ခပ်နိမ့်နိမ့်တွေ ဈေးကောင်းတဲ့နိုင်ငံ

ခပ်နိမ့်နိမ့်တွေ ဈေးကောင်းတဲ့နိုင်ငံ - Property News in Myanmar from iMyanmarHouse.com
21 Jun 2016 11:47 am တွင် တင်ခဲ့သည်
2065 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားတိုင်းပြည်တွေမှာ အထပ်မြင့် တိုက်ခန်းပေါက်ဈေး များက အထပ်မြင့်လေ ဈေးကြီးလေဖြစ်သည်ဟု ဖတ်ဖူးမှတ်ဖူးသည်။ စာထဲပေထဲမှာလည်း ထိုသို့ပင်တွေ့ရသည်။ နိုင်ငံခြားအလုပ်သွားလုပ်ပြီးပြန်လာသူတွေကလည်း ထိုအတိုင်းပြော သည်။ နိုင်ငံခြား မှ မြန်မာနိုင်ငံသို့အလုပ်လာလုပ်သော နိုင်ငံခြားသားများကလည်း ထိုသို့ပင်ပြောသည်။ သူတို့နိုင်ငံတွေမှာက အထပ်မြင့်အဆောက်အအုံတွေ ပြည့်နှက်ကျပ်ညပ်နေရကား အထပ်နိမ့်ဆိုလျှင် ဘေးချင်းကပ်တိုက်၏နံရံတွေကိုပဲ မြင်ရသည့် မြင်ကွင်းပိတ်အနေအထားကြောင့် ၀န်းကျင်ရှုခင်းကို အကွက်အကွင်းကျကျ မြင်တွေ့ခံစားနိုင်မည့် အထပ်မြင့်အခန်းများကသာလျှင် ပိုမိုဈေးကောင်းနေခြင်း ဖြစ်တန်ရာသည်။ အထပ်မြင့်လေ မြင်ရသည့်မြင်ကွင်း scope ပိုကျယ်လေ ဖြစ်ရသည့်အတွက် သဘာ၀၀န်းကျင်ကိုခံစားရသည့်အခွင့်အလမ်း ပိုရလေလေဖြစ်ရကား အမြင့်ဆုံးအထပ် က ဈေးပိုကောင်းရခြင်းဖြစ်မည်ဟု ခန့်မှန်းမိရသည်။

လွန်ခဲ့သောနှစ် ရာစုနှစ်တစ်ခုနီးပါးကတည်းမှစ၍ ယခုလောလောဆယ်မျက်မှောက်အနေအထားအရ တိုက်တစ်လုံးတည်းရှိအထပ်အချင်းချင်း ကာလပေါက်ဈေးနှိုင်းယှဉ်ကြည့်လျှင် မြေညီထပ်က ဈေးအမြင့်ဆုံးဖြစ်ပြီး အထက်သို့တက်သွားသည့် အထပ် မြင့်လေလေ ဈေးနည်းသွားလေလေ ဖြစ်နေသည်။ ကြိုပွိုင့်ဖြင့်ရောင်းချရန် ကြော်ငြာထားသော တိုက်ခန်းများ၏ ဈေးကို ကြည့်လှင်လည်း ဆိုခဲ့ပါအခြေအနေမှ ကင်းလွတ်သွားခြင်းမရှိ။ မြန်မာနိုင်ငံမှာတော့ အမြင့်တက်လေလေ ဈေးနည်းသွားလေလေ ဆိုသည်မှာ အိမ်ခြံမြေလောက၏ ပြောင်းလဲခြင်းမရှိသောအမှန်တရား တစ်ရပ်သဖွယ်ပင် ဖြစ်နေသည်။ အခြေခံအချက် တစ်ရပ်အဖြစ် တွက်ဆကြည့်ရလျှင် မြင့်သွားသော အထပ်များသည် တက်ရဆင်းရ ညောင်းညာ ပင်ပန်းခြင်းတည်းဟူသော ကာယိကဒုက္ခကို တစ်ထပ်ပိုမြင့်တိုင်း တစ်ဆင့်တိုးခံစားကြရသည်။ မိမိအခန်းသို့ရောက်အောင် ရေတင်ရာတွင်လည်း အထပ်မြင့်များက ရေမော်တာဆွဲအားပိုသုံးရသည်။ ထို့ကြောင့် ဆိုခဲ့ပါဒုက္ခများ ခံစားရမှုအဆင့် အနည်းအများပေါ်မူတည်ကာ အပေါ်ထပ်များ က ဈေးနည်းရခြင်းဖြစ်ဟန်တူသည်။

မြန်မာနိုင်ငံမှာက လွန်ခဲ့သော နှစ်သံးဆယ်လောက် အထိ လေးထပ်ထက်မြင့်သောအဆောက်အအုံဟူ၍ မရှိလှသေး။ လေးထပ်ထက်မြင့်မားစွာဆောက်ထားသော အဆောက်အအုံများ မရှိမဟုတ်၊ သို့သော် လက်ချိုးရေလို့ရအောင်ကို နည်းပါး၏။ ထိုတိုက်မျးမတိုင်ခင်ကတော့ မြန်မာတို့သည် သစ်သားတစ်ထပ်အိမ်များဖြင့်သာ နေခဲ့ကြသည့်ဓလေ့ စွဲမြဲခဲ့သည်။ စိုက်ပျိုးရေးအဓိကထားသောနိုင်ငံဖြစ် သည့်အားလျော်စွာ မြေကိုခင်တွယ်သော မြေ၏သားကောင်းများဖြစ်ကြသည့်အလျောက် မြေကြီးနှင့်နီးနီးနေရခြင်းကို နှစ်သက်ကြသည်။ ရေကြီးရေလျှံခြင်းကို နှစ်စဉ်ကြုံတွေ့ရသော ဒေသများ၊ သားရဲတိရစ္ဆာန်တို့ဝင်ရောက်နှောင့်ယှက်မည်ကို စိုးရိမ်ရသော ဒေသများတွင်သာ ခြေတံရှည်အိမ်မြင့်ကြီးများ ဆောက်လုပ်နေထိုင်ကြသည်။ လူကုံထံကြေးရတတ် မိသားစုများအနေဖြင့် ခမ်းနားကျယ်ဝန်းသော အိမ်ကြီးမဟာများ ဆောက်လုပ်နေထိုင်ရာတွင်ပင် နှစ်ထပ်ထက်မပို။ ထိုသို့သောဓလေ့ထုံးစံဖြင့်နေထိုင် လာသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အောက်ဆုံးမြေညီထပ်၏အရေးပါမှုသည် အဆန်းတကြယ်တော့မဟုတ်။

ထို့ပြင်တစ်ဝလည်း အောက်ဆုံးမြေညီထပ်က အသုံးဝင်မှုတန်ဖိုး များစွာရှိနေသေး၏။ စီးပွားရေးလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်ရန် အချက်အချာကျခြင်းက မြေညီထပ်ဈေးကောင်းရခြင်း၏ အဓိကအရေးပါမှုဖြစ်သည်။ နေထိုင်သူကိုယ်တိုင် လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ၊ လုပ်ငန်းလုပ်ကိုင်သူကို တစ်ဆင့်ပြန်လည်အငှါးချသည်ဖြစ်စေ လုပ်ငန်းအတွက် အဆင်ပြေအချက်အချာကျသဖြင့် အောက်ဆုံးထပ်အခန်းများ ဈေးကောင်းခြင်းဖြစ်သည်။ လုပ်ငန်းလာရောက် လုပ်ကိုင်ခြင်းမရှိသည်ထားဦး အနီးအနားတွင် ကုန်စည်လာရောက်ခင်းကျင်းရောင်းချသူများ၏ ရောင်းကုန်ပစ္စည်းများကို သိုလှောင်သိမ်းဆည်းပေး ရခြင်းမှာပင် မြေညီထပ်အခန်းက အသယ်အပိုး၊ အထုတ်အသွင်း လွယ်ကူမြန်ဆန်သည့် အားသာချက်ကြောင့် ဈေးကောင်းရပြန်၏။ ထို့ပြင် မိမိမော်တော်ကာ လမ်းမပေါ်တွင် သည်အတိုင်းညအိပ်ရပ်နားထားရမည်ကို စိတ်မချနိုင်သူများအတွက် မြေညီထပ်အခန်းရှေ့ပိုင်းသည် ယာယီကားဂိုဒေါင်သဖွယ် အသုံးတည့်ပြန်၏။

သည်သဘောတွေနှင့်နှိုင်းချိန်ကြည့်လိုက်ပြန်တော့ အထပ်မြင့်လေ ဈေးကောင်းလေ ဆိုသည့် ရေခြားမြေခြားနိုင်ငံများ စာရင်း၌ အရှေ့တောင်အာရှနိုင်ငံများ အကုန်အစင်ပါဝင်နိုင်ပါအံ့လောဟူသည့်မေးခွန်း ပေါ်လာပြန်သည်။ မိမိတို့နှင့်အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဗောဒီးယားတို့အပြင် အရှေ့တောင်အာရှမဟုတ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသောနိုင်ငံများတွင်လည်း မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ၊ အရောင်းဆိုင်များကို လူနေတိုက်များ၏မြေညီထပ်များ၌ ဖွင့်လှစ်တည်ထောင်ထားခြင်းမျိုး ရုပ်သံမြင်ကွင်းများအရ တွေ့မြင်ရသည်။ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ လုပ်ကိုင်ရန်၊ ဆိုင်ခန်းဖွင့် လှစ်ရောင်းချရန် အခွင့်အလမ်းသာနေ သည့် နေရာမျိုး အနေဖြင့် အထပ်နိမ့်ဈေးကွက် မြင့်နေမည် မှာ သေချာသလောက်ရှိနေသည်။ သည်တော့ အထပ်မြင့်လေ ဈေးမြင့်လေဆိုသည့် အနေအထားမှာ အထပ် ၂၀ အထက် ရှိသော အဆင့်မြင့်ကွန်ဒို အဆောက်အအုံများဖြစ်နေသည်ဟု ကောက်ချက်ချရမည့်အနေအထား ဖြစ်နေသည်။

ဆိုခဲ့ပါ အဆင့်မြင့် အထပ်မြင့် အဆောက်အအုံများ လက်ညှိုးထိုးမလွဲအောင်ရှိနေသည့် နိုင်ငံများကတော့ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်မှ ကျော်လွန်ကာ ချမ်းသာကြွယ်ဝမှုနယ်ပယ်အတွင်း ခေါင်းမော့ရပ်တည်နိုင်သည့် အနောက်နိုင်ငံများနှင့် ဒေသတွင်းမှ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြောင်း အထင်အရှားတွေ့နိုင်သည်။ သူတို့ဆီမှာတော့ အလုပ်အကိုင်အခွင့် အလမ်းတွေက ပေါများရုံမျှမက တိုးတက်မှုအလားအလာနှင့် အာမခံချက်ကလည်း ကောင်းမွန်ရကား နေအိမ်ဟူသည် ကိုယ်စိတ်နှစ်ပါး ဖြေလျှော့အနားယူရာနေရာသာ ဖြစ်ချိမ့်သည်။ လူနေထူထပ်ခြင်းနှင့် လေထုညစ်ညမ်းခြင်း၊ ၀န်းကျင်ဆူညံခြင်းတို့ကြား ဖိစီးမှုမျိုးစုံဒဏ်ကို တစ်နေ့တာလုံးခံစားခဲ့ရသမျှ မိမိပုဂ္ဂလိကအ၀န်းအ၀ိုင်းဖြစ်သော နေအိမ်တွင် တိတ်ဆိတ်ငြိမ်သက်စွာအနားယူရင်း မိသားစုနှင့် ချမ်းမြေ့ကြည်သာ နွေးနွေးထွေးထွေးနေလိုသည်။ သည်လိုအခင်းအကျင်းမျိုးက အထပ်မြင့်လေ ပီပြင်လေ။ လူသံသူသံ ကားသံရထားသံများနှင့်လည်း ဝေး၊ မျက်စိတစ်ဆုံးမြင်ကွင်းများကိုလည်း ကျယ်ပြောလွတ်လပ်စွာ ခံစားမျောလွင့်နိုင်၊ မိသားစုဝင်ချင်း နီးကပ်ရင်းနှီးနွေးထွေးမှုအတွက်လည်း အနှောင့်အယှက်ပေးဖွယ်ကင်းပသည့် သီးခြားကမ္ဘာငယ်ကိုတည်ဆောက်ရန် အပြိုင်အဆိုင်နေရာဦးရင်း အထပ်မြင့်လေ ဈေးကြီးလေ ဟူသည့် ဈေးကွက်အခြေအနေဖြစ်ထွန်းလာဟန်တူသည်။

မြန်မာနိုင်ငံမှာလည်း ၁၂ ထပ်အထက် အဆင့်မြင့်ကွန်ဒိုမီနီယံတွေ အလျှိုအလျှို တည်ဆောက်လာကြပြီဖြစ်သည်။ လူကုံထံ ကြေးရတတ်တို့ အခြေချနေထိုင်ရာ ဒေသ၀န်းကျင်အဖြစ်လည်း ပွဲတင့်နေကြပြီ။ သို့သော် မြေညီထပ်ဈေး အကြီးဆုံးဟူသည့် ဈေးကွက်အနေအထားကတော့ တံခွန်ထူဆဲ။ အထပ်မြင့်လေ ဈေးလျော့သွားလေ ဟူသည့်အခြေအနေ တိမ်းယွင်းခြင်းမရှိ။ သည်ဈေးကွက်အနေအထား ပြောင်းလဲဖြစ်တည်ဖို့ဆိုသည်က လပိုင်း၊ နှစ်ပိုင်းနှင့်လည်း ဖြစ်လာမည်တော့မဟုတ်။ ကွန်ဒိုမီနီယံတို့ထုံးစံ အိမ်ရာသာယာရေးအဖွဲ့က ခန့်ထားသည့် တိုက်လုံခြုံရေးဝန်ထမ်းများ ရှိသည့်တိုင် ညပိုင်းနှင့် နံနက်ဝေလီဝေလင်းပိုင်း အပြင်ထွက်ရသည့်သူများအတွက် သီးခြားဆန်ပြီး လူသွားလူလာပြတ်လပ်သည့် အိမ်ရာအခင်းကျင်းက ကျောမလုံချင်စရာ။ ထိုစိုးရွံ့မှုက အထပ်မြင့်လေ ခံစားချိန်တာရှည်လေ။ သည်တော့ နိမ့်နိုင်သမျှနိမ့်နိမ့်ကိုသာ ရွေးချယ်နေထိုင်လိုသည့် လူ့သဘာဝ ပေါ်လာပြန်သည်။

သာမန်ရှစ်ထပ်တိုက်များကတော့ ဆိုဖွယ်မရှိ။ မြေညီထပ်က စီးပွားရေးလုပ်ရန်အခွင့်အလမ်းကောင်းသဖြင့် ဈေးအမြင့်ဆုံး။ ကျန်အထပ်များအနေဖြင့်တော့ နိမ့်လေ လူသံသူသံမကင်းပြတ်သဖြင့် စိတ်လုံခြုံမှုများလေ။ အတက်အဆင်းလွယ်ကူမြန်ဆန်ခြင်းကြောင့် အလှူခံတွေတံခါးလာခေါက်တာတော့ ခဏခဏကြုံရပေမပေါ့။ သို့သော် ဤသည်က မဆိုစလောက်သော စိတ်အနှောင့်အယှက်ဖြစ်စရာမှအပ လုံခြုံရေး ပြောပလောက်အောင်မထိခိုက်။ ငလျင်တွေဘာတွေလှုပ်လျှင်လည်း လမ်းပေါ်ဆင်းပြေးရ မြန်ဆန်သည်။ အပေါ်ဆုံးအထပ်မှာနေသူတို့အဖို့ ဆင်းပြေးရချိန်ကြာသည့်အလျောက် စိုးရိမ်စိတ်ဖိစီးချိန်လည်း တာရှည်သည်။ မပြောကောင်းပြောကောင်း မီးဘေးကြုံပြီဆိုပါစို့။ အထပ်နိမ့်အခန်းတွေက ပစ္စည်းသယ်ချချိန်နှင့် ပစ္စည်းသယ်ယူမှုခေါက်ရေ များများရခြင်း အားသာချက်ရှိသည်။ သည်လိုအကြောင်းများဖြင့် ခပ်နိမ့်နိမ့်တွေ ဈေးကောင်းနေခြင်းဖြစ်သည်။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service