တန်ဖိုးနည်းအိမ်ရာ ရောင်းချရာတွင် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် ပုံမှန်ငွေစုသူများကို ဦးစားပေးမည်

တန်ဖိုးနည်းအိမ်ရာ ရောင်းချရာတွင် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် ပုံမှန်ငွေစုသူများကို ဦးစားပေးမည် - Property News in Myanmar from iMyanmarHouse.com
17 Jun 2016 11:33 am တွင် တင်ခဲ့သည်
3453 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက် လုပ်မည့် တန်ဖိုးနည်းအိမ်ရာများကို ရောင်းချရာတွင်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် အိမ်ရာဝယ်ယူရန် တစ်လလျှင်
ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကြား ပုံမှန်ငွေစုသူများကို ဦးစားပေး ရောင်းချပေးသွားမည်ဟု
အဆိုပါဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။

လာမည့် နှစ်နှစ်အတွင်း ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်း ၈,၀၀၀ ကျော်
အကောင်အထည်ဖော် တည်ဆောက်သွားရန် အစီအစဉ်ဆွဲထား ပြီးဖြစ်ရာ အဆိုပါအိမ်ရာ
ဝယ်ယူရန် ကြိုတင်ငွေစုဆောင်းထားသည့် အိမ်ရာမရှိသူများကို ဦးစားပေး ရောင်းချပေးသွား
မည်ဖြစ်သည်ဟု ပြီးခဲ့သော တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အိမ်ခြံမြေ
အရောင်းပြပွဲ၏ အိမ်ရာငွေကြေး ကဏ္ဍဟောပြောပွဲတွင် ဦးဝင်းဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"လာမယ့်နှစ်နှစ်အတွင်းမှာ တန်ဖိုး သိန်း ၁၀၀ နဲ့ သူ့အောက်နည်းတဲ့ တန်ဖိုး နည်းအိမ်ရာ
အခန်းပေါင်း ၈,၀၀၀ ကျော် ကို ဆောက်လုပ်သွားဖို့ရှိတယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

အဲဒီအိမ်ရာတွေ ဆောက်လုပ်ပြီး
သွားရင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာငွေကြေးစုဆောင်းကဏ္ဍ အောက်မှာ
အိမ်ရာဝယ်ယူဖို့ ငွေကြေး ကြိုတင်စုဆောင်းထားတဲ့ အိမ်ပိုင်မရှိသူတွေကိုဦးစားပေး ရောင်းချပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးက ကျွန်တော်တို့ ကို ပြောခဲ့ပါတယ်"ဟု၎င်းက ပြောသည်။

အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ဒဂုံဆိပ်ကမ်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် တစ်ပြိုင်တည်း စတင်
တည်ဆောက်ရန်အစီအစဉ်ဆွဲပြီးဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက
ပြောကြားထားသည်။

တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူရန် ပိုက်ဆံကြိုတင်စုဆောင်းရာတွင် တစ်လလျှင် တစ်သိန်းမှ
နှစ်သိန်းကြား စုဆောင်းရမည်ဖြစ်ပြီး ယခုအချိန်ကတည်းက စတင်ကာ ဘဏ်တွင် ငွေကြေး
စတင်ကြိုစုဆောင်းထားနိုင်ပြီး "အပေါင်ခံပစ္စည်းမထားဘဲ နှစ်ရှည်ငွေချေးပေးရမှာဖြစ်လို့ ဘဏ်နဲ့ငွေချေးမယ့်သူနဲ့ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ တစ်လကို တစ်သိန်း
ကနေ နှစ်သိန်းကြား ထိပဲ ငွေကြေးစုဆောင်းရမှာဖြစ်လို့ သတ်မှတ်ထားတဲ့ အခွန်ဆောင်ရမယ့်
ပမာဏ ဖြစ်တဲ့ လေးသိန်း၊ ငါးသိန်းထက် နည်းနေလို့ အိမ်ဝယ်ရင် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်
ပါတယ်"ဟု ဦးဝင်းဇော်က ပြောသည်။

အိမ်ရာဝယ်ယူရန် ငွေကြေးကြိုတင်စုဆောင်းသူများသည် တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း
ရရှိမည် ဖြစ်ပြီး လစဉ် ငွေကြိုတင်စုဆောင်းသူများ ကို မည်သည့်နေရာတွင် အိမ်ရာဝယ်ယူ သည်ဖြစ်စေ
ခိုင်မာသောအဖွဲ့အစည်းဖြစ် ပါက ငွေကြေးချေးပေးသွားရန်လည်း ဆောင်ရွက်နေကြောင်း ဦးဝင်းဇော်က
ပြောသည်။ "လက်ရှိမှာတော့ အစိုးရက တည် ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ၀ယ်ယူမယ့်သူတွေအတွက်ပဲ ငွေကြေးချေး ပေးနေပါတယ်။ တစ်ခန်းကို တန်ဖိုး ကျပ် သိန်း ၁၁၀ ရှိတဲ့
ရွှေလင်ပန်းအိမ်ရာ ၀ယ်ယူလိုသူတွေကို ရှစ်နှစ် အရစ်ကျနဲ့ ငွေချေးပေးနေတာတွေ ရှိပါတယ်။ အခန်း
ဝယ်ယူလိုသူတွေကို အခန်းရဲ့ ၃၀ ရာခိုင် နှုန်းကို အခန်းဝယ်ချိန်မှာ အကျေပေး ခိုင်းတော့ မပေးနိုင်သူတွေ
လည်း ရှိခဲ့တာကို တွေ့ရလို့ နောက်ပိုင်းမှာ အဲဒီလို အကျေပေးခိုင်းတဲ့ကိစ္စကို ပြန်သုံးသပ်သွားမှာပါ။
လက်ရှိမှာ အစိုးရက တည်ဆောက် နေတဲ့ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူ တွေကိုပဲ ငွေချေးပေးနေပေမဲ့
နောက်ပိုင်း မှာ ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်ရင် အမှန် အကန်ပြီးမြောက်အောင် တည်ဆောက် နိုင်မယ်လို့
ယုံကြည်ထိုက်ရင် ဘယ်နေရာ မှာဖြစ်ဖြစ် တိုက်ခန်းဝယ်နိုင်အောင် ငွေချေး ပေးသွားမှာပါ"ဟု ၎င်းက
ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ခန်းလိုအပ်နေသူ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီး နိုင်ငံတော်နှင့် ပုဂ္ဂလိကဆောက်
လုပ်ရေးလုပ်ငန်းရှင် များ၏ နှစ်စဉ် တည်ဆောက်နိုင်သော ပမာဏ မှာ အခန်းပေါင်း သုံးသောင်းကျော်
ခန့်သာ ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သုတေသနစစ်တမ်းများအရ သိရသည်။ အခြေခံ
လူတန်းစားများ အိုးပိုင် အိမ်ပိုင် ဖြစ်စေရန်ရည်ရွယ်၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဆောက်
လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မတည်ရင်းနှီးငွေ ကျပ် ဘီလျံ
၁၀၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service