ကမ္ဘာကျော် ဟာသသရုပ်ဆောင်၊ အဆိုတော်အက်ဒီမာဖီပိုင်ဆိုင်ခဲ့သောနေအိမ်ကြီးကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အမေရိကန်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းနေအိမ်ကြီးသည် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်တွင် တည်ရှိပြီး ခြံအကျယ်အ၀န်းမှာ ၁၆ ဧကပင်ရှိသည်။ခြံဝန်းအတွင်း မော်ရိုကိုဟန်ဆောက်လုပ်ထားသည့်ဧည့်ဂေဟာ၊တင်းနစ်ကွင်းများ၊ ရေကူးကန်တစ်ခု၊
မြင်းဇောင်းတစ်ခုနှင့် မြင်းစီးကွင်း ၂ ခုတို့ ပါဝင်သည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၂၀၀၀၀ ခန့် ကျယ်ဝန်းသည်။အက်ဒီမာဖီသည် ယင်းနေအိမ်ကို ၁၉၈၈ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေအိမ်ကိုအက်ဒီမာဖီက ၁၉၉၅ ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့ပြီးနောက် ယခုအခါ ယင်းနေအိမ်မှာအရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိ
လာခြင်း ဖြစ်သည်။အက်ဒီမာဖီကိုနယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် မွေးဖွားပြီးဖခင်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
အက်ဒီမာဖီသည် အမေရိကန်ပြည်ထောင်စုတွင် ပဉ္စမမြောက်ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
Comedy Central ၏ သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံးဟာသသရုပ်ဆောင် ၁၀၀ ဦးစာရင်းတွင် အက်ဒီမာဖီကိုနံပါတ် ၁၀ နေရာ၌ ဖော်ပြထားသည်။
အက်ဒီမာဖီသည် ၄၈ နာရီ၊ ဘီဗာလီဟေးလ်ရဲဇာတ်လမ်းတွဲများ၊ Trading Places နှင့် TheNuttyProfessorဇာတ်ကားတို့တွင် ရွှေကမ္ဘာလုံးဆုများရရှိခဲ့သည်။မာဖီသည် ၁၉၈၈ တွင် နစ်ကိုးလ်မစ်ချယ်နှင့် မေတ္တာသက်ဝင်ခဲ့ပြီး ၂ နှစ်ခန့် အတူနေခဲ့ပြီးနောက် ၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက်တွင် လက်ထပ်ခဲ့ကြပြီးသားသမီး ၅ ဦးထွန်းကားသည်။
၂၀၀၆ တွင် မစ်ချယ်နှင့် ကွာရှင်းပြတ်စဲကာကမ္ဘာကျော် စပိုက်ဂဲလ်အဖွဲ့မှ မီလာနီဘရောင်းနှင့် ချစ်သူများဖြစ်ခဲ့ကြသည်။
ယင်းနောက်ပိုင်းမီလာနီဘရောင်းတွင် ကိုယ်ဝန်ရှိလာပြီး အက်ဒီမာဖီနှင့်ရရှိသည့်ကိုယ်ဝန်ဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားသည်။
အက်ဒီမာဖီကမူဒတ်ခ်ျသတင်းထောက်တစ်ဦးနှင့်
တွေ့ဆုံမေးမြန်းခန်းတွင် “သွေးမစစ်ရသေးခင်၊ အဖြေမထွက်ခင်အထိတော့ ဘယ်သူ့ကလေးလဲဆိုတာ ကျွန်တော်မသိပါဘူး၊ဒါနဲ့ပတ်သက်ပြီးခင်ဗျားအနေနဲ့ ကောက်ချက်ချမစောသင့်ဘူး”ဟုဖြေကြားခဲ့သည်။
မီလာနီဘရောင်းသည် အက်ဒီမာဖီ၏ ၄၆ နှစ်မြောက်မွေးနေ့ (၂၀၀၇၊ ဧပြီ ၃) တွင် မိန်းကလေးတစ်ဦးမွေးဖွားခဲ့ပြီးအိန်ဂျယ်အိုင်းရစ် မာဖီဘရောင်းဟုအမည်ပေးခဲ့သည်။
၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်မူဒီအင်န်အေစစ်ဆေးချက်ရလဒ်များအရယင်း
ကလေးငယ်၏ဖခင်မှာအက်ဒီမာဖီဖြစ်ကြောင်း
အတည်ပြုခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)