ရွာမြေကို သတ်မှတ်ကျေးရွာနယ်နိမိတ်အတွင်း ပါဝင်မှသာ ၀ယ်ယူသင့်

ရွာမြေကို သတ်မှတ်ကျေးရွာနယ်နိမိတ်အတွင်း ပါဝင်မှသာ ၀ယ်ယူသင့် - Property News in Myanmar from iMyanmarHouse.com
20 Jun 2016 10:20 am တွင် တင်ခဲ့သည်
5336 ကြိမ် ကြည့်ရှု့ပြီး
ဈေးကွက်ထဲမှာ ဈေးနှုန်းသက်သာပြီး လူနေခွင့်မရှိတဲ့ လယ်မြေအမျိုးအစားမဟုတ်တဲ့ ရွာမြေကို ၀ယ်ယူနေထိုင်မှုတွေ ရှိလာကြတာကြောင့် ၀ယ်ယူသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကျေးရွာနယ်နိမိတ်အတွင်း ပါဝင်မှသာ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်။

မြေဈေးကအမြင့်ပိုင်းရောက်လာတာကြောင့် တချို့ကရွာမြေတွေကိုပါ ၀ယ်ပြီးရင်းနှီးမြုပ်နှံကာ ၀ယ်ရောင်းလုပ်ကြတာတွေရှိပါတယ်။ဝယ်ရောင်းလုပ်တဲ့သူထက် နေဖို့ဝယ်တဲ့ သူတွေအတွက် သတ်မှတ်ထားတဲ့ ကျေးရွာနယ်နိမိတ်အတွင်းမှာ မပါတဲ့ မြေကိုဝယ်မိရင် အခက်အခဲရှိနိုင်တာကြောင့် သက်ဆိုင်ရာကသတ်မှတ်ပေးထားတဲ့ ကျေးရွာနယ်နိမိတ်အတွင်းမှာရှိတဲ့ ရွာမြေကိုသာဝယ်ယူသင့်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။

အကျိုးဆောင်ဦးကျော်စွာက ရွာမြေကိုဝယ်ယူပြီး နေသူတွေများလာတယ်၊ဒဂုံအရှေ့ပိုင်းမှာဆို စစ်ပင်တောင်ဘက်မှာပါ၊ပေ ၄၀x ပေ၆၀ တစ်ကွက် ကျပ်သိန်း ၅၀ ကျော်လောက်အထိ ရှိခဲ့တာ အခုတော့ ဈေးကျနေပါပြီ ၊ရွာမြေအမည်ပေါက်တွေဆိုတော့ စိတ်ချလို့တော့ရတယ်၊၀ယ်သူတွေကရွာမြေအမည်ပေါက် တကယ်ဟုတ်ရဲ့လား မြို့နယ်မြေစာရင်းမှာကြည့်သင့်တယ်လို့ ရှင်းပြပါတယ်။

ရွာမြေမပေါက်သေးတာတွေ ရှိတာကြောင့် စုံစမ်းပြီးမှ ၀ယ်သင့်တာပါ တချို့ရွာမြေတွေက ပါမစ်ကျဖို့ လျာထားပြီးသားနေရာတွေရှိတယ်လို့ သိရပါတယ်။တချို့ဝယ်သူတွေမှာ ကျူးတွေကြုံရတာ ကျေးရွာတိုးချဲ့ လျှောက်လို့မရတာတွေရှိတယ်လို့ သိရပါတယ်။
ရွာမြေကစနစ်တကျနေရာချထားပေးတဲ့ နေရာဆိုရင် မြေပေးမိန့်နဲ့ ပုံစံ ၁၀၅၊၁၀၆ ဆွဲပြီး ဂရန်လျှောက်သလို လျှောက်လို့ရတာဖြစ်တယ်။သတ်ဆိုင်ရာက ခွင့်ပြုလို့ရတဲ့ နေရာဆိုရင် သုံးနှစ်သက်တမ်း နဲ့ ချပေးတာတွေရှိတယ်။အဓိကက ရွာမြေ၀ယ်တယ်ဆိုရင် သက်ဆိုင်ရာဌာနက သတ်မှတ်ပေးထားတဲ့ ကျေးရွာနယ်နမိတ်ထဲ ပါနေဖို့ လိုနေတယ်လို့ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က တချို့နေရာတွေမှာ ပုံစံ၁၀၅ ထုတ်ပေးပေမဲ့ မြေစာရင်းဌာနမှာ လျှောက်လို့မရတာတွေရှိတယ်လို့ ပြောပါတယ်။

ဈေးကွက်ထဲမှာတော့ အရင်ကလိုဝယ်သူမများတော့ပေမဲ့ နေဖို့အတွက် ၀ယ်သူတွေရှိတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။မြေကို ပေ၂၀xပေ ၆၀ကို ကျပ်သိန်း ၃၀ နဲ့ သိန်း ၃၀အောက်မှာရှိပြီး အိမ်ဆောက်ပြီး အိမ်ငှားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
အိမ်ငှားရမ်းခက တစ်လကို ကျပ် ၂၀၀၀၀ ၀န်းကျင်၊၂၀၀၀၀ကျော်ရတယ်လို့ ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service