ဒူဘိုင်းတွင် လူနေအိမ်ခြံမြေဈေးကွက်မှာ ရောင်းလိုအားလွန်ကဲမှု
သို့သာဦးတည်လျက်ရှိဆဲဖြစ်ကာ အငှားဈေးကွက်မှာလည်း အားပျော့လျက်ရှိကြောင်း ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒူဘိုင်းdeveloperတို့သည် လူနေအိမ်ရာသစ်များဈေးကွက်သို့ ဆက်လက်တင်ပို့မှုများ၊ အခြားပရောဂျက်အများအပြားလည်းဆက်လက်ဆောက်လုပ်လျက်ရှိဆဲအခြေအနေများကြောင့် ဒူဘိုင်းလူနေအိမ်ခြံမြေဈေးကွက်မှာလာမည့် ၂၀၁၉ ခုနှစ်အထိရောင်းလိုအားလွန်ကဲမှုဆီသို့ ဆက်လက်ဦးတည်နေမည်ဖြစ်ကြောင်းPhidar
အိမ်ခြံမြေအကြံပေးအဖွှဲ့က သုံးသပ်သည်။
ဈေးကွက်သို့ တင်ပို့ပြီးဖြစ်သောစီမံကိန်းများ၊ လာမည့် ၁၀ နှစ်အတွင်းအပြီးသတ်မည်ဟုကြေညာထားသောစီမံကိန်းများမှာအလွန်များပြားလှရာရှိရင်းစွဲရောင်းလိုအားပမာဏသို့ နေအိမ်ခန်းသစ်ပေါင်း ၁၂၀,၀၀၀ ထပ်မံရောက်ရှိလာမည် ဖြစ်သည်။
ယခုရောင်းလိုအားနယ်သို့ ထပ်မံဖြည့်တင်းမည့် အလားအလာများ၏အကျိုးကျေးဇူးများမှာလူနေအိမ်ခန်းတန်ဖိုးများလျော့ကျစေကာတန်ဖိုးမျှတသည့် ပမာဏသို့ ရောက်ရှိစေနိုင်ကြောင်း၊ လုပ်အားခများတည်ငြိမ်/လျော့ကျစေနိုင်ကြောင်း၊ အထွေထွေစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်းအချို့က
သုံးသပ်ကြသည်။
ယခုကဲ့သို့ ရောင်းလိုအားလွန်ကဲနေမှုကဒူဘိုင်းအိမ်ခြံမြေ
တန်ဖိုးများအောက်ဆုံးအထိထိုးဆင်းသွားမည့် အလားအလာများလည်းရှိနေသည်။
“ကျွန်တော်တို့ရဲ့ သုတေသနပြုလုပ်ချက်တွေကညွှန်ပြနေတာကတော့ အိမ်ခြံမြေကဏ္ဍအငှားကျဆင်းမှုဟာ မြန်ဆန်နေပြီးလာမယ့်နွေအထိဆက်ဖြစ်နေဖွယ်ရာရှိပါတယ်။ဒါကနောက်ဆုံးမှာအရောင်းဈေးနှုန်းတွေကိုဆွဲချသွားတော့မှာပါ” ဟုPhidarအကြံပေးအဖွဲ့မှ Managing Directorဂျက်ဆီဒေါင်းကပြောကြားသည်။
အငှားကျဆင်းမှုမှ အရောင်းဈေးနှုန်းကျဆင်းမှုသို့ ပြောင်းလဲသွားမည်ဖြစ်ကာလာမည့် အိဒ်ပွဲတော်ကာလအတွင်း အရောင်းအ၀ယ်လှုပ်ရှားမှုများ ကျဆင်းသွားမည်ဖြစ်ကြောင်းလည်းခန့်မှန်းထားကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)