တိုကျိုရှိဆိုနီအဆောက်အအုံကိုလာမည့် ၂၀၁၇ တွင် ဖျက်သိမ်းကာပန်းခြံအဖြစ် ယာယီပြောင်းလဲမည်

တိုကျိုရှိဆိုနီအဆောက်အအုံကိုလာမည့် ၂၀၁၇ တွင် ဖျက်သိမ်းကာပန်းခြံအဖြစ် ယာယီပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com
21 Jun 2016 10:12 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိဆိုနီအဆောက်အအုံကို လာမည့် ၂၀၁၇ တွင် ဖျက်သိမ်းကာပန်းခြံအဖြစ် ယာယီပြောင်းလဲမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် အဆောက်အအုံသစ်တစ်လုံး အစားထိုးတည်ဆောက်သွားမည်ဖြစ်ကြောင်း တိုကျိုအခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆိုနီအဆောက်အအုံသည် စတုရန်းပေ ၇၅၀၀ ကျယ်ဝန်းသော မြေပေါ်တွင်တည်ရှိပြီး သမိုင်းဝင် ၀ါကိုအဆောက်အအုံ၊ မစ်ဆုကိုရှိကုန်တိုက်များနှင့် ၁၈၀ မီတာ (၅၉၀ ပေ) ခန့်သာ ကွာဝေးသည်။

ယခု ၂၀၁၆ ခုနှစ် ပေါက်ဈေးအရ ယင်းအဆောက်အအုံ တည်ရှိရာမြေကွက်သည် စတုရန်းတစ်မီတာလျှင် ယန်းငွေ ၃၄,၇၀၀,၀၀၀ (စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၃၁၀၀၀) တန်ကြေးရှိသည်ဟုဆိုသည်။

ထို့ကြောင့် ယင်းမြေနေရာ၏ တန်ဖိုးမှာယန်းငွေ ၂၄ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၂၃၅ သန်း) ခန့် ရှိနေသည်။
ယင်းတန်ဖိုးမှာ ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၈ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၅၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ဆိုနီအဆောက်အအုံကိုဗိသုကာပညာရှင် ယိုရှီနိုဘူအရှီဟာရာ (၁၉၁၈-၂၀၀၃) က ဒီဇိုင်းရေးဆွဲကာ ၁၉၆၆ခုနှစ်တွင်ဆိုနီထုတ်ကုန်များကို ပြသမည့် ပြခန်းအဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံ၏ ပြင်ပနံရံများတွင် ကက်သုတ်ရေးအချောင်းပေါင်း ၂၃၀၀ ဖြင့် မီးရောင်စုံအလှဆင်ထားပြီးထိုခေတ်ကဂျပန်တွင် အမြန်ဆုံးဓာတ်လှေကားတပ်ဆင်ပေးထားသည်။

အဆောက်အအုံအကျယ်အ၀န်းမှာ စတုရန်းမီတာ ၈၈၀၀ (၉၄၇၀၀ စတုရန်းပေ) ရှိပြီးမြေအောက်ထပ် ၅ ထပ် ပါဝင်သည်။၂၀၀၃ ခုနှစ်အတွင်းDOCOMOMO Japan က အဆိုပါအဆောက်အအုံကိုခေတ်သစ်ဂျပန် ထိပ်တန်းအဆောက်အအုံ ၁၀၀ စာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့သည်။

ဆိုနီအဆောက်အအုံကို ၂၀၁၇ မတ်လ၃၁ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြားတွင် အများပြည်သူဆိုင်ရာယာယီပန်းခြံအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အဆောက်အအုံသစ်ဆောက်လုပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၂ တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် မျှော်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တိုကျိုရှိဆိုနီအဆောက်အအုံကိုလာမည့် ၂၀၁၇ တွင် ဖျက်သိမ်းကာပန်းခြံအဖြစ် ယာယီပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service