အစိုးရအိမ်ရာအသစ်တွေရောင်းရင် အရင်လိုပုံစံမျိုး မဖြစ်စေချင်ပါ

အစိုးရအိမ်ရာအသစ်တွေရောင်းရင် အရင်လိုပုံစံမျိုး မဖြစ်စေချင်ပါ - Property News in Myanmar from iMyanmarHouse.com
21 Jun 2016 10:41 am တွင် တင်ခဲ့သည်
1691 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအိမ်ရာစီမံကိန်းတွေ ရောင်းချပေးတဲ့အခါ လိုအပ်တဲ့သူတွေလက်ထဲ ရောက်ရှိဖို့လိုပြီး တစ်ဆင့်ပြန်ရောင်းချတဲ့ ဈေးကွက်မဖြစ်အောင် ပြုလုပ်သင့်သလို ပြန်လည်ဝယ်ထားသူတွေလည်း နစ်နာမှုရှိနိုင်တယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ထားသင့်တယ်လို့ သိရပါတယ် ။

အသစ်ဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူဖို့စိတ်ဝင်စားနေကြပြီး ပြင်ပကနေ ဝယ်ယူချင်သူတွေလည်း ရှိတယ်လို့ သိရပါတယ် ။ အရင်က ရောင်းချခဲ့တဲ့ အိမ်ရာတွေမှာ ဝန်ထမ်းတွေကို ဦးစားပေးတာများပြီး တစ်ဆင့်ပြန်ရောင်းချတဲ့သူတွေလည်း ရှိခဲ့ပါတယ် ။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘အရင်အိမ်ရာတွေတုန်းကပြန်ရောင်းခွင့်မရှိဘူးဆိုပေမဲ့ ပြင်ပမှာ ပြန်ရောင်းတဲ့ ဈေးကွက်တော့များပါသေးတယ် ၊ တစ်ခုက တကယ်နေဖို့ လိုအပ်နေသူတွေကို ဘယ်လိုစိစစ်ပြီး ရောင်းချပေးမလဲဆိုတာ နီးစပ်ရာသိတာမျိုး မဟုတ်ဘဲ အားလုံးသိဖို့ လိုတယ်’လို့ပြောပါတယ် ။

အိမ်ရာဝယ်ယူခွင့်လျှောက်တဲ့အခါမှာ အရင်က နေရာလွဲမှားပြီး လျှောက်မိတာ ၊ မဲစနစ်နဲ့ရောင်းချတဲ့အခါ အမှန်တကယ်လိုအပ်နေသူတွေ မပါတာမျိုး ကြုံခဲ့ရဖူးသူတွေနဲ့ အကျိုးဆောင်တချို့က ပြောပါတယ် ။

လက်ဆင့်ကမ်းဝယ်ယူထားသူတွေအနေနဲ့လည်း ပိုင်ဆိုင်မှု မခိုင်မာတာကြောင့် ပြဿနာတစ်ခုခုဖြစ်ရင် ဆုံးရှုံးနစ်နာနိုင်တယ်လို့ လည်းသိရပါတယ်။

ဒါပေမဲ့ ဈေးကွက်ထဲမှာ ပြင်ပက မဲပေါက်ပြီး ဝယ်သူတွေသာမက အစိုးရဝန်ထမ်းမဲပေါက်သူတွေပါ တစ်ဆင့်ခံအမြတ်ယူရောင်းချတာတွေရှိပါတယ် ။
စီမံကိန်းမပြီးခင်ကတည်းက အကျိုးဆောင်ကတစ်ဆင့် တရားဝင်တစ်ဆင့်ခံ ရောင်းချတာတွေမျိုး ပြုလုပ်ခဲ့ကြတာပါ ။

စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘ဒါက တကယ်တော့ ထိန်းချုပ်ရခက်တဲ့ကိစ္စတွေပါ ၊ အမှန်တကယ်တော့ ရောင်းချခွင့်မှရှိဘူး ၊ နောက်ထပ်အိမ်ရာတွေကို ဘယ်လိုထိန်းချုပ်မလဲ စောင့်ကြည့်ရမှာပါ’ လို့ပြောပါတယ် ။

အစိုးရရောင်းချတဲ့အိမ်ရာတွေရဲ့ မြေအမျိုးအစားတွေက ပါမစ်မြေတွေဖြစ်ပြီး လွှဲပြောင်းရောင်းချခွင့်မရှိတာကြောင့် ဝယ်ယူသူတွေအနေနဲ့ ဆုံးရှုံးနိုင်တယ်လို့ သိရတယ် ။

တန်ဖိုးမျှတအိမ်ရာတွေကို လေးနှစ်အတွင်း တစ်ဆင့်ပြန်ရောင်းချရင် သက်ဆိုင်ရာဝန်ကြီးဌာနက အခန်းပြန်သိမ်းမယ့် ဥပဒေတွေ စာချုပ်ထဲမှာ ပါတာကြောင့် ဥပဒေအရ တကယ်အရေးယူရင် တစ်ဆင့်ခံ ဝယ်ယူသူတွေ ပိုထိခိုက်နိုင်တာဖြစ်တယ် ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ပထမ တစ်ခါလဲ ကြုံခဲ့ဖူးတာကြောင့် ဌာနဆိုင်ရာတွေက နမှုနာပြန်ယူပြီး အခုအသစ်တွေမှာ ဘယ်လိုမျိုးပုံစံနဲ့ စိစစ်နိုင်မလဲ ၊ ပြုလုပ်နိုင်မလဲဆိုတာ နည်းလမ်းပြုလုပ်ထားသင့်တယ်’ လို့ပြောပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service