မန္တလေးတိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁,၄၀၀ အထိရှိလာ

မန္တလေးတိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁,၄၀၀ အထိရှိလာ - Property News in Myanmar from iMyanmarHouse.com
20 Jun 2016 10:33 am တွင် တင်ခဲ့သည်
1124 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအတွင်း ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁,၄၀၀ အထိ ရှိလာပြီး စင်ကာပူက ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကြောင်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် (မန္တလေး)ရုံးခွဲမှ သတင်းရရှိ သည်။

‘‘လက်ရှိအချိန်အထိ မန္တ လေးတိုင်းအတွင်းမှ ကန်ဒေါ်လာ သန်း၁,၄၀၀အထိ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုရှိ
လာပြီဖြစ်ပါတယ်။ အခုပြောတဲ့ ပမာဏဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပြီး လုပ်ငန်းစတင်နေတဲ့လုပ်ငန်း တွေဖြစ်ပြီးတော့ ခွင့်ပြုဖို့ စိစစ်ဆဲလုပ်ငန်းတွေတော့ မပါသေး ပါဘူး’’ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(မန္တလေး)ရုံးခွဲ မှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးကြ ပြောသည်။

မန္တလေးတိုင်းအတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ် နေသော လုပ်ငန်းပေါင်း ၃၀ ရှိပြီး စင်ကာပူက အများဆုံးအဖြစ် ရပ်တည်နေကာ ၎င်း၏ နောက် တွင် ဟောင်ကောင်၊ တရုတ်နှင့် ဂျပန်တို့က အသီးသီးရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ စာ ရင်းများတွင် ဖော်ပြထားသည်။

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံ မှုအနေဖြင့် စက်မှုကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၁၆ ခုဖြင့် အများဆုံးဖြစ်ပြီး အခြားသောကဏ္ဍများအနေဖြင့် ဟိုတယ်ခရီးကဏ္ဍ လေးခု၊ စွမ်းအင် ကဏ္ဍသုံးခု၊ လေဆိပ်ဝန်ဆောင်မှု တစ်ခု၊ လျှပ်စစ်ကဏ္ဍတစ်ခုနှင့်သတ္တုတွင်းကဏ္ဍတစ်ခုတို
့ ဖြစ် ကြောင်း သိရသည်။

‘‘လက်ရှိမှာ နောက်ထပ်ခွင့် ပြုဖို့ စိစစ်ဆဲ ရင်းနှီးမြှုပ်နှံမှုတွေ အပြင် ဂျပန်ကနေ မန္တလေးမှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စား တယ်ဆိုပြီး တင်ပြလာတဲ့အတွက် အဲဒါကိုလည်း ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်’’ဟု ဒေါ်နွယ်နီဦး က ပြောသည်။

မန္တလေးတိုင်းအတွင်း၌ မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံသို့ မှတ်ပုံတင်ထားသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၄,၄၀၀ကျော်ရှိပြီး ကုမ္ပဏီပေါင်း ၁၇၀ ခန့်ကို သက်တမ်းလွန်များအဖြစ် သတ်မှတ်ကာ မှတ်ပုံတင်ဖျက် သိမ်းခြင်းများပြုလုပ်ထား၍အဆို ပါကုမ္ပဏီများအနေဖြင့် ဆက် လက်ဆောင်ရွက်နေပါက ဒဏ်ကြေးများပေးဆောင်ပြီး သက်တမ်းတိုးမှသာ လုပ်ကိုင်ခွင့်ရှိတော့ မည်ဖြစ်ကြောင်း သိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service