ချာလီချက်ပလင် - ခြုံ ကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၃)

ချာလီချက်ပလင် - ခြုံ ကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၃) - Property News in Myanmar from iMyanmarHouse.com
20 Jun 2016 11:54 am တွင် တင်ခဲ့သည်
14086 ကြိမ် ကြည့်ရှု့ပြီး
ချာလီချက်ပလင်

ချာလီချက်ပလင်သည် အသံတိတ်ခေတ်၏ အကြီးမြတ်ဆုံး သရုပ်ဆောင်တစ်ဦးဖြစ်မလာမီ ငယ်စဉ်ဘ၀မှာ ကြမ်းတမ်းလှ၏ ။ခြောက်ခြားဖွယ်ရာကောင်းလှ၏။
အဖမဲ့ကလေးငယ်တစ်ဦးအဖြစ် ကြီးပြင်းခဲ့ရသည်။ မိခင်မှာစိတ်ရောဂါကုဆေးရုံသို့ရောက်နေ၏။
အစ်ကိုဖြစ်သူနှင့် နှစ်ဦးတည်း ကြမ်းတမ်းသည့် လောကဓံလှိုင်းအတွင်း
ဖြတ်ကျော်ခဲ့ရသည်။

တိရစ္ဆာန်သာသာ ဘ၀မျိုးတွင် နေထိုင်ခဲ့ရ၏။
သူရှင်သန်ဖြတ်သန်းခဲ့ရသည့်ဘ၀မှာ မမှန်းဆနိုင်အောင်ပင် ခက်ထန်ကြမ်းတမ်းလှသည်။
သူ၏ ဘ၀ဇာတ်လမ်းမှာ ကမ္ဘာပေါ်ရှိမည်သူ၏ အဖြစ်အပျက်ထက်မဆိုစိတ်နှလုံးအထိခိုက်စေဆုံး ဘ၀ဇာတ်လမ်းပင် ဖြစ်သည်။

ချာလီချက်ပလင်၏ အမည်ရင်းမှာချာလီစပင်ဆာချက်ပလင်ဖြစ်ပြီး ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် မွေးဖွားသည်။
ချာလီချက်ပလင်မွေးဖွားမှုနှင့် စပ်လျဉ်း၍ တရားဝင်မှတ်တမ်းမှတ်ရာများ မရှိသော်လည်းအင်္ဂလန်တောင်ပိုင်း၊ ဝေါ၀ါ့သ်အရပ်၊ အရှေ့လမ်းတွင် မွေးဖွားသည်ဟုယုံကြည်ရသည်။

ချာလီချက်ပလင်မမွေးဖွားမီ ၄ နှစ်ခန့်က မိဘနှစ်ပါးလက်ထပ်ခဲ့ကြသည်ဟုဆိုသည်။
ချာလီချက်ပလင်၏ မိဘ ၂ ပါးမှာ တရားဝင်ကွာရှင်းပြတ်စဲခြင်းမရှိခဲ့သော်လည်း ၁၈၉၁ ခုနှစ်နောက်ပိုင်းအတူနေထိုင်ကြခြင်းမရှိတော့ချေ။

ထိုနှစ်အတွင်းတွင်ပင် မိခင်ဟန်နာသည် ဂီတလောကမှ လီယိုဒရိုင်းဒန်ဆိုသူနှင့် ကလေးတစ်ဦးမွေးဖွားခဲ့ပြီးယင်းကလေး ၆ လသားအရွယ်တွင် ဒရိုင်းဒန်ကစောင့်ရှောက်ခဲ့သည်။
ချက်ပလင်၏ ငယ်ဘ၀သည် ဆင်းရဲမှု၊ ခက်ထန်ကြမ်းတမ်းမှု အတိပြီးနေသည်။

သူ၏ အတ္ထုပ္ပတိကိုရေးသားခဲ့သူဒေးဗစ်ရော်ဘင်ဆန်၏ အဆိုအရ “ဆင်းရဲတဲ့ဘ၀ကနေ အောင်မြင်ကြွယ်ဝသွားသူတွေ
အကြောင်း ကမ္ဘာပေါ်မှာအများသူငါပြောနေကြတဲ့ ဘ၀ဇာတ်လမ်းတွေထဲမှာ ချက်ပလင်ရဲ့ဘ၀ဟာ ကြေကွဲဖွယ်ရာအကောင်းဆုံးပါပဲ”ဟုဆိုသည်။ချက်ပလင်သည် လန်ဒန်မြို့ရှိကန်နင်တန်ခရိုင်တွင် မိခင်၊ အကိုဖြစ်သူဆစ်ဒနီတို့နှင့်အတူဆင်းရဲချို့တဲ့စွာ ဘ၀ကို ဖြတ်သန်းခဲ့ရသည်။

မိခင်ဟန်နာမှာအခါအားလျော်စွာ အ၀တ်အစားချုပ်လုပ်ခြင်းမှလွဲ၍ ၀င်ငွေမရှိ။
ဖခင်ဖြစ်သူကလည်းချက်ပလင်တို့ကိုမထောက်ပံ့ချေ။
၎င်းတို့သားအမိတစ်စု၏ ရပ်တည်နိုင်မှုအခြေအနေမှာပိုမိုဆိုးရွားလာသောကြောင့် ချက်ပလင်၇ နှစ်သားအရွယ်တွင် မြို့အုပ်ချုပ်ရေးအဖွဲ့ကစောင့်ရှောက်ရေးဂေဟာသို့ ပို့ထားခြင်းခံရတော့သည်။

မြို့ကောင်စီကချက်ပလင်ကိုလူမှုဖူလုံရေးအကူအညီယူရသည့် ဆင်းရဲသားများကိုထားသည့် Central London District Schoolတွင် ကျောင်းတက်စေခဲ့သည်။
ယင်းနောက်ပိုင်း ၁၈ လအကြာတွင် ချက်ပလင်သည် မိခင်ဖြစ်သူနှင့် ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ခဲ့လေသည်။
၁၈၉၈ ခုနှစ်၊ ဇူလိုင်တွင် ချက်ပလင်တို့ ညီအစ်ကိုစောင့်ရှောက်ရေးဂေဟာသို့ ပြန်ရောက်ပြန်သည်။
၁၈၉၈ စက်တင်ဘာတွင် ချက်ပလင်၏ မိခင်သည် အာဟာရမပြည့်ဝမှုဒဏ်များကြောင့် စိတ်ရောဂါခံစားရကာစိတ်ရောဂါကုဆေးရုံသို့ ပို့ဆောင်ခြင်းခံရသည်။

စိတ်ဆေးရုံတွင် ၂ လ တက်နေစဉ်ကာလအတွင်းချက်ပလင်တို့ညီအစ်ကိုအားဖခင်နှင့်အတူနေထိုင်ရန် စေလွှတ်ခြင်းခံရသည်။
ချက်ပလင်တို့ ညီအစ်ကိုသည် ဖခင်ကိုမည်သူမှန်းမသိခဲ့ကြချေ။
ချက်ပလင်၏ ဖခင်မှာထိုအချိန်တွင် အရက်သမားကြီးလုံးလုံးဖြစ်နေပြီဖြစ်ကာနောက် ၂ နှစ်အကြာတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။မိခင်ဟန်နာမှာစိတ်ဆေးရုံမှ ပြန်ဆင်းလာပြီးမကြာမီ ၁၉၀၃ ခုနှစ် မေလတွင် ပြန်လည် စိတ်ဖောက်ပြန်လာပြန်သောကြောင့် စိတ်ဆေးရုံသို့ ပြန်ရောက်သွားပြန်သည်။

ထိုအချိန်တွင် ချက်ပလင်သည် ၁၄ နှစ်သားအရွယ်ရှိနေပြီဖြစ်ပြီးအစ်ကိုဆစ်ဒနီမှာရေတပ်သို့ ၀င်သွားခဲ့ရာ လန်ဒန်တွင် ဘ၀ကို တစ်ဦးတည်း ကြမ်းတမ်းစွာ ဖြတ်ကျော်ရတော့သည်။
အစားတစ်နပ်ရရန်အတွက် ခက်ခဲလှပြီးအိပ်စက်ရသည့် အချိန်များနည်းပါးလှသည်။
ချက်ပလင်၏ မိခင်သည် နောက် ၈ လအကြာတွင် စိတ်ဆေးရုံမှ ပြန်ဆင်းလာသော်လည်း ၁၉၀၅ ခုနှစ် မတ်လတွင် ပြန်လည် စိတ်ဖောက်ပြန်လာပြန်ရာယင်းအကြိမ်တွင်ကားအပြီးတိုင်စိတ်ဖောက်ပြန်သွားခြင်း ဖြစ်လေသည်။
“ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ကြဘူး။ သနားစရာကောင်းတဲ့ အမေ့ရဲ့ကံကြမ္မာပဲလို့ လက်ခံလိုက်တယ်”ဟုချာလီချက်ပလင်ကဆိုသည်။

ဟန်နာသည် စိတ်ဆေးရုံတွင် ရှိနေစဉ်အတွင်း ၁၉၂၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။
လူမှုဖူလုံရေးခံဆင်းရဲသားများကျောင်းတွင် တက်ရောက်နေစဉ်နှင့် မိခင်ဖြစ်သူစိတ်ဖောက်ပြန်နေချိန်ကာလများအကြားတွင် ချက်ပလင်သည်စင်မြင့်ပေါ်တွင် ဖျော်ဖြေမှုများစတင်ပြုလုပ်ခဲ့သည်။
“ကျွန်တော့်မှာအနုပညာကိုယ်ရည်ကိုယ်သွေးပါလာတယ်လို့ အမေကပြောတယ်”ဟုချာလီချက်ပလင်ကဆိုသည်။
အသက် ၁၃ နှစ်အရွယ်တွင် ချက်ပလင်သည် ပညာရေးကိုကျောခိုင်းလိုက်ကာအလုပ်များစွာလုပ်ကိုင်ပြီး ဘ၀ကို ရပ်တည်ခဲ့ရသည်။

အခြားအလုပ်များလုပ်ကိုင်နေသော်လည်းချက်ပလင်၏ အဓိကဘ၀ရည်မှန်းချက်မှာ သရုပ်ဆောင်တစ်ဦး ဖြစ်လာရန် ဖြစ်သည်။
အသက် ၁၄ နှစ်တွင် လန်ဒန်အနောက်ပိုင်းရှိ ပြဇာတ်အေဂျင်စီတစ်ခုသို့ ၀င်ခဲ့သည်။ယင်းအေဂျင်စီမှ မန်နေဂျာကချာလီချက်ပလင်ကိုမြေတောင်မြှောက်ပေးနိုင်လျှင် အောင်မြင်လာနိုင်သည်ဟုခန့်မှန်းကာ ပြဇာတ်တစ်ခုတင်ဆက်ခဲ့သော်လည်းအဆိုပါပြဇာတ်မှာအောင်မြင်မှု မရခဲ့ချေ။

ချာလီချက်ပလင် သရုပ်ဆောင်ခဲ့သည်များအနက် လူပြောများသည်မှာThe Great Dictatorဇာတ်ကားဖြစ်သည်။
အဆိုပါဇာတ်လမ်းမှာနာဇီအာဏာရှင် ဟစ်တလာနှင့် ဖက်ဆစ်ဝါဒကို သရော်ထားခြင်းဖြစ်သည်။
ချက်ပလင်နှင့် ဟစ်တလာအကြားတွင် ရုပ်ပိုင်းဆိုင်ရာတူညီမှုများရှိ၏။
နှစ်ဦးစလုံးမှာ ဆင်းဆင်းရဲရဲဘ၀မှ အောင်မြင်ကျော်ကြားလာသူများ
ဖြစ်သည်။
ချက်ပလင်ကဟစ်တလာထက် အသက်အားဖြင့် ၄ ရက်သာကြီး၏။
ချက်ပလင် မွေးဖွားသည်မှာ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်ဖြစ်ပြီးဟစ်တလာမှာ ၁၈၈၉ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် မွေးဖွားခြင်းဖြစ်သည်။နှုတ်ခမ်းမွှေးပုံစံမှာလည်းတူညီကြသည်။

အဆိုပါရုပ်ဆင်မှုကချာလီချက်ပလင်၏ The Great Dictatorဇာတ်ကားအတွက် ကြီးမားသည့်အထောက်အကူ ဖြစ်စေခဲ့သည်။
ယင်းဇာတ်ကားကို ဗြိတိန်ကဂျာမနီအပေါ် စစ်ကြေညာအပြီး ၆ ရက်အကြာတွင် စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ယင်းအချိန်ကာလကဟစ်တလာကိုထိုးနှက်ခြင်းမှာများစွာအန္တရာယ်များလှသည်။
သို့ရာတွင် ချက်ပလင်အဖို့ ငွေရေးကြေးရေးရပ်တည်မှု အခက်အခဲရှိရာစွန့်စားရန်သာဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
The Great Dictatorဇာတ်ကားကိုတစ်နှစ်ခန့် အချိန်ယူရိုက်ကူးခဲ့ရပြီးဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၀ ခုနှစ်၊ အောက်တိုဘာလတွင် ရုံတင်ပြသခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာကြီးက “တစ်နှစ်တာအတွင်းစိတ်ရှည်စွာစောင့်မျှော်မှု အခံရဆုံးဇာတ်ကား”ဟုရေးသားဖော်ပြခဲ့သည်။The Great Dictatorသည် ယင်းခေတ်၊ ယင်းကာလက ၀င်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်ပြီးအော်စကာဆုငါးဆုအတွက် ဇကာတင်ဇာတ်ကားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့သည့် ချာလီချက်ပလင်သည် ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်တွင် နေအိမ်တွင် အိပ်ပျော်နေစဉ် လေဖြတ်ကာကွယ်လွန်သွားခဲ့ပြီးကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီဖြစ်သည်။
ဘ၀အောင်မြင်မှုများရရှိရန်အတွက် ချာလီချက်ပလင်ပြောပြသည့် လျှို့ဝှက်ချက်မှာ “ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာဟာအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ”ဟု ဖြစ်သည်။

ချာလီချက်ပလင်၏ မှတ်သားဖွယ်ရာစကားများမှာ-
(၁) ကျွန်တော့်ဘ၀မှာ ကြေကွဲစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော့်နှုတ်ခမ်းတွေကမသိကြဘူး။ သူတို့ အမြဲပြုံးနေကြတယ်။
(၂) ဘ၀ဆိုတာ အနီးကပ်ကြည့်ရင် ကြေကွဲစရာအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး အဝေးက ကြည့်မယ်ဆိုရင်တော့ ဟာသတစ်ခုပါပဲ။
(၃) ကျွန်တော့်ရဲ့ နာကျင်မှုတွေကတခြားသူတွေအတွက် ဟာသဖြစ်ကောင်းဖြစ်နိုင်မယ် ၊ ဒါပေမယ့် ကျွန်တော့်ဟာသတွေကြောင့် တခြားသူတွေအတွက် နာကျင်မှု ဘယ်တော့မှ မဖြစ်စေရဘူး။
(၄) တခြားသူတွေကိုဒုက္ခရောက်အောင် လုပ်ချင်တဲ့ အချိန်မျိုးမှာသာအာဏာဆိုတာလိုအပ်တယ်။ အဲဒါကလွဲပြီးဘယ်လိုကိစ္စကိုမဆိုမေတ္တာတရားနဲ့
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ချာလီချက်ပလင် - ခြုံ ကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၃) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service