ဆိုင်းငံ အထပ်မြင့်အဆောက်အအုံတွေ ပြန်လည်စိစစ်ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ဆိုင်းငံ အထပ်မြင့်အဆောက်အအုံတွေ ပြန်လည်စိစစ်ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
17 Jun 2016 11:04 am တွင် တင်ခဲ့သည်
1041 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အအုံတွေ ဥပဒေ စည်းမျဉ်းစည်းကမ်းမှုဘောင်အတွင်း လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ဖို့ ရှေ့ရက်သတ္တပတ်တွေအတွင်း စိစစ်ပြီးခွင့်ပြုပေးမယ်လို့ သည်နေ့ကျင်းပတဲ့ ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားပါတယ် ။

ရန်ကုန်မြို့က အထပ်မြင့် အဆောက်အအုံအလုံး ၁၄၀ ကျော်ကို မြို့ပြအင်္ဂါရပ်နဲ့ကိုက်ညီစေဖို့ အသေးစိတ်ပြန်လည်စိစစ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၂၀ ရက်နေ့က ကြေညာချက်ထုတ်ထားပါတယ် ။
အဆောက်အအုံတည်ဆောက်ခွင့်ရပ်ဆိုင်းထားတာ သည်နေ့အထိ ၂၈ ရက်ရှိပြီဖြစ်ပါတယ် ။

အဆောက်အအုံစစ်ဆေးဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ YHD စတဲ့ပြင်ပပညာရှင်တွေနဲ့ စစ်ဆေးမှာဖြစ်ပါတယ် ။

အဆောက်အအုံတွေပြန်လည်စိစစ်ဖို့ လက်ရှိကျင့်သုံးနေတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ကိုက်ညီတဲ့ မှုဝါဒရေးဆွဲစစ်ဆေးမှာဖြစ်ပါတယ် ။ စစ်ဆေးချက်နဲ့ မကိုက်ညီတဲ့ အဆောက်အအုံတွေက ပြန်လည်ပြုပြင်ရမှာဖြစ်တယ် ။ ဥပမာ အဆောက်အအုံက ၁၂ ထပ်အထိ ပြီးစီးနေတဲ့အဆောက်အအုံတွေကိုတော့ ဖြိုဖျက်တာမျိုးမလုပ်ဘူး လို့ သိရပါတယ် ။

အဆောက်အအုံ ပြန်လည်စိစစ်တာကို သည်ဇွန်လ ၁၅ ရက်က စတင်စစ်ဆေးပါတယ် ။ အဆောက်အအုံအားလုံး စစ်ဆေးပြီးပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service