မနေ့ကတစ်နေ့တည်းနဲ့ ဈေးမြင့်ရောက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးက သည်နေ့မှာပဲ ဈေးပြန်ကျနေပြီး မငြိမ်ဘူးလို့ သိရပါတယ် ။
သည်ရက်ပိုင်းတွေမှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၀၀,၀၀၀ ကျော်ဈေးတက်လာတဲ့အတွက် အရောင်းသမားတွေ အကြိုက်ဈေးဖြစ်နေတာပါ ။ အနေ့က ပြည်တွင်းရွှေဈေးက ကျပ် ၈၀၂,၉၀၀ အထိဈေးမြင့်ခဲ့ရာ သည်နေ့မှာတော့ ကျပ် ၈၀၀,၀၀၀ အောက်ဆင်းလိုက် ၈၀၀,၀၀၀ ဝန်းကျင်ပြန်ဖြစ်လိုက်နဲ့ ကျပ် ၂၀၀၀ ဝန်းကျင် ဈေးအတက်အကျဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ် ။
ရွှေဈေးကျွမ်းကျင်သူတစ်ဦးက ‘ပြည်တွင်းရွှေဈေးမငြိမ်သလို ကမ္ဘာ့ရွှေဈေးကပါ ဈေးအနည်းငယ် ပြန်ဆင်းနေတာ ၊ အရောင်းသမားတွေကတော့ အကြိုက်အချိန်ပေါ့ ၊ ဈေးကွက်မှာက အချိန်ကြည့်ပြီး ဈေးကို ကစားကြရတာ ၊ ခုချိန်ရောင်းတဲ့သူတွေက ထုတ်နေကြတာ’ လို့ ဈေးကွက်အခြေအနေကို ပြောပါတယ် ။
ရွှေဈေးကွက်ထဲမှာ ဈေးကျတဲ့အချိန် ဝယ်ထားသူတွေက အခုလိုဈေးတန်းပြန်ဖြစ်လာချိန်မှာ ထုတ်ရောင်းကြတယ် ။ ဈေးတန်းမြင့်ရာကနေ ဈေးထိုးဆင်းသွားချိန်မှာ ပြန်ဝယ်ကြပြီး ဈေးကွက်ကစားကြတာလို့ သိရတယ် ။ တချို့ကတော့ ဈေးတန်းမြင့်ချိန်မှာ ထပ်မြင့်နိုင်မယ့် အချိန်အထိ စောင်နေကြတဲ့ သူတွေလည်း ရှိတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ် ။
ကမ္ဘာ့ရွှေဈေးကတော့ မနေ့ကတစ်အောင်စကို ၁၂၈၆ ဒေါ်လာနဲ့ ပိတ်သွားတာပါ ။ ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၈၀၂,၉၀၀ ကျော်နဲ့ ပိတ်သွားတာလို့ သိရပါတယ် ။
သည်နေ့မှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၀၀,၄၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၂၈၀ ရှိတယ်လို့ သိရပါတယ် ။ ငွေဈေးကတော့ ၁၁၉၁ ကျပ်ရှိပါတယ် ။
Credit: The Modern