ရောင်းလိုအား မလိုက်နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာ၊ ဝယ်လိုအား မလိုက်နိုင်တဲ့ အဆင့်မြင့်အိမ်ရာ

ရောင်းလိုအား မလိုက်နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာ၊ ဝယ်လိုအား မလိုက်နိုင်တဲ့ အဆင့်မြင့်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
16 Jun 2016 10:36 am တွင် တင်ခဲ့သည်
2000 ကြိမ် ကြည့်ရှု့ပြီး
ဈေးကွက်ထဲမှာ ဝယ်လိုအား မလိုက်ပေမယ့် အဆင့်မြင့်အိမ်ရာတည်ဆောက်မှုတွေက ရှိသင့်တာထက် ကျော်လွန်နေပြီး ရောင်းလိုအား မလိုက်နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကတော့ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

ဝယ်ရောင်း အကျိုးဆောင် ဦးဝင်းနိုင်က “ကွန်ဒိုတွေ၊ အဆင့်မြင့်အိမ်ရာတွေကတော့ နေရာအနှံ့ပဲ ရှိနေတာ၊ ဈေးကွက်လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ဆောက်နေကြတာ၊ တချို့တွေဆို သာမန်ရပ်ကွက်အနားမှာ မြို့တွင်းပိုင်းမှာ ဆောက်နေတာ၊ အဆင့်မြင့်အိမ်ရာကြီး ဆောက်နေလည်း ဝယ်လိုအားမှ မရှိတာ၊ ဒီလိုဆောက်ထားတဲ့ ပမာဏတွေက ဈေးကွက်လိုအပ်ချက်ထက် ၂ ဆလောက် ကျော်လွန်နေတာ” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ အဆင့်မြင့်အိမ်ရာ ဝယ်ယူနိုင်တဲ့ ပမာဏက အိမ်ထောင်စုပေါင်း ၃၀,ဝ၀ဝ ဝန်းကျင်ခန့်သာ ရှိပြီး တည်ဆောက်နေတဲ့ ပမာဏကတော့ အိမ်ရာစီမံကိန်းပေါင်း ၁၀ဝ၀ ကျော်မှာ အိမ်ရာအခန်းပေါင်း ၂၀ဝ,ဝ၀ဝ လောက်အထိ ဆောက်လုပ်နေတာကြောင့် ဝယ်လိုအား လျော့နည်းနေသေးတာ ဖြစ်ပါတယ်။ တချို့က ပြည်ပက ဝင်လာမယ့် နေထိုင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်ပြီး ဆောက်လုပ်နေကြတာပါ။

အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေအတွက် အဓိက လိုအပ်နေတာက တန်ဖိုးနည်းအိမ်ရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာက ကွန်ဒိုအကြီးတွေပဲ ဆောက်လုပ်သူများနေပြီး ဝယ်လိုအားထက် ရောင်းလိုအားက လုံလောက်တဲ့ ပမာဏထက် ကျော်လွန်နေတာလို့ ပြောပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က “ဈေးကွက်အေးနေချိန်မှာ ဈေးမြင့်တဲ့ တိုက်ခန်းတွေ ဝယ်နိုင်တဲ့လူတန်းစားက မဝယ်ဘဲ စောင့်ကြည့်နေချိန်ပါ၊ အိမ်ပိုင်မရှိတဲ့ အခြေအနေမဟုတ်ဘဲ ငွေပိုနဲ့ ဝယ်တာဆိုတော့ တော်ရုံမဝယ်ဘဲ ရပ်နေတာ”လို့ ပြောပါတယ်။

တန်ဖိုးနည်းတဲ့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် အိမ်ရာတွေ၊ တိုက်ခန်းတွေရဲ့ ဝယ်လိုအားအရေအတွက်ကတော့ အဆမတန်များပြားပြီး အဆောက်အအုံတည်ဆောက် အကောင်အထည်ဖော်နိုင်မှုက လိုက်မမီတဲ့အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ နေထိုင်တဲ့ လူဦးရေရဲ့ အိမ်ရာပိုင်ဆိုင်မှု ပမာဏက ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းလောက် ရှိပြီး လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ရာတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို အစိုးရသစ်က ရက် ၁၀ဝ စီမံချက်အတွင်းမှာ ပါဝင်သတ်မှတ်ထားပြီး အိမ်ရာလိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့ ကြိုးစားနေတာတွေလည်း ရှိပါတယ်။ ၂၀၁၅ ခုနှစ်က ရေးဆွဲထားတဲ့ စီမံကိန်းတွေအရ ၂၀၁၆ ခုနှစ်ထဲမှာ အိမ်ရာအခန်းပေါင်း ၄၀,ဝ၀ဝ လောက်အထိ ပေါ်ပေါက်လာဖို့ ရှိတယ်လို့ သိရတယ်။

ဈေးကွက်မှာ တကယ်ဝယ်နိုင်သူတွေရဲ့ တတ်နိုင်တဲ့ ပမာဏက ကျပ်သိန်း ၁၀ဝ ဝန်းကျင်၊ သိန်း ၅၀ဝ အောက်နဲ့ လူလတ်တန်းစား တစ်ဦးရဲ့ အတတ်နိုင်ဆုံး ပမာဏက သိန်း ၁၀ဝ၀ ဝန်းကျင်တန် ဆိုပေမယ့် အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေရဲ့ တန်ဖိုးက ကျပ်သိန်း ၂၀ဝ၀ နဲ့အထက်မှာ အနည်းဆုံးဖြစ်တာကြောင့် စီးပွားရေးအရ ပြန်လည်ငှားရမ်းသူတွေအတွက်ပါ တွက်ခြေမကိုက်တဲ့ အခြေအနေ ဖြစ်နေတာကို အကျိုးဆောင်တချို့ထံမှ သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service