အေး တယ်။အရင်ကလည်း အေးတာဘဲ။အစိုးရက မလုပ်ဘဲ လွတ်နေတဲ့မြေကွက်တွေကို ပြန်သိမ်းမယ်ပြောတော့ လူတွေကကြောက်ပြီး အဝယ်သိပ်မရှိဘူးဆိုတော့ ပိုဈေးကွက်အေးတာပေါ့။ဒါပေမယ့် အရင်အစိုးရတွေ အနေနဲ့လည်း ပြောခဲ့တာဘဲ။ တစ်ခါ မှတော့ ပြန်မ သိမ်းခဲ့ဘူးလေ။ ဒါပေမယ့် ဈေးကွက်တော့ တစ်ခြားမြေတွေ လိုဘဲ အေးသွားတယ်။""ဟု အောင်နိုင်သူ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဈေးကွက်မန်နေဂျာမှ ပြောဆိုသည်။

လက်ရှိကာလတွင် စက်မှုဇုန်မြေဈေးများမှ တစ်ကလျှင် သိန်းတစ်ထောင်ကျော်မှ သိန်း သုံးသောင်းကြားအထိ ဈေးရှိကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။""ဈေးနှုန်းကွာခြားမှုကတော့ နေရာက အဓိကဘဲ။ဇုန်ခြင်းတူပေမယ့် ဖွံ့ဖြိုးပြီးသား နေရာတွေဖြစ် တဲ့ တောင်ဒဂုံ စက်မှုဇုန်တွေနဲ့ တစ်ခြား သိပ်မဖွံ့ဖြိုးသေးတဲ့ ဇုန်တွေကွာတာပေါ့။ဥပမာ အရှေ့ဒဂုံဘက်က ဇုံတွေကြတော့ ဈေး သိပ်မရှိဘူး။""ဟု ဦးစိုင်းခွန်နောင်မှ ပြောပြသည်။

စက်မှုဇုန်မြေကွက်များသည်လည်း အခြားသော အိမ်ခြံမြေများနည်းတူ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လညချိန်မှသာ ပြန်လည်လှုပ်ရှားအသက်ဝင်လာနိုင်ကြောင်းလည်း အကျိုးဆောင်များမှ သုံးသပ်ကြသည်။""အဓိက ကတော့ FDI ဝင်လာမှဘဲ ပြန်သွက်လာမှာလေ။ FDI ကုမ္ပဏီကြီးတွေ ဝင်လာရင် ဒီဇုန်မြေတွေဟာလည်း မဖြစ်မနေလိုအပ်လာမှာဘဲ။အဲဒီအခါကြရင်တော့ ဇုန်မြေရော အိမ်ခြံမြေရော ပြန်ကောင်း လာမယ်လို့မျှော် လင့်ပါတယ်။""ဟု အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုကျော်ထွဋ်မှ သုံးသပ်ပြောကြားခဲ့သည်။

မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service