မြို့အတွင်းရှိ အထပ်မြင့်အဆောက်အအုံများကို ပြန်လည်စစ်ဆေးရန် စီစဉ်ဆောင်ရွတ်နေခြင်း နှင့် မိုးရာသီဝင်ရောက်လာသော ကြောင့် ယခင်ထက် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ဆောက်လုပ်မှု ရပ်ဆိုင်းနေကြောင်း ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များ ထံမှသိရသည်။
မိုးရာသီကူးပြောင်းစအချိန်တွင် နှစ်စဉ်နှစ်တိုင်း ဆောက်လုပ်ရေးလုပ်ငန်းများဆောက်လုပ်မှု နည်းပါးသော်လည်း ယခုနှစ်တွင် အထပ်မြင့်အဆောက်အအုံများကို မြို့တော်စည်ပင်မှ ပြန်လည်စစ်ဆေးမည်ဖြစ်သဖြင့် ခွင့်ပြုမိန့်ကျရန် စောင့်ဆိုင်းနေခြင်းများကြောင့် လည်းလုပ်ငန်းများ ရပ်ဆိုင်းနေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးမန်နေဂျာ ဦးညိုကပြောသည်။
အခုမိုးတွင်းကာလဆိုတော့ လုပ်ငန်းတွေပါးတယ်။ဒါတိုင်းလည်းဒီအချိန်ဆိုပါးတယ်။စည်ပင်ကအထပ်မြင့်တွေစစ်မှာနဲ့ ပတ်သက်ပြီးတော့ အထပ်နိမ့်တွေဆောက်တဲ့ လုတွေအတွက်ကတော့ ပြဿနာမရှိဘူး။ဘာလို့လဲဆိုတော့ ရှစ်ထပ်နဲ့ အမြင့်ဆောက်တဲ့သူတွေ ကွန်ဒိုဆောက်မယ့်သူတွေသာ ခဏစောင့်ကြည့်နေရာတာဟု ၄င်းကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန အနေမှ ခွင့်ပြုမိန့်ကျရန် စောင့်ဆိုင်းနေတဲ့ ရှစ်ထပ်နှင့် အထပ်မြင့် စီမံကိန်းများနှင့် ကွန်ဒို တိုက်ခန်း ဆောက်လုပ်မှုများကို သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုသင့် မပြုသင့်ကို ပြန်လည်စစ်ဆေးမည်ဖြစ်သောကြောင့် အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်း အများစုမှာ ရပ်ဆိုင်းနေခြင်းဖြစ်ကြောင်း ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
အထပ်မြင့်အဆောက်အအုံ အများစုကို ပြန်လည်စစ်ဆေးရန်ရှိသကဲ့သို့ လက်ရှိတည်ဆောက်နေသော အဆောက်အအုံ အချို့မှာလည်း ရပ်ဆိုင်းရန် စာထွက်ထားခြင်းများ ရှိနေပြီး အိမ်ခြံမြေဈေးကွက် အေးနေခြင်းကလည်း ဆောက်လုပ်ရေးလုပ်ငန်းများကိုအခက်အခဲ ဖြစ်စေကြောင်းလုပ်ငန်းရှင်များက ပြောသည်။
ယခုအချိန်တွင် ရန်ကုန်မြို့အတွင်း၌ တည်ဆောက်နေသော အထပ့်မြင့်အဆောက်အအုံပေါင်းတစ်ရာကျော်ကို ခေတ္တရပ်ဆိုင်းထားရန် မေလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော့စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားထားကြောင်းသိရသည်။
လက်ရှိတွင် စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ရှိ ကိုးထပ်နှင့် ၁၀ ထပ် အဆောက်အအုံများကို စည်ပင်သာယာရေးကော်မတီက ခွင့်ပြုပေးလျက်ရှိပြီး ၁၃ ထပ်မြင့်အဆောက်အအုံများကို တိုင်းဒေသကြီးအစိုးရက စိစစ်ခွင့်ပြုပေးနေဖြစ်သည်။
Credit : Home & Services