စင်ကာပူတွင် အစိုးရနှင့် ပုဂ္ဂလိကရောယှက်နေသည့် executive condominium (EC) များ
မှအပ ပုဂ္ဂလိကအိမ်သစ်များ၏ ရောင်းအားသည် ပြီးခဲ့သည့်ဧပြီလကထက် မေလတွင် ၄၀
ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၀၅၆ ခန်း ရောင်းချခဲ့ရကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး
အာဏာပိုင်အဖွဲ့(URA) က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသည် ၁၆၅၅ ခန်း ရောင်းချခဲ့ရသည့် ၂၀၁၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း ရောင်းအား
အများဆုံးလဖြစ်သည်ဟု JLL အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။ ပုဂ္ဂလိက
မြေယာဝယ်ရောင်းအိမ်ခြံမြေဆောက်လုပ်ရောင်းချသည့် developer များ ထိုသို့ ရောင်းချ
ရသည့် အိမ်ရောင်းအားသည် အများအားဖြင့် နှစ်စဉ် ဧပြီလနှင့် မေလတွင် အမြင့်ဆုံးဖြစ်
လေ့ရှိသည်ဟုလည်း JLL က ထုတ်ပြန်ခဲ့သည်။
အဓိကအားဖြင့် Toa Payoh နှင့် Stars of Kovan တို့ရှိ အိမ်ရာစီမံကိန်းသစ်နှစ်ခုကြောင့်
ထိုသို့ ယခုနှစ်မေလတွင် ရောင်းအားမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဈေးကွက်လေ့လာသူများ
က ပြောကြားခဲ့သည်။ ရောင်းချရသည့် ၈၉ ရာခိုင်နှုန်းသည် အိပ်ခန်း ၁ ခန်းပါ အိမ်ခန်းများနှင့်
အိပ်ခန်း ၂ ခန်းပါ အိမ်ခန်းများ ဖြစ်ပြီး ဈေးနှုန်းမှာ အိမ်ခန်း ၁ ခန်းလျှင် ဒေါ်လာ ၁ သန်းဝန်း
ကျင်များ ဖြစ်ကြောင်းလည်း JLL က ထုတ်ပြန်ခဲ့သည်။
စင်ကာပူတွင် ပြီးခဲ့သည့်လအတွင်း ပုဂ္ဂလိကအိမ်ခန်း ၁၃၄၅ ဈေးကွက်တင်ခဲ့သည်။ ယင်းပ
မာဏသည် ပြီးခဲ့သည့်ဧပြီလကထက် ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)